ရွှေမင်းသား မှ လှိုက်လှဲစွာ ကြိုဆိုပါတယ်...

Latest Post

Friday, February 08, 2013

ဆောလ်လား နှင့် လည်ပါတ်စရာနေရာများ

|0 ခုလောက် ဝေဖန်ကြည့်ရအောင်
ဆောလ်လား လို့ခေါ်ကြတဲ့ ကိုရီးယားနိုင်ငံရဲ့ နှစ်သစ်ကူးက Luna(ရှေးရိုးရာ) ပြက္ခဒိန် ရဲ့ ဇန်နဝါရီလ ၁ ရက်နေ့မှာ ကျရောက်ပါတယ်..Luna ပြက္ခဒိန် နဲ့ အခု လက်ရှိသုံးနေတဲ့ ပြက္ခဒိန်က မတူပါဘူး..နှစ်သစ်ကူးနေ့ ကတော့ အခု တစ်ကမ္ဘာလုံး သုံးနေတဲ့ ပြက္ခဒိန်မှာ ဖေဖော်ဝါရီ ၁၀ ရက်နေ့မှာ ကျရောက်ပါတယ်..နှစ်သစ်ကူးအတွက် ပိတ်ရက် ၃ ရက် သတ်မှတ်ထားပါတယ် .. မတိုင်မီ၊ ပွဲနေ့ နဲ့ ပြီးနောက်တစ်နေ့ တို့ ဖြစ်ပါတယ်..ဒီလိုအားလပ်ရက်မှာ အနယ်နယ်အရပ်ရပ်ကိုရောက်နေကြတဲ့ မိသားစု ဆွေမျိုးများဟာ မွေးဖွားရာ ဇာတိမြို့တွေမှာ လာရောက်ဆုံတွေ့ပြီး ပျော်ပွဲတွေ နွဲကြပါတယ်.. လည်ကြပတ်ကြပါတယ်.. ဒါကြောင့် ကျနော်တို့လည်းပဲ အားလပ်ရက် ရကြပါတယ်..အားလပ်ရက်မှာ လျှောက်လည်ချင်တဲ့သူတွေအတွက် ရည်ရွယ်ပြီး လည်ပါတ်လို့ ကောင်းတဲ့ ဆိုးလ်မြို့ ရဲ့ အနီးဝန်းကျင်က အထင်ကရနေရာလေးကို သိရှိပြီး သွားရောက်နိုင်ဖို့ လမ်းညွှန်ရေးသား လိုက်ပါတယ်..ကောင်းမွန်တဲ့ အားလပ်ရက်လေး ဖြစ်ပါစေ.. ကိုရီးယားနှစ်သစ်ကူးပိတ်ရက် (ဆောလ်လား) ဖြစ်တဲ့ ဖေဖော်ဝါရီ ၁၀ ရက် ။၂၀၁၃ ခုနှစ်မှာ ဂယောင်းဂီဒိုခရိုင် ၊ယုံအင်းက နာမည်ကြီး ကိုရီးယားရိုးရာကျေးလက် ကျေးရွာမှာ ဆောလ်လားနှစ်သစ်ကူးအထူးအစီအစဉ်တွေကို ဖေဖောဝါရီ ၂ ရက်က စတင်ပြီး တင်ဆက်ကပြ နေပါတယ်..ဆောလလားရိုးရာ ဖြစ်တဲ့ ကြီးမားတဲ့ လေတံခွန်(စွန်)လွှတ်ပွဲနဲ့ ဆန်နဲ့ ပြုလုပ်ထားတဲ့ ဆန်မုန့်တွေ ကို ဝေမျှပြီး တင်ဆက်ပြသမှာ ဖြစ်ပါတယ်…ဒါ့အပြင်ကျေးလက် ပန်းချီရေးဆွဲမှုများ သီချင်းသီဆိုမှု၊ ရိုးရာအကများနဲ့ ခောတ်ပေါ် အကတွေကိုလည်း တင်ဆက်ပြသဦးမှာဖြစ်ပါတယ်.. ကိုရီးယားကျေးလက်ရိုးရာကျေးရွာ ကို အရွယ်ရောက်သူတွေ ဝမ် ၁၅၀၀၀ ၊ဆယ်ကျော်သက်များအတွက် ၁၂၀၀၀ နဲ့ကလေးများအတွက် ၁၀၀၀၀ အဖြစ် ဝင်ကြေးသတ်မှတ် ထားပါတယ်.. ကိုရီးယား ရိုးရာဝတ်စုံ (ဟန်းဘုတ်) ဝတ်ဆင်လာတဲ့သူများအတွက် ၅၀ ရာခိုင်နှုန်း Discount ချထားပါတယ်.. သွားရောက်လည်ပါတ် လိုသူများအတွက် Korean Folk Village (한국민속촌) 경기도 용인시 기흥구 민속촌로 90 (보라동) 90, Minsokchon-ro, Giheung-gu, Yongin-si, Gyeonggi-do http://www.koreanfolk.co.kr/folk/english/index.htm လိပ်စာအတိုင်း သွားရောက်နိုင်ပါကြောင်း .. Lotte World (롯데월드) 240, Olympic-ro, Songpa-gu, Seoul 서울특별시 송파구 올림픽로 240 (잠실동) Jamsil Station (잠실역) Line 2 http://www.lotteworld.com/Global_eng/Main.asp ကိုရီးယားနှစ်သစ်ကူး (ဆောလ်လား) မှာ လည်ပါတ်စရာများထဲ က တစ်ခုဖြစ်တဲ့ Lotte World ကိုလမ်းညွှန်ချင်ပါတယ် ..နိုင်ငံခြားသားတွေအတွက် အထူး Discount ချထားပြီးတော့ လည်ပါတ်စရာတွေ ပေါတဲ့ပန်းခြံလိုနေရာဖြစ်လို့ သွားသင့်တဲ့ အရပ်ဖြစ်ပါတယ်..ထူးခြားအံ့ဖွယ်ကစားကွင်းများနဲ့ ထူးဆန်းတဲ့ ကျွန်း တွေ ရှိပြီး တစ်နေ့တာ လာရောက်တဲ့ နိုင်ငံခြားသားများ အတွက် ၄၀ ရာခိုင်နှုန်း လျှော့ဈေးချပေးထားပါတယ်..လူကြီးပိုင်းတွေကတော့ ဝမ် ၂၄၀၀၀ လူလတ်ပိုင်း(ဆယ်ကျော်သက်) များအတွက် ဝမ် ၂၂၀၀၀ နဲ့ ကလေးတွေအတွက် ဝမ် ၁၉၀၀၀ ဝင်ကြေး သတ်မှတ်ပါတယ်..လျှော့ဈေး ကာလမဟုတ်ရင် ဈေးကြီးပါတယ်. .ဖေဖော်ဝါရီ ၂ ရက်ကနေ ၁၇ ၇က်ထိ လျှော့ဈေးကာလအတွင်းမှာ သွားရောက်လည် ပါတ်ဖြစ်အောင် အကြံပေးလိုက်ပါတယ်..။ The War Memorial of Korea (전쟁기념관) 29, Itaewon-ro, Yongsan-gu, Seoul 서울특별시 용산구 이태원로 29 (용산동1가) စစ်သမိုင်းအမှတ်တရပြတိုက် လူသွားများတဲ့နောက်နေရာတစ်ခုကတော့ စစ်သမိုင်းပြတိုက်ပါပဲ…ကိုရီးယားစစ်ပွဲ အကြောင်းနဲ့ အမျိုးမျိုးသော လက်နက်ကြီး ငယ် ပြခန်းတွေကို သွားရောက်လေ့လာလိုသူများ သွားရောက်နိုင်ပါတယ်..ဝင်ကြေး အခမဲ့ ဖြစ်ပြီး တနလာင်္နေ့တိုင်းပိတ်ပါတယ်. .နေ့စဉ် မနက် ၉ နာရီကနေ ည ၆ နာရီထိ ဖွင့်ပါတယ်. ဆမ်ဂါဂျီ ရထားဘူတာ Samgakji Station (Subway Lines 4, 6), Exit 12. ကနေ လမ်းလျှောက်သွားရင် ၅ မိနစ် ပဲ ရှိပါတယ်..မြန်မာ သံရုံးနဲ့လည်းနီးပါတယ်.. ဘတ်စ်ကား စီးရင်တော့ NO. 149, 150, 151, 152, 500, 501, 504, 506, 507, 605, 750A, 750B, 751, 752 (Samgakji Station) နဲ့ ပြတိုက်ဝင်ပေါက် ရောက်တဲ့ကားကတော့ NO. 110B, 730, 421 တို့ပဲ ဖြစ်ပါတယ်.. ပိတ်ရက်လေးမို့ သွားရောက်လေ့လာသင့်ပါတယ်.. 