ရွှေမင်းသား မှ လှိုက်လှဲစွာ ကြိုဆိုပါတယ်...

Friday, October 01, 2010

EPS-KLT ဘယ်လိုလဲ...ဘယ်တော့လဲ....?

ကိုရီးယားနိုင်ငံသို့ မြန်မာအလုပ်သမားများစေလွှတ်ရေးကိစ္စအတွက်
မြန်မာအစိုးရနှင့် ကိုရီးယားအစိုးရ
ချုပ်ထားတဲ့ သဘောတူစာချုပ် (Memorandum of Understanding:MOU) ရဲ့
သက်တမ်းဟာ ၂ နှစ်ဖြစ်
ပါတယ် ။ အဲဒီပထမ စာချုပ်ဟာ ၂နှစ်ပြည့်ခဲ့ပြီးပါပြီ။ ဒီတော့ နောက်ထပ်
အလုပ်သမားအသစ်တွေ ထပ်ပို့
ဖို့ စာချုပ် အသစ်ထပ်ချုပ်ရပါ့မယ် ။ အဲဒါ အခုစာချုပ်
မချုပ်နိုင်ကြသေးဘူးလို့ သိရပါတယ် ။
-고용허가재 ( E P S) စာချုပ်ပြန်ချုပ်ဖို့ အတွက် ယခု နှစ်နိုင်ငံ တွေရဲ့
Labour ကြားမှာ ဖြစ်နေတဲ့
ပြဿနာ အားလုံးပြီးစီးမှသာ ဆက်လက် လုပ်ဆောင်ရန်ရှိတယ်လို့
သိထားတယ်။အဲ့ဒီအတွက် ကိုရီးယား
အလုပ်သမား ၀န်ကြီးဌာနမှ ရွှေအင်အား ကုမ္မဏီကို တရားစွဲထားခဲ့ပြီး
ဒေါ်*******အား အမှုစစ်ရန်
ကိုရီးယား နိုင်ငံသို့ ခေါ်ဆောင်သော်လည်း ဒေါ်********က ရောက်ရှိ လာခြင်း
မရှိသည့်အတွက် အမှုမှာ
ကြန့်ကြာနေခဲ့တယ်။ ထိုအမှု ပြီးစီးမှ 고용허가 재 ကို ခွင့်ပြုမည် ဟု
ကိုရီးယား အစိုးရက ထုတ်ပြန်
ပြောဆိုခဲ့တယ်။ ထိုအမှု လျင်မြန်စွာ ပြီးဆုံးနိုင်မည့် နည်းလမ်းကို
ဦး*******က အကြံပြုပြောဆိုထားတာ
ကတော့- ကိုရီးယားရဲမှ ကိုရီးယား နိုင်ငံ interpol ကိုအကြောင်းကြားပြီး
မြန်မာနိုင်ငံမှ ဒေါ်********ကို
စစ်ဆေးလိုသော်လည်း မလာရောက်သည့်အတွက် မြန်မာနိုင်ငံ interpol မှ
ကိုရီးယားနိုင်ငံ ရဲတပ်ဖွဲ့ အစား
စစ်ဆေးပေးပါရန် ဆိုပြီး အကြောင်းကြား၍ ရပါသည်။ လိုအပ်သည့် အမှုတွဲနှင့်
မေးမြန်းလိုသည့် မေးခွန်း
များကို ကိုရီးယား interpol မှ မြန်မာ interpol သို့ ပေးပို့၍
စစ်ဆေးနိုင်ပါသည်။ မြန်မာ interpol မှ စစ်ဆေး
ချက်များကို ရယူ၍ ကိုရီးယားနိုင်ငံသို့ ပြန်လည် ပို့ဆောင်ပေးပါသည်။
(ထိုသို့ အပြန်အလှန် လုပ်ဆောင်နိုင်
ကြောင်း interpol ၏ ဥပဒေ လုပ်ထုံး လုပ်နည်းများ ရှိပါသည်။)
ကိုရီးယား အင်ဂျီအို ၃၄ ခုက ပူးတွဲကြေညာချက်ထုတ်ပြန်ပြီး ၊
ကိုရီးယားအစိုးရ (အလုပ်သမားဝန်ကြီးဌာန)
ဆီ တောင်းဆိုထားတာတွေရှိတယ် ။
(http://www.dangdangnews.com/news/articleView.html?idxno=10593)
အကျဉ်းသဘောကတော့ -
- မြန်မာအစိုးရ ကိုယ်စားလှယ် ရွှေအင်းဝဆိုတာ ၊ အရင် သင်တန်းသားတွေကို
ပို့လွတ်ခဲ့တဲ့ ရွှေအင်အားကို
နာမည်ပြောင်းထားတာ ဖြစ်တယ် ။
- အခု အီးပီလုပ်သားတွေဆီက အကျိုးဆောင်ခတွေ ဖြတ်ယူနေတယ် ။ (1 ကြိမ်လျင်
198,000 won X 1 နှစ်
2 ကြိမ် X 3 နှစ် အတွက် 1,188,000 won)။
- အဖြတ်မခံသူတွေအတွက် သူတို့ရဲ့ အပြန်စရိတ်အာမခံငွေကို
လက်မှတ်အတုတွေလုပ်ပြီး အာမခံကုမ္ပဏီဆီ
က လိမ်ထုတ်သွားတယ် ။
- MOU မှာ အဲဒါတွေ မဖြတ်ရဘူး ၊ လိုအပ်လျင် ကိုရီးယား
အလုပ်သမားဝန်ကြီးဌာနဟာ မြန်မာအလုပ်သမား
များကို စစ်ဆေးနိုင်တယ်လို့ ဆိုထားတယ် ။ ဒါကြောင့်
တရားဝင်စုံစမ်းစစ်ဆေးပြီး ၊ စစ်ဆေးတွေ့ရှိချက်ကို
လူသိရှင်ကြား ထုတ်ပြန်ပေးပါ ။
- လိမ်လည်မှုအတွက် ပြစ်မှုကြောင်းအရ အရေးယူပေးပါ ။ နစ်နာမှုအတွက်
လျော်ကြေးငွေများပေးပါ ။
အဲသလို ရှိပါတယ် ။
ကိုရီးယားအစိုးရနှင့် မြန်မာ အစိုးရ စာချုပ်ပြန်ချုပ်ဖို့
အမှုအမြန်ပြီးဖို့လိုပါမယ် ။ အမှုအမြန်ပြီးအောင် ၊ ဘယ်သူ
လုပ်မလဲ ။ သက်ဆိုင်ရာ တွေက ကြိုးစားပမ်းစားလုပ်ကြရပါလိမ့်မယ် ။
ထို့ကြောင့် အခြေအနေအရ ရွေးