ရွှေမင်းသား မှ လှိုက်လှဲစွာ ကြိုဆိုပါတယ်...

Monday, October 10, 2011

ဘူဆန် ရုပ်ရှင်ပြပွဲ ၂၀၁၁ ၏ စိတ်ဝင် စားစရာ အချက်အလက်များ

၁၆ ကြိမ်မြောက် ဘူဆန် နိုင်ငံတကာ ရုပ်ရှင်ပြပွဲ ၂၀၁၁ ကို အောက်တိုဘာလ ၆ ရက်နေ့ ည ၇ နာရီတွင် စတင် ကျင်းပခဲ့ ပါသည်။တကယ့်တကယ်တမ်း ရုပ်ရှင် စတားတို့၏ ဝတ်စားဆင်ယင်မှု ၊အနုပညာရှင်တို့ ပွဲတက်လာ မှုတို့သည်သာ အထင်ပေါ် ဆုံး ဖြစ်ခဲ့ရသည်။ အနီရောင် ကော်ဇောပြင်သည် အနုပညာရှင်တို့ အား စိတ်လှုပ်ရှား မှုများစွာ ဖြစ်ပေါ်စေခဲ့သည်။ အမျိုးသား အနုပညာရှင်တို့၏ စတိုင်၊စမတ်ကျနမှု၊ အမျိုးသမီး အနုပညာရှင်တို့၏ ဝတ်စားဆင်ယင်မှု ဖက်ရှင်တို့ သည် ပရိသတ်ကို အထူး စွဲဆောင် ခဲ့သည်။ ဘူဆန် ရုပ်ရှင်ပြပွဲ ၂၀၁၁ ၏ စိတ်ဝင် စားစရာ အချက်အလက်များကို ကြည့်ကြပါစို့.။
ဘူဆန်၏ အောက်တိုဘာည။
ဆောင်းဦးရာသီ၏ လတ်ဆတ်သော လေစိမ်းများသည် ပြင်းထန်စွာဖြင့် တိုက် ခတ်နေခဲ့သည်။အမျိုးသမီး အနုပညာရှင် ရုပ်ရှင် သရုပ်ဆောင်များသည် သူတို့ ကြိုးကြိုးစားစား ပြုပြင် ခဲ့သော ဆံပင်မှ အစ အဝတ်အစား များကို ပုံပျက်စေသော လေ ၏ ပွတ်သပ် ဆော့ကစားမှုကြောင့် အတော်ပင် အလုပ် ရှုပ်ခဲ့ကြပါသည်။

လီယွန်ဂျီ (Lee Yoon Ji) သည်သူမ၏ ထူးခြားသော အနက်ရောင်ဂါဝန်ရှည် ကြောင့် ကသိကအောက်ဖြစ်ခဲ့ရပါသည်။လေ သည် သူမဂါဝန်၏ အနားစ မှ တိုက်ခတ်နေရာ အနီရောင်ကော်ဇော်ပေါ်တွင် သူမအပြုံးများဝေနေခဲ့သော်လည်း သူမ၏ လက်မှာ အလုပ်ရှုပ်လျက်ရှိသကဲ့သို့ ဂါဝန်မှာလည်း တလူလူလွင့်ပျံလျက်ရှိနေခဲ့ပါသည်။

ပါတ်ရှီယွန်း Park Shi Yeon သည်သူမ၏ ခြေထောက်ကိုဖုံးလွှမ်းသော ဇာဂါဝန်ကိုဝတ်ဆင်ကာအနီရောင် ကော်ဇောပြင်ကို ယုံကြည်မှုအပြည့်ဖြင့် ဖြတ်လျှောက်ပြခဲ့ပါသည်။လေအဝှေ့တွင် ဇာဂါဝန်အပါးသည် မည်မျှပင် လှုပ်ခတ်စေကာမူ ရဲရဲတင်းတင်း ပင် ဖြတ်လျှောက်ပြခဲ့သည်။

တရုတ်ရုပ်ရှင်မင်းသမီး ဖန်ဘင်းဘင်း Fan Bingbing သည် ထိုညအတွက် အမှန်အကန်အောင်နိုင်သူဖြစ်ခဲ့ သည်.သူမ သည် ဝတ်စုံ ၂ စုံဖြင့် ပေါ်ထွက်လာခဲ့သည်။ My Way ဆိုသော ဇာတ်ကားနှင့် Poppy Flower ဇတ်ကား များဖြင့်ဖြစ် သည်။သူမ၏ လျှင်မြန်သော လှုပ်ရှားမှုအဖြစ် ဓာတ်ပုံတစ်ပုံ အရိုက်ခံအပြီး စက္ကန့် ပိုင်း အတွင်း အခြားသော ဝတ်စုံကို ပြောင်းလဲ ဝတ်ဆင်လိုက်သည်။သူမ၏ နားဆွဲ၊ပိုက်ဆံအိတ်နှင့် အခြားသော အရာများ ကိုလည်း ပြောင်းလဲ ဝတ်ဆင်လိုက်သည်။ထို မျက်လှည့်ဆန်သော အပြုအမူကို ၁၀ မိနစ်အတွင်း ထူးခြား ပြောင်မြောက်စွာလုပ်ဆောင်နိုင်မှုသည် သူမ၏ ကြိုတင်ပြင်ဆင်မှု နှင့် ပြီးပြည့်စုံသော တန်ဖိုးရှိသော ပြောင်းလဲမှု ဖြစ်သည်။သို့သော် သူမ၏ ဒုတိယဝတ်စုံသည် သူမကို ပြဿနာ ဖြစ်စေခဲ့ပါသည်။My Way ဇာတ်ကားအတွက် ဓာတ်ပုံ အရိုက်ခံရန်အတွက် လာစဉ်တွင် ဒါရိုက်တာ ဂန်ဂျယ်ကျူး သည် သူမ၏နောက်မှ ထပ်ချပ်မကွာ လိုက်လာလျက်ရှိသည်။ အမှတ်တမဲ့ဖြင့်သူမ၏ ပန်းရောင်ဂါဝန်ကို နင်းမိလျက်သားရှိပြီး သူမ တုံ့ဆိုင်းသွားသည်။သူမနောက်ပြန်ဆုတ်ပြီး ချက်ချင်းပင် ရယ်ပွဲဖွဲ့ နိုင်ခဲ့သည်။
ဆက်ရန် ရှိသေးသည်...

0 ခုလောက် ဝေဖန်ကြည့်ရအောင်:

Post a Comment

Online ပေါ်တွင် ကြော်ငြာများကို ကလစ်နှိပ်၍ ငွေ ရှာ ရန်အတွက် ပုံတွင် ကလစ်နှိပ်၍ မင်ဘာဝင်နိုင်ပါပြီ..

*******************************************************

*******************************************************

*******************************************************

468x60 *******************************************************

*******************************************************

*******************************************************

*******************************************************

*******************************************************

-------------------------------------------------------