ရွှေမင်းသား မှ လှိုက်လှဲစွာ ကြိုဆိုပါတယ်...

Wednesday, May 14, 2008

မလာပါနဲ့တော့ နာဂစ် ရယ်...

Photobucket

Photobucket
နာဂစ် ရယ်...
မင်းလာမယ် ဆိုတာ ..ငါတို့ သိခဲ့လည်း...
အရာရာ နောက်ကျခဲ့ပြီ......။

အေးချမ်းသာယာ ပြီး ဖွံ့ဖြိုးနေပြီဆိုတဲ့
ငါတို့နိုင်ငံ ဒီဒေသကိုမှ ဘယ် အငြှိုးနဲ့များ
ရက်စက်ခဲ့ပါလိမ့်......နာဂစ်ရယ်.......။

အိုးမဲ့ ၊ အိမ်မဲ့ ၊ မိကွဲ ၊ ဖကွဲ အကျိုးနည်းအောင်
ငါတို့ ပြည်သူ၊ ပြည်သားတွေကို နာကျင်စေခဲ့ ပြီ....
လူပေါင်းများစွာ ရဲ့ အသက် ၀ိညာဉ် တွေကိုလည်း
ဇီဝိန် ချွေခဲ့ပြီ.........။

" အဖေရေ...........အမေရေ........." ဆိုတဲ့
အပြစ်ကင်းစင်ပြီး ချစ်စရာကောင်းတဲ့
ကလေးလေး တစ်ယောက်ရဲ့ ငိုကြွေးနေသံကို
ငါကြားမိတိုင်း......လူ့လောက မှာ တစ်ယောက်တည်း
ဘယ်လိုဆက်ပြီး အသက်ဆက်ရှင်သန်ရမလဲ နာဂစ်ရယ်...
" တောက် " ဒါတွေကို မင်းမျက်ကွယ် ပြုခဲ့တယ်....။

ငါတို့ ရဲ့ လယ် ၊ ငါတို့ ရဲ့ ယာ ၊ ချွေးနည်းစာနဲ့ ဆောက်ခဲ့တဲ့
ဒီ အိမ် တွေကိုမှ ၀င်မွှေရက်တယ်...... အခုတော့...
ကောင်းကင်ကြီးကို အမိုး လုပ်ပြီး
လေထုကြီးနဲ့ ကာရံထားတဲ့ လေဟာနယ် အိမ်ကြီးထဲမှာ
အဟာရ ဖြစ်စေမယ့် တစ်နပ်စာ ကို မျှော်လင့်ရင်း
မသန့်ရှင်းတဲ့ ရေပြင်အလယ်မှာ ထိုင်နေရင်း ရေငတ်နေခဲ့ရပြီ..
ငါတို့ စိုက်ပျိုးခဲ့တဲ့ ဒီလယ်ကွင်းတွေ ထဲမှာ
ခုတော့.....အလောင်းတွေနဲ့ပေါ့......။

ငါတို့ ခြေချခဲ့တဲ့ ဒီမြေကြီးပေါ်မှာ
အရာရာ ပျံ့ကြဲလို့ ...ကုန်းကောက်စရာဆိုလို့
ငါတို့ရဲ့ ခြေရာ တစ်ခုတစ်လေ တောင်မှ မရှိတော့လို့
ငါတို့ ငို ကြွေးနေလည်း မျက်ရည်တွေ ခန်းခြောက်ကုန်ပြီ..
ကမ္ဘာအရပ်ရပ် က စေတနာရှင်တွေရဲ့ သဒ္ဒါ တရားကြောင့်
ငါတို့ အသက်တွေ ဆက်ရဦးမယ်.....။

မင်းရဲ့နောက်က ကပ်ပါလာတဲ့ " ကုန်ဈေးနှုန်းကြီး " ကိုလည်း
ငါကြောက်နေမိတယ်......စာနာငဲ့ညှာ မှုမရှိတဲ့ လူတစ်ချို့ကြောင့်
ချိုးရေ ကိုတောင်မှ ၀ယ်ချိုး ခဲ့ရတယ် .....
လိုင်းကားတိုးစီးတော့လည်း ဟိုနား ၊ ဒီနား " ၅၀၀ " တဲ့.....
ဘယ်မှမသွားဘဲ ထိုင်နေချင်လည်း " သမုဒ္ဒရာ ၀မ်းတစ်ထွာ" အတွက်
ရုန်းကန်ရဦးမယ်.....
(ရေမလာ လျှပ်စစ် မီးပျက်တော့.....ချဉ်စော်နံ ထမင်းငတ်တော့တာပေါ့..)

ကိုယ်ချင်းစာ နားလည်ပေးသူတွေကို ကျေးဇူးတင်မိပါရဲ့.....
ယောင်လို့တောင် လှည့်မကြည့်ဘဲ အတ္တကြီးသူတွေကို မုဒိတာ ပွားမိပါရဲ့.....
ကုန်ဈေးနှုန်းကြီး ခေါင်ခိုက်အောင် မြင့်သွားလည်း မေတ္တာထားမိပါရဲ့........
" ဘ၀ဆက်တိုင်း.... ၊ ဘ၀ဆက်တိုင်း ......ဒီလို အဖြစ်ဆိုးမျိုး မကြုံပါရစေနဲ့ "
လို့ အခါခါဆုတောင်းမိပါရဲ့..........။

" ရေ ၊ မီး ၊ မင်း ၊ ခိုးသူ ၊ မချစ်မနှစ်သက်သောသူ " ဆိုတဲ့......
ရန်သူမျိုး ငါးပါးထဲမှာ နာဂစ် ရယ်....
မင်းနဲ့ အပေါင်းအပါ ဆိုင်ကလုန်း တွေကို ရင်နာနာနဲ့ ထပ်ပြီး
ပေါင်းထည့်ချင်မိတယ်...............။ ။


မုန်တိုင်းဒဏ်ခံ ပြည်သူများ၏ ကိုယ်စား ရေးဖွဲ့ သီကုံး ပါသည်...။
စာနာကြပါ...ကူညီကြပါ......ငဲ့ညှာ သနားကြပါ..... (ရွှေမင်းသား)

Photobucket

Photobucket

Photobucket

Photobucket

Photobucket

0 ခုလောက် ဝေဖန်ကြည့်ရအောင်:

Post a Comment

Online ပေါ်တွင် ကြော်ငြာများကို ကလစ်နှိပ်၍ ငွေ ရှာ ရန်အတွက် ပုံတွင် ကလစ်နှိပ်၍ မင်ဘာဝင်နိုင်ပါပြီ..

*******************************************************

*******************************************************

*******************************************************

468x60 *******************************************************

*******************************************************

*******************************************************

*******************************************************

*******************************************************

-------------------------------------------------------