63 CITY (한화호텔앤드리조트[서울 63빌딩]) 50, 63-ro, Yeongdeungpo-gu, Seoul 서울특별시 영등포구 63로 50 (여의도동) http://www.63.co.kr/63eng/63Main.html အမြင့် ၂၆၄ မီတာ ရှိတဲ့ ၆၃ လွှာ အဆောက်အအုံဟာ ကိုရီးယားမှာ အမြင့်ဆုံးနဲ့ အမှတ်မိဆုံး အဆောက်အဥိး ဖြစ်မှာပါ.. ဟန်မြစ်ကို ကြည့်ရှုခံစားနိုင်ပြီး ဘူဂုဆန်၊နမ်ဆန် စတဲ့တောင်တွေ ဝန်းရံ ထားတယ်ဆိုပါတယ်..ဆိုးလ် ၆၃ building လို့နာမည်ကြီးတဲ့ ဒီ အဆောက်အဦးမှာ ၆၃ ပင်လယ်ကမ္ဘာ၊၆၃ Imax ရုပ်ရှင်ရုံ၊ ကိုရီးယား အကြီးဆုံးဘူဖေး စားသောက် ဆိုင်ဖြစ်တဲ့ Buffet Pavilion နဲ့ အခြားသော စားသောက်ဆိုင်တွေ ရှိပါတယ်.. 63 Sea World ဟာ ပထမထပ် ၁၆၁၁၉ လက်မ ပါတ်လည် ၊ဒုတိယထပ် ၁၆၇၂၄ လက်မပါတ်လည်၊ တတိယထပ် (နည်းပညာခန်း)၅၅၁၅ လက်မပါတ်လည် အခန်းနဲ့ အခြားသော ကျယ်ဝန်းသော နေရာ တွေမှာ ထူးခြားများပြားလှတဲ့ ရေအောက်သတ္တာဝါ များအမျိုးပေါင်း ၂၀၀၀၀ ကို ပြခန်းတွေ ထားရှိပြီး ပြသထားပါတယ်.. ပင်လယ်ဖျံ ပြပွဲနဲ့ ပင်လယ်ရှုခင်းတွေ ကို တင်ဆက်ပြသပါသေးတယ်..ကြီးကျယ်ခမ်းနားတဲ့ ရေအောက် ထဲကို ရောက်ရှိသလိုခံစားရမှာပါ..နေ့စဉ် မနက် ၁၀ နာရီမှ ည ၁၀ နာရီထိ (၉ ခွဲမှာ ထွက်ပေးရပါတယ်.)ဖွင့်လှစ်ထားပါတယ်.. 63 Sky Deck/Art ပင်လယ်ရေမျက်နှာပြင် အမြင့် ၂၆၄ မီတာ၊ မြေမျက်နှာပြင်မှ အမြင့် ပေ ၂၄၉ မီတာမှာ ရှိတဲ့ ၆၃ sky deck ကို နှစ်စဉ်နှစ်တိုင်း ခရီးသွားများ အများအပြားလာရောက်ပြီး တိမ်တွေအပေါ်မှာ နေရတဲ့ အရသာကို ခံစားကြပါတယ်..တိမ်တွေပေါ်ကနေ ဟန်မြစ်ရဲ့ သံစဉ်တေးသွား ရေစီးသံကို ခံစားကြပါတယ်..ပညာရေးနဲ့ ယဉ်ကျေးမှု အနုပညာသင်ကြားမှုတို့အတွက် ပြပွဲတွေ ပြုလုပ်ကြပါတယ်.. နေ့စဉ် မနက် ၁၀ နာရီမှ ည ၁၀ နာရီထိ (၉ ခွဲမှာ ထွက်ပေးရပါတယ်.)ဖွင့်လှစ်ထားပါတယ်.. 63 IMAX Theater ၁၉၈၅ ဂျူလိုင်လမှာ ထိုင်ခုံပေါင်း ၅၀၄ ခုံနဲ့ ပထမဆုံး ဖွင့်လှစ်ခဲ့တဲ့ Imax ရုပ်ရှင်ရုံဖြစ်ပါတယ်.. အသံအရည်အသွေးကောင်းမွန်ပြီး နိုင်ငံတကာ စံနှုန်းနဲ့ဆောက်ထားတဲံ့ ရုပ်ရှင်ရုံ ၆ လွှာနဲ့ ပုံမှန် ဇာတ်ကား များကို ၁၀ ကြိမ်ထက်မနည်း ပြသနေပါတယ်.... နေ့စဉ် မနက် ၁၀ နာရီမှ ည ၆ ခွဲ အထိ ဖွင့်လှစ်ပြီး တနင်္လာနေ့နဲ့ လစဉ်ပထမပါတ် အင်္ဂါနဲ့ တတိယပါတ် အဂါင်္တို့မှာ ည ၉ နာရီ ၁၀ မိနစ်အထိ ဖွင့်လှစ်ပြသနေပါတယ်.. 63 Wax Museum ဖယောင်းပြခန်းလည်း ရှိပါတယ်.. သွားရောက်လည်ပါတ်ချင်သူများအတွက် Daebang station 대방역 (subway line1), Exit 6 bus no.62 ကိုစီးနိုင်ပါတယ်.. Yeoido station 여의도역 (subway line 5), Exit 5 က St. Mary’s Hospital Platform မှာ bus no.62 ကိုစီးနိုင်ပါတယ်.. Bus ကား နဲ့ သွားချင်သူများက no. 362, 261, 5633, 7611, 5534, 62, 9409 ကားများစီးပြီး 63 Building မှာ ဆင်းနိုင်ပါတယ်.. Namsan Cable Car (남산 케이블카) 83, Sopa-ro, Jung-gu, Seoul 서울특별시 중구 소파로 83 (회현동1가) နမ်ဆန် တောင်နဲ့ အသွားအပြန် ပြေးဆွဲတဲ့ မိုးပျံကား စီးချင်သူများအတွက် ၂၀၀၈ ဒီဇင်ဘာ ၆ ရက်နေ့က စပြီးပြေးဆွဲတဲ့ မိုးပျံကားက ၄၈ ယောက်ပဲစီးနိုင်ပါတယ်..ကားဟောင်းကိုမကြိုက်ကြပါဘူး ကားသစ်မှာတော့ ၄ဘက်၎တန် မှန်များကာထားပြီး စီးနင်းသူများအတွက် ကျယ်ပြန့်တဲ့ ရှုခင်းကိုခံစားစေနိုင်တဲ့အတွက် ကားအသစ်ကို ကြိုက်ကြပါတယ်..လစဉ် လူ အယောက် ၅သောင်းဝန်းကျင်ကေဘယ်ကား ကို စီးကြပါတယ်..မနက်ခင်းမှာ သွားတာအကောင်းဆုံးဖြစ်ပြီး ဆိုးလ် နဲ့ တာဝါရဲ့ နေ့နဲ့ညရဲ့ အလှကိုပါ တစ်နေကုန်ခံစားရရှိစေနိုင်ပါတယ်..အသက် ၁၃ နှစ်နဲ့ အထက်ကို အသွားအပြန် ဝမ် ၈၀၀၀ နဲ့ တစ်ကြောင်းတည်းအတွက် ဝမ် ၆၀၀၀ ယူပါတယ်..အသက် ၁၃ နှစ်အောက်ကိုတော့ အသွားအပြန် ၅၀၀၀ နဲ့ တစ်ကြောင်းတည်းအတွက် ဝမ် ၃၅၀၀ ယူပါတယ်..မြောင်ဒုန်ဘူတာ (Subway Line 4) Exit 3 ကနေ တက္ကစီစီးသွား၇င် ရပါတယ် ကေဘယ်ကားလို့ ပြောလိုက်ပါ..လမ်းလျှောက်ရင်တော့ ၁၀ မိနစ် ကြာပြီး ထွက်ပေါက် ၃ ကနေ Toegye-ro 18-gil အတိုင်း Pacific ဟိုတယ်ထိ လျှောက်ပြီး ဘယ်ဘက် Toegye-ro 20-gil ကို ဝင်ပြီး ညာဘက် ချိုးသွားတဲ့ လမ်းအဆုံးထိ လျှောက်ပါ..လမ်းဆုံးရင်တော့ ကေဘယ်ကားစီးရမယ့် လှေကားအတိုင်းသွားလိုက်ပါ.. N Seoul Tower (N 서울타워) 105, Namsangongwon-gil, Yongsan-gu, Seoul 서울특별시 용산구 남산공원길 105 (용산동2가) ၁၉၈၀ အောက်တိုဘာ၁၅ ရက်နေ့က ဖွင့်လှစ်ခဲ့တဲ့ နမ်တန်တောင်ပေါ်က နမ်ဆန်တာဝါ ဟာဆိုရင် အခုချိန်မှာ ခရီးသွားတွေကို ဆွဲဆောင်နေတဲ့ နေရာတစ်နေရာဖြစ်နေပါပြီ..၂၃၆.၇ မီတာ မြင့်တဲ့ ဒီတာဝါဟာ အမြင့်၂၄၃ မီတာမြင့်တဲ့ နမ်ဆန်တောင်ပေါ်မှာ တည်ရှိတာဖြစ်ပါတယ်..ဆိုးလ်တာဝါဟာ အာရှမှာ အကောင်းဆုံးတာဝါဖြစ်တယ်လို့ ဆိုကြပြီး ဆိုးလ်မြို့ ပါတ်ဝန်းကျင်ကို အပေါ်စီးကနေ ပါနိုရာမစ် ကြည့်နိုင်တဲ့ နေရာ တစ်ခုဖြစ်ပါတယ်..၂၀၀၅ ဒီဇင်ဘာ မှာ ဝမ် ၁၅ ဘီလီယံ အကုန်ကျခံ ပြင်ဆင်ပြီးတဲ့နောက် ဒီတာဝါကို အသစ်ဆိုတဲ့သဘောနဲ့ N Seoul Tower လို့ အမည်မှည့်တွင်ခဲ့ပါတယ်….ပြင်ဆင်ပြီးတဲ့အချိန်ကစပြီး ရောင်စုံမီးတွေနဲ့ လှပနေတဲ့ ညရှုခင်းကို ခံစားရရှိစေပါတယ်.ည ၇နာရီကနေ့ ညသန်းခေါင်ထိ ထွန်းညှိထားတဲ့ မီးရောင်ကို တွေ့မြင်ရမှာပါ..တနင်္ဂနွေကနေ ကြာသပတေးအထိ စားသောက်ဆိုင် အပါအဝင် မနက် ၁၀ နာရီကနေ ည ၁၁နာရီထိ ဖွင့်ပါတယ်.. Teddy Bear ပြတိုက် ကတော့ ည ၁၀ နာရီ အထိပါ..သောကြာနဲ့ စနေနေ့မှာတော့ မနက် ၁၀ နာရီကနေ ည ၁၂ နာရီ ဖွင့်လှစ်ထားပါတယ်.. Teddy Bear ပြတိုက် ကတော့ ည ၁၀ နာရီ အထိပါ..သွားရောက်လိုသူများအတွက် တောင်ပေါ်တက်တဲ့ ဘတ်စ်ကားတွေ ဖြစ်တဲ့ No. 02 Namsan Library/ Hanok Village/ Chungmuro Station (Exit 2, 4)/ Dongguk University Station (Exit 6)/ National Theater No. 03 Seoul Station, Seoul Square/ HoeHyeon Station/ Namsan Tunnel no. 3/ Itaewon Station (Exit 4)/ Yongsan-gu Office( ဆိုးလ်ဘူတာ ရှေ့ မှ တက္ကစီ များစီးသောနေရာ ကို လမ်းဖြတ်ကူးသွားပြီး မျက်နှာချင်းဆိုင်ရှိ အဆောက်အဦအကြီးကြီးရှေ့တွင် ကားဂိတ်ရှိပါသည်) No. 05 Namsan Library/ Namdaemun Market/ Chungmuro Station (Exit 2, 4)/ Hanok Village/ Dongguk University Station (Exit 6)/ National Theater စတာတွေကို စီးနိုင်ပါတယ်.. Everland (에버랜드) 310, Jeondae-ri, Pogok-eup, Cheoin-gu, Yongin-si, Gyeonggi-do 경기 용인시 처인구 포곡읍 전대리 310번지 http://www.everland.com/web/multi/english/everland/main.html ၁၉၇၆ ခုနှစ်မှာ ဖွင့်လှစ်ခဲ့တဲ့ Everland ဟာ ကိုရီးယားနိုင်ငံရဲ့ ပထမဆုံး မိသားစု အပန်းဖြေစခန်းတစ်ခုဖြစ်ပါတယ်..အပိုင်း ၅ ပိုင်းခွဲထားပါတယ်..American Adventure,Magic Land,European Adventure, Zoo Topia နဲ့ Roller Coasters တို့ဖြစ်ပါတယ်..အမျိုးအစား စုံလင်တဲ့ ဒီ နေရာလေးကို လူတိုင်းသွားရောက်ကြပါတယ်..နာမည်ကြီးတဲ့ Caribbean Bay (ပင်လယ်တု)၊ Speedway (ကားပြိုင်ပွဲ)၊ဂေါက်သီးရိုက်ကွင်းတွေလည်း ရှိပါသေးတယ်..တနလာင်္နေ့ ကနေ စနေနေ့အထိ မနက် ၉ နာရီ ခွဲကနေ ည၁၀ နာရီ၊တနင်္ဂနွေနဲ့ အားလပ်ရက်တွေမှာ မနက် ၉ နာရီကနေ ည ၁၀ နာရီထိ ဖွင့်ပါတယ်..အချိန်အပြောင်းအလဲ ရှိနိုင်ပါတယ်..ဝင်ကြေးက တစ်ရက်အတွက် နေ့လည်မှာ လူကြီး ဝမ် ၄၀၀၀၀ လူလတ်ပိုင်း(၁၃-၁၈) ဝမ်၃၄၀၀၀ နဲ့ ကလေးတွေ(၃၆လ-၁၂)က ဝမ် ၃၁၀၀၀ ဖြစ်ပါတယ်..ညအချိန်မှာ လူကြီး ဝမ် ၃၃၀၀၀ ၊လူလတ် ၂၈၀၀၀ နဲ့ ကလေး ၂၅၀၀၀ ပါ.. အထူးလျှော့ဈေးအနေနဲ့ နိုင်ငံခြားသားများအတွက် ကူပွန်ရယူပြီး အဲဗားလန်း အတွက် ဝမ် ၂၂၀၀၀ နဲ့ ကာရေဗီယန်ဘေး အတွက် ဝမ် ၁၅၀၀၀ ကို ဖေဖော်ဝါရီ ၈ ရက် မှ ဖေဖော်ဝါရီ ၁၂ ရက်ထိ ၅ ရက်ကာလမှာ Discount ချထားပါတယ်..ကူပွန်ရယူဖို့ အတွက် လင့် ပေးထားပါတယ်.. http://www.everland.com/web/multi/english/everland/everland_guide/news/1205813_10988.html သွားချင်သူများအတွက်.. Subway + Bus 1) Gangnam Station (Seoul Subway Line 2 or Sinbundang Line), Exit 5 or 10. Take bus 5002 to Everland. (Travel time: 50 min) 2) Gangbyeon Station (Seoul Subway Line 2), Exit 1. Take bus 5800 to Everland. (Travel time: 50 min) 3) Sadang Station (Subway Lines 2, 4), Exit 2 or 3. Take bus 1500-2 to Everland. (Travel time: 80 min). City Bus In Yongin or Suwon, take bus 66 or 66-4 to Everland. From Yongin Bus terminal. Take bus 5002 or 5800 at the bus stop in front of Hotel Cinema. ပျော်ရွှင်တဲ့ ခရီးဖြစ်ကြပါစေ...။ ။

