၁၆ ကြိမ်မြောက် ဘူဆန် နိုင်ငံတကာ ရုပ်ရှင်ပြပွဲ Busan International Film Festival (BIFF) ကို ၂၀၁၁ ခုနှစ် အောက်တိုဘာလ ၆ ရက်မှ ၁၄ ရက် အတွင်း တောင်ကိုရီးယားနိုင်ငံ ဘူဆန်မြို့ရှိ Cinema Center များတွင် ကျင်းပသွားမည် ဖြစ်သည်..။
BIFF တွင် နိုင်ငံပေါင်း ၇၀ မှ ရုပ်ရှင်ကားပေါင်း ၃၀၇ ကား ပြသသွားမည်ဖြစ်သည်ဟုဆိုသည်။ ထို ပြပွဲအတွင်း The Lady ဇာတ်ကားလည်း ပါဝင်ပြသသွားမည်ဖြစ်သည်။ 'Always" ကိုရီးယားဇာတ်ကားဖြင့် ရုပ်ရှင်ပွဲတော်ကို စတင် ဖွင့်လှစ်ပြီး ‘Chronicle of My Mother,’ ဂျပန်ဇာတ်ကားဖြင့် ရုပ်ရှင်ပွဲတော် ပိတ်သိမ်းမည်ဖြစ်သည်။ နာမည်ကျော်ကြားသော ကိုရီးယား ရုပ်ရှင် အနုပညာရှင်များ ၊ဒါရိုက်တာများ တက်ရောက်ကြမည်ဖြစ်ပြီး ယခုနှစ်တွင် ပြင်သစ်ဒါရိုက်တာ ထုတ်လုပ်သူ Luc Besson, ဟောင်ကောင်ဒါရိုက်တာ Tsui Hark, မလေးရှား ရုပ်ရှင် သရုပ်ဆောင် Michelle Yeoh နှင့် ပြင်သစ် သရုပ်ဆောင် မင်းသမီး Isabelle Ann Huppert တို့ တက်ရောက်ကြမည် ဖြစ်ပါသည်။
၁၆ ကြိမ်မြောက် ဘူဆန် နိုင်ငံတကာ ရုပ်ရှင်ပြပွဲ လက်မှတ်များကို အွန်လိုင်းမှတစ်ဆင့် စက်တင်ဘာ ၂၈ ရက်နေ့မှစတင် ဝယ်ယူနိုင်ပြီဖြစ်သည်။ လက်မှတ်ဈေးနှုန်းများ မှာ ဖွင့်ပွဲနှင့် ပိတ်ပွဲ အတွက် ဝမ် ၂ သောင်း၊ ပုံမှန်နေ့စဉ်ပြသမည့် ရုပ်ရှင်အတွက် ဝမ် ၆ ထောင်နှင့် ၊ 3D ရုပ်ရှင်အတွက် ဝမ် ၈ ထောင် တို့ ဖြစ်ကြပြီး၊ သန်းခေါင်ယံ ပွဲ အတွက် ဝမ် ၁ သောင်း ဟူ၍ သတ်မှတ်ထားပါသည်။ ဖွင့်ပွဲနှင့် ပိတ်ပွဲ လက်မှတ်များကို အွန်လိုင်းမှသာ ဝယ်ယူနိုင်မည်ဟုဆိုသည်။
၂၀၁၁ ဘူဆန်နိုင်ငံတကာ ရုပ်ရှင်ပြပွဲ အကြောင်း အပြည့်အစုံ ကို www.biff.kr/structure/kor/default.asp (Korean, English) တွင် ကြည့်ရှုနိုင်ပါကြောင်း သတင်းကောင်းပါး ရေးသားလိုက်ရပါသည်။ ။
လစဉ် ဟောစာတမ်း (မတ်လ ၂၀၁၂)
2 hours ago





0 ခုလောက် ဝေဖန်ကြည့်ရအောင်:
Post a Comment