Saturday, October 06, 2012

08216 Easy ကဒ်မှာ အလွယ်နည်းနဲ့ ဖုန်းခေါ်မယ်..

|0 ခုလောက် ဝေဖန်ကြည့်ရအောင်
အခု ကျနော် ပြောချင်တဲ့ အကြောင်းကတော့ Easy ကဒ်မှာ 08216 ကို ခေါ်ပြီး မြန်မာပြည်နံပါတ် ကို ခေါ်၊ # ကိုနှိပ်ပြီး ဖုန်းခေါ်နေရတဲ့ အသုံးပြုသူတွေ အဆင်ပြေ လွယ်ကူစေဖို့ Contact List မှာ ထည့်ပြီး အလွယ်ခေါ်နိုင်တဲ့ နည်းလေးကို စမ်းသပ်ဝေမျှ လိုက်ပါတယ်..။ အရင်က အသုံးပြုတဲ့ပုံစံ - 08216 (call) + မြန်မာပြည် ဖုန်းနံပါတ် + # အစား အခု အသုံးပြုရမှာက - 00306 မြန်မာပြည် ဖုန်းနံပါတ် (call) ဆက်တိုက် နှိပ်ပြီး ခေါ်ရုံပါပဲ.. ပုံတွေနဲ့ ပြထားပါတယ်..
အပေါ်ပုံမှာ ပြထားသလို ဖုန်းနံပါတ်ကို contact List မှာ ထည့်ထားပြီးရင်တော့ Easy ကဒ်သွင်းထားပြီးတဲ့သူများ contact list မှာ ရှိတဲ့ဖုန်းကို တစ်ခါတည်း နှိပ်ပြီး တန်းခေါ်နိုင်ပါတယ်ခင်ဗျာ..

Saturday, August 18, 2012

ဒေါ်ခင်ကြည်ဖောင်ဒေးရှင်း ဟောပြောပွဲ တိုက်ရိုက်လွှင့်မည်

|0 ခုလောက် ဝေဖန်ကြည့်ရအောင်
ဒေါ်ခင်ကြည်ဖေါင်ဒေးရှင်းနှစ်တစ်ရာပြည့် အတွက် ၁၉-၈-၂၀၁၂ တနင်္ဂနွေနေ့  စင်ကာပူ စံတော်ချိန် နေ့လည် ၂ နာရီမှ ညနေ ၇နာရီအထိ စင်ကာပူ ပိုလီ ကွန်ဗင်းရှင်းစင်တာ၊ဒိုဗာ MRT အနီး၊ ၅၀၀ ဒိုဗာလမ်း တွင် ဟောပြောမည့် အစီအစဉ်များကို လက်မှတ်ဝယ်ယူ၍ မရလိုက်သောသူများအတွက် Live တိုက်ရိုက် ထုတ်လွှင့်ပေးသွားမည်ဟု သိရပါသည်။ မြန်မာ့အနာဂတ် ၊မြန်မာ့ အိပ်မက်၊မြန်မာ့စိန်ခေါ်ချက်များကို မြန်မာ တို့ ဟောပြောမည့် ထိုရံပုံငွေမြှင့်တင်ရေးပွဲကြီးတွင် ဆရာအော်ပီကျယ်က(ဤခရီး မနီးသေးပါ) ခေါင်းစဉ် ဖြင့် လည်းကောင်း၊ဆရာ ကျော်ဝင်း မှ (အကောင်းဆုံးအနာဂတ်ကို ဦးတည်ခြင်း)ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ဆရာမောင်ဝံသ မှ (သတင်းသည် ပြည်သူအတွက်)ခေါင်းစဉ်ဖြင့် ဟောပြောဆွေးနွေးမည်ဖြစ်သည်။
စာပေဟောပြောပွဲမှရရှိလာသောငွေအားလုံးကို ဒေါ်ခင်ကြည်ဖေါင်ဒေးရှင်း သို့ အကုန်လှူကြပါမည်။ဟု ဂျစ်တူး(မုံရွာ) ဘလော့ဂ်တွင် ရေးသားဖော်ပြထားပါသည်။လက်လွတ်မခံသင့်သော ဟောပြောပွဲကို စောင့်မျှော်ကြည့်ရှုနိုင်ပါကြောင်း သတင်းပေး ရေးသားဖော်ပြလိုက်ရပါသည်။ တိုက်ရိုက်ထုတ်လွှင့်မှု Live ကြည့်ရန်... http://www.ustream.tv/channel/lotusfoundation2
Live video by Ustream

Thursday, August 02, 2012

ဟယ်အွန်ဒယ် မှ ဘီကနီ ကျူးလွန်မှုများ..

|0 ခုလောက် ဝေဖန်ကြည့်ရအောင်
တောင်ကိုရီးယားနိုင်ငံ ဘူဆန်မြို့ ဟယ်အွန်ဒယ် ပင်လယ်ကမ်းခြေတွင် ဇူလိုင် ၂၉ ရက်နေ့တွင် ဖြစ်ပွားခဲ့သော အဖြစ်အပျက်တွင် အမျိုးသမီးများ၏ ခန္ဒာကိုယ် အစိတ်အပိုင်းတစ်ချို့အား လိင်မှုဆိုင်ရာ နှောင့်ယှက်ခဲ့ ကြသောနိုင်ငံခြားသား ၂ဦးကို ဟယ်အွန်ဒယ်ကမ်းခြေရဲများမှဖမ်းဆီးခဲ့ပါသည်။ ကလေးသူငယ်နှင့် အရွယ်ရောက်သော သူများ လိင်ပိုင်းဆိုင်ရာအနှောက်အယှက် ဖြစ်စေမှု ဥပဒေဖြင့် ဘင်္ဂလားဒေ့ရှ်လူမျိုး A (အသက်၃၄နှစ်) နှင့် ဗီယက်နမ် လူမျိုး B(အသက်၃၀နှစ်) တို့အား ဖမ်းဆီးထိန်းသိမ်းထားခဲ့ပြီး စုံစမ်းစစ်ဆေးခဲ့ပါသည်။ ဘင်္ဂလားဒေ့ရှ်လူမျိုး A(34နှစ်) သည် ဇူလိုင်၂၉ ရက် နေ့လည်ပိုင်းတွင် ဟယ်အွန်ဒယ် ကမ်းခြေတွင် ရေဆော့ကစားနေသောမိန်းခလေး ၂ ယောက်ကို လိင်မှုဆိုင်ရာ အနှောက်အယှက် ကျူးလွန်နေကြောင်း ကမ်းခြေရဲများမှ တွေ့ရှိခဲ့မှုအရ ကမ်းခြေရဲများမှ ထိုသူကို သတင်းပေးတိုင်ကြားမှုအရ အဖြစ်မှန်ကို စုံစမ်းမေးမြန်းခဲ့ပြီး ဖမ်းဆီးထိန်းသိမ်း ထားသည်ဟုဆိုပါသည်။ ထိုနေ့ နေ့လည်မှာပင် ဗီယက်နမ်လူမျိုး B(30နှစ်)သည် ဘီကနီဝတ် မိန်းခလေးအနီးချဉ်းကပ်ကာ လိင်မှုဆိုင်ရာ အနှောက်အယှက် ကျူးလွန်နေကြောင်း သတင်းရရှိခဲ့ပါသည်။
ထိုနေ့တစ်နေ့တည်းမှာပင် ဘီကနီဝတ် အမျိုးသမီးများ၏ ခန္ဓာကိုယ် ကို စမတ်ဖုန်းဖြင့်မှတ်တမ်းတင် ဓာတ်ပုံ ရိုက်ကူးနေသော ရွှေမြန်မာ C(အသက် ၃၄နှစ်) ကိုလည်း ကမ်းခြေစောင့်ရဲများမှ စုံစမ်းတွေ့ရှိကာ ကမ်းခြေရဲစခန်းတွင် ခေါ်ယူထိန်းသိမ်းကာ စစ်ဆေးမေးမြန်းလျက်ရှိသည်ဟုဆိုပါသည်။ ထိုသူ၏ စမတ်ဖုန်းကို ဖွင့်၍ စစ်ဆေးရာတွင် ဘီကနီဝတ် အမျိုးသမီးများ၏ ဓာတ်ပုံများ အဆက်မပြတ် ပေါ်ထွက်လာသည်ဟု ဆိုပါသည်.. ရဲစခန်းက ကိုရွှေ မြန်မာ ကို မေးမြန်း ရာတွင် " နဲနဲ လှလို့ .. နဲနဲ ရိုက် မိတာပါ .. မသိတဲ့ အတွက် တောင်းပန်ပါတယ် .." "조금 조금 이뻐서 이뻐서 조금 조금 (찍었 어요) 잘 몰라서 미안 해요". လို့ ကိုရီးယား လို ပြော သွားခဲ့ပါတယ် .. အောက်ပါ လိပ်စာမှာ ရုပ်သံသတင်းကို ကြည့်ရှုနိုင်ပါတယ်.. ရုပ်သံသတင်း လိင်ပိုင်းဆိုင်ရာအနှောက်အယှက်ဖြစ်စေမှု နှင့် အလားတူ အကြမ်းဖက်မှုများ ကျူးလွန်ခံရပါက လိင်မှုဆိုင်ရာကျူးလွန်မှု စုံစမ်းစစ်ဆေးရေးရုံး ဟယ်အွန်ဒယ်ကမ်းခြေ (သို့) ကမ်းခြေတွင် တာဝန်ထမ်းဆောင်နေသော ကမ်းခြေစောင့်ရဲ နှင့် ကမ်းခြေစောင့်ကြည့်ရေးတာဝါ အရေးပေါ်နံပါတ် 122 ကိုခေါ်ဆိုတိုင်ကြားနိုင်ကြောင်း သတင်းထုတ်ပြန်ထားပါသည်။ ထိုကဲံသို့သော ဖြစ်ရပ်မျိုးသည် နွေရာသီ ရောက်တိုင်း ဟယ်အွန်ဒယ်ကမ်းခြေတွင် အမြဲတမ်းကြားနေရသော အဖြစ်အပျက်မျိုး ဖြစ်သည်။ ဘီကနီဝတ် အမျိုးသမီးများကို မျက်စိဖြင့်သာကြည့်စေချင်ပါသည်။ ကင်မရာများ၊ ကိုယ်ထိ လက်ရောက် ပြုမူမှုမျိုးသည် မည်သည့် အကျိုးကျေးဇူးမှ မရှိဘဲ လျော်ကြေးပေးရပါက ငွေကုန်ခြင်းနှင့် အမှုဖြစ်ပွားကာ ပြည်တော်ပြန်ရခြင်းများ ဖြစ်လာလျှင် မိဘ၊ဆွေမျိုး၊ဇနီး၊သားသမီးများ အတွက် ငွေရှာရခြင်းသည် အချီးအနှီးသာလျှင် ဖြစ်လာမည်ဖြစ်သည်။ အကယ်၍ စိတ်မထိန်းနိုင်ပါက ဟယ်အွန်ဒယ်ကမ်းခြေအနီးတွင် မှန်ခန်းများတရားဝင် ဖွင့်လှစ်ထားပါသည်။ ဝမ် ၆ သောင်းလောက်သာ ကုန်ကျမည်ဖြစ်ပါကြောင်း နှင့် နှစ်စဉ်နှစ်တိုင်း ထိုဖြစ်ရပ်မျိုးတွင် ရွှေမြန်မာများ ပါဝင်ခြင်း ကင်းဝေးပါစေကြောင်း ဆုမွန်ကောင်းတောင်းကာ အကြံပေးလိုက်ရပါသည်။

Thursday, June 07, 2012

ကျပ် ၁ သောင်းတန် ငွေစက္ကူ မြန်မာနိုင်ငံတွင် ထုတ်ဝေ

|0 ခုလောက် ဝေဖန်ကြည့်ရအောင်
မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ တစ်သောင်းကျပ်တန်ငွေစက္ကူသစ် ကို ၂၀၁၂ခုနှစ် ဇွန်လ ၁၅ ရက်တွင် စတင်ထုတ်ဝေမည်ဖြစ်ကြောင်း ယနေ့ညနေ (ဇွန်လ၇ရက်) ၆နာရီသတင်းတွင် တရားဝင်ကြေညာ လိုက်ပြီဖြစ်ပါသည်။ပြန်ကြားရေး ဝန်ကြီးဌာနမှ တစ်သောင်းကျပ်တန်ငွေစက္ကူ နှင့်ပါတ်သက်သည့် အချက်အလက်များကို ဖော်ပြထားသည်မှာ ငွေစက္ကူမှာအရွယ်အစားအားဖြင့် ၁၅x၇ စင်တီမီတာရှိပြီး ပေါ်လွင်သောအရောင်မှာ အပြာရောင်ဖြစ်သည်။ ငွေစက္ကူ၏ မျက်နှာစာဘက် ထိပ်ပိုင်းတွင် "မြန်မာနိုင်ငံတော် ဗဟိုဘဏ်" စာတမ်း ရိုက်နှိပ် ထားပြီး အလယ်ပိုင်းတွင် ပြည်ထောင်စု သမ္မတ မြန်မာ နိုင်ငံတော် မြေပုံ၊ ၎င်းကို ဝန်းရံထားသော သပြေခက် နှစ်ခက်၊ မျက်နှာချင်းဆိုင် တည်ရှိနေသည့် မြန်မာ့ အနုပညာ လက်ရာ မြောက် ဆင်ဖြူတော် နှစ်စီးနှင့် ထိပ်တွင် ကြာဖြူတစ်ပွင့် ရိုက်နှိပ် ထားပါသည်။ ငွေစက္ကူ တန်ဖိုးကို ဖော်ပြထားသည့် မြန်မာ စာတန်း "တစ်သောင်းကျပ်" ကိုလည်း ရိုက်နှိပ် ထားပါသည်။ လက်ယာ ဘက်ပိုင်းတွင် မြန်မာ့ အနုပညာ လက်ရာမြောက် ကနုတ်ပန်းခက် များကို ရိုက်နှိပ် ထားပါသည်။ ထောင့်သုံးထောင့် တွင် ငွေစက္ကူ တန်ဖိုးကို ဂဏန်း များဖြင့် ရိုက်နှိပ် ထားပါသည်။ ငွေစက္ကူ တန်ဖိုးကို မြန်မာ၊ အင်္ဂလိပ် နှစ်ဘာသာဖြင့် ရိုက်နှိပ် ထားပါသည်။ လက်ဝဲဘက်ပိုင်းတွင် ကြာဖြူ ပွင့်ပုံ ရေစာ ပါရှိ ပါသည်။ ငွေစက္ကူတွင် လုံခြုံရေး ကြိုးတစ်ချောင်းကို ဒေါင်လိုက် ထည့်သွင်းထားသည်။ ကျောဘက်ထိပ်ပိုင်းတွင် "CENTRAL BANK OF MYANMAR" စာတန်းကို ရိုက်နှိပ်ထားပြီး ၎င်းစာတန်း၏ အောက်တွင် "TEN THOUSAND KYATS" ဟူသော စာတန်း ပါရှိပါသည်။ အလယ်ပိုင်းတွင် ရတနာပုံ မန္တလေး နန်းတော်၏ မြို့ရိုးနှင့် ကျုံးပုံ နှင့် ဘေးဘောင်များတွင် မြန်မာ့ အနုပညာ လက်ရာမြောက် ကနုတ် ပန်းခက်များကို ရိုက်နှိပ် ထားပါသည်။ေ ထာင့် သုံးထောင့်တွင် ငွေစက္ကူ၏ တန်ဖိုးကို ဂဏန်းများဖြင့် ရိုက်နှိပ် ထားပါသည်။ ကိုးကား-ပြန်ကြားရေးဝန်ကြီးဌာန

Friday, March 16, 2012

ဝန်ဆောင်ခ(၈)သိန်းအပြင် ပိုမိုသွင်းရပါက တိုင်ကြားနိုင်

|0 ခုလောက် ဝေဖန်ကြည့်ရအောင်
ကိုရီးယားနိုင်ငံသို့ သွားရောက်အလုပ်လုပ်ကိုင်ကြမည့်သူများ ၀န်ဆောင်ခ(၈)သိန်းအပြင် အ ခြားစာရွက်စာတမ်းကြေးများ ပေးသွင်းရပါက တိုင်ကြားနိုင်ကြောင်း အလုပ်သမားညွှန်ကြားမှုး ဦးစီးဌာနမှ သိရ သည်။ ယင်းကဲ့သို့ တိုင်ကြားရာတွင် ဥက္ကဋ္ဌနှင့် မန်နေဂျင်းဒါရိုက်တာထံသို့ လူကိုယ်တိုင်ဖြစ်စေ (သို့မဟုတ်) ဖုန်းနှင့် ဆက်သွယ်၍ တိုင်ကြားနိုင်သည်။

“ကိုရီးယားနိုင်ငံသို့ သွားရောက်အလုပ်လုပ်ကိုင်တဲ့ သူတွေက ၀န်ဆောင်ခ(၈) သိန်းအပြင် အခြားစာရွက်စာတမ်းကြေးတွေ ပိုမိုကောက်ခံရင် ဥက္ကဋ္ဌဖြစ်စေ၊ မန်းနေးဂျင်းဒါရိုက်တာကိုဖြစ်စေ ဆက်သွယ် တိုင်ကြားနိုင်တယ်၊ သွားရောက်မယ့်လုပ်သားလောင်းတွေက အစိုးရပြည်ပအလုပ်အကိုင်အေဂျင်စီနဲ့ အလုပ်သ မား ကြားခံဝန်စာချုပ်ကို အသက်လိမ်ညာတာ၊ နိုင်ငံကူးလက်မှတ်လိမ်ညာတာ၊ ကိုရီးယားမှာ တရားမ၀င်နေခဲ့ ဘူးတာ ဒါမှမဟုတ် ပြစ်မှုကျူးလွန်ဖူးတာစတဲ့ အချက်တစ်ခုခုကြောင့် စာချုပ်ညိစွန်းခဲ့ရင် တရားဥပဒေအရ အရေးယူသွားမှာဖြစ်ပါတယ်” ဟု အလုပ်သမားညွှန်ကြားရေးမှူး ဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ ၀န်ဆောင်ခ ပိုမိုကောက်ခံမှုအပေါ် တိုင်ကြားလိုပါက ဖုန်းနံပါတ် ၀၁-၆၆၇၇၅၄ သို့ဆက်သွယ် တိုင်ကြားနိုင် ကြောင်းသိရသည်။
Ref:Teashop Talk

Sunday, February 19, 2012

ဟားဗတ်တက္ကသိုလ်ရဲ. စာကြည့်တိုက်နံရံပေါ်မှ ဆုံးမစာ

|0 ခုလောက် ဝေဖန်ကြည့်ရအောင်
ဟားဗတ်တက္ကသိုလ်ရဲ. စာကြည့်တိုက်နံရံပေါ်မှ အချက်၂၀ ဆုံးမစာကတော့… ၁) ဒီအချိန်မှာ အိပ်ငိုက်နေလျှင် မင်း အိပ်မက်မက်လိမ့်မည်။ ဒီအချိန်မှာ ကြိုးစားလျှင် မင်းအိပ်မက် အကောင်ထည်ဖော်နိုင်မည်။ ၂) ငါ လစ်လျှူခဲ့သောယနေ့သည် မနေ့က နောက်ရက်တွင် ပျက်စီးလိုသောသူ၏ဆုတောင်းခြင်းပင်။ ၃) အချိန်နှောင်းပြီဟု ထင်လိုက်သောအချိန်သည် အစောဆုံး အချိန်ပင်ဖြစ်သည်။ ၄) ယနေ့အလုပ်ကို နောက်နေ့အထိမဆွဲပါနှင့်။ ၅) စာကြိုးစားချိန် ပင်ပန်းတာဟာ တခဏပါ။ မကြိုးစားလိုက်ပါမှ တသက်တာပင်ပန်းမှာ။ ၆) သင်ယူတာဟာ အချိန်မရှိတာမဟုတ်ဘူး။ ကြိုးစားအားထုတ်မှုမရှိတာပါ။ ၇) စိတ်ချမ်းသာမှုဟာ အဆင့် သတ်မှတ်ထားတာ ရှိချင်မှရှိလိမ့်မည်။ အောင်မြင်မှုမှာတော့ရှိတယ်။ ၈) သင်ယူတာဟာ လူ့ဘ၀ရဲ.အားလုံးမဟုတ်ပါ။ လူ့ဘ၀ရဲ. တစ်စိတ်တစ်ပိုင်းလေးကိုတောင်မှ မအောင်မြင်နိုင်ဘူး ဆိုရင် ဘာလုပ်နိုင်ဦးမှာလဲ။ ၉) မရှောင်ဖယ်နိုင်တဲ့ ပင်ပန်းဆင်းရဲမှုများကို ခံစားပါ။ ၁၀) သူများထက်ပိုစော၊ ပို ကြိုးစားနိုင်မှ အောင်မြင်မှုအရသာကို ခံစားရမှာ။ ၁၁) ဘယ်သူမှ လွယ်လွယ်ကူကူနဲ့မအောင်မြင်နိုင်ဘူး၊ ဒါဟာ ကိုယ့်ရဲ. ပြည့်စုံသော ပင်ကိုယ်ထိန်းနိုင်စွမ်းအားနှင့် မလျှော့သော ဇွဲ လုံ့လတို့မှ ရရှိလာတာ။ ၁၂) အချိန်ဟာအမြဲတမ်းကုန်ဆုံးနေတယ်။ ၁၃) ဒီနေ့ယိုသောသားရည်သည်နောက်နေ့၏မျက်ရည်ဖြစ်လိမ့်မည်။ ၁၄) ခွေးလိုသင် လူကြီးလူကောင်းလို ကစားပါ။ ၁၅) ဒီနေ့ မသွားလျှင် နောက်နေ့ပြေးရလိမ့်မည်။ ၁၆) အနာဂတ်ကို ရင်နှီးမြုပ်နံနေတဲ့သူဟာယခုလက်တွေ့ကိုသစ္စာရှိသူပါ။ ၁၇) ပညာရည်အဆင့်အတန်းဟာ ၀င်ငွေ အဆင့်အတန်း ကို ကိုယ်စားပြုတယ်။ ၁၈) တနေ့တာကုန်ဆုံးသွားလျှင် ပြန်မလာတော့ပါ။ ၁၉) အခုတောင်မှ သင်၏ပြိုင်ဖက်သည် စာရွက်ကို အဆက်မပျက်လှန်နေပြီ။ ၂၀) အကျပ်အတည်းအခက်အခဲမရှိလျှင် အကျိုးအမြတ်မရနိုင်ပါ။ှSorce: Facebook

Sunday, February 12, 2012

အဖေ့ရဲ့ (၉၇)နှစ်မြောက်မွေးနေ့

|0 ခုလောက် ဝေဖန်ကြည့်ရအောင်
ဖေဖော်ဝါရီ တစ်ဆယ့်သုံးမှာ ဗိုလ်ချုပ်မွေးနေ့ပါ.. တစ်ထောင့်ကိုးရာ တစ်ဆယ့်ငါး ရှေ့နေဦးဖာ သား.. ဇာတိနတ်မောက် မကွေးခရိုင် သိကြများခုတိုင် ကြံ့ကြံ့ခိုင်တဲ့ ဇာနည်ဘွား မိခင် ဒေါ်စုသား… တစ်ထောင့်ကိုးရာလေးဆယ့်ခွန် ပြောင်းကြွတမလွန်.. မျက်ရည်သွန်လို့ ဘ၀င်ညှိုး ဇူလိုင် တစ်ဆယ့်ကိုး.. ပြည်ထောင်စုရဲ့ ကျေးဇူးရှင် ဗိုလ်ချုပ် ဒို့ဖခင် ကောင်းစေချင်တဲ့ အမှာစကား ငါတို့မမေ့အား ဆိုရှယ်လစ်ဘောင် လမ်းစဉ်များ ဗိုလ်ချုပ်ချမှတ်သွား…။ ငယ်ငယ်တုန်းက ရွတ်ဆိုခဲ့ရတဲ့ကဗျာလေးဟာ..အာဏာရှုးတွေကြောင့်ဖျောက်ဖျက်ခံခဲ့ရတယ်.. အဖေ့ရဲ့ ခန့်ငြားတဲ့ရုပ်ရည်နေရာမှာ..ဘာမဟုတ်တဲ့ ငရဲရောက်မယ့်သူက နေရာယူခဲ့တယ်.. အဖေသင်ပေးခဲ့တဲ့ စစ်ပညာဟာ..လူသတ်လက်နက် ဖြစ်သွားခဲ့တယ်.. အဖေ နင်းလျှောက်ခဲ့တဲ့ ခက်ခဲတဲ့လမ်းတွေပေါ် သူတို့တွေ သက်တောင့်သက်သာလျှောက်ခဲ့ကြတယ်.. နှစ် ၂၀ လောက် အဖေ့ကို မေ့အောင်လုပ်ခဲ့ကြတယ်.. အဖေ ပေးဆပ်ခဲ့သလောက် သူတို့တွေ မပေးဆပ်ခဲ့ကြဘူး.. ဒါပေမယ့် ကျနော်သိတာတစ်ခုက အဖေဟာ ဒီလူတွေအပေါ်မှာ ခွင့်လွှတ်နေမှာပါ..။ အဖေ့မွေးနေ့မှာ အဖေပျော်နေမှာပါ...ဒါပေမယ့် လူယူတ်မာတွေ အဖေ့ကို လုပ်ကြံခဲ့ကြတယ်.. အဖေမရှိတော့တဲ့ မွေးနေ့တွေမှာ အဖေ့သားသမီးတွေက မွေးနေ့ပွဲတွေ ကျင်းပပေးနေဆဲပါ....။ ။

Monday, February 06, 2012

ကိုရီးယားဝမ်သိန်း နှစ်ထောင်ကျော် ယူငင်ထွက်ပြေး

|0 ခုလောက် ဝေဖန်ကြည့်ရအောင်
တောင်ကိုရီးယားနိုင်ငံတွင်မြန်မာပြည်သို.ငွေလွှဲလုပ်ငန်းလုပ်ကိုင်နေသော နိုင်သားလေး(ဖုန်း ၀၁၀၈၄၈၈၄၇၇၀ ဂျီမေးအကောင့် montharlay@gmail.com ဆိုသူသည် မြန်မာပြည်သို.ငွေလွှဲရန်မြန်မာအလုပ်သမားများအပ်နှံထားသော ကိုရီးယားဝမ်သိန်းပေါင်း နှစ်ထောင်ကျော်ယူငင်ပြီးထွက်ပြေးတိမ်းရှောင်သွားပါသည် ၄င်းကိုင်ဆောင်သောဖုန်းနှင်. ဂျီမေးအကောင်.ကိုလည်းလုံးဝပိတ်ထားလိုက်ပါသည်ဟု သစ်ထူးလွင် မှ သတင်းရရှိပါသည်။

Online ပေါ်တွင် ကြော်ငြာများကို ကလစ်နှိပ်၍ ငွေ ရှာ ရန်အတွက် ပုံတွင် ကလစ်နှိပ်၍ မင်ဘာဝင်နိုင်ပါပြီ..

*******************************************************

*******************************************************

*******************************************************

468x60 *******************************************************

*******************************************************

*******************************************************

*******************************************************

*******************************************************

-------------------------------------------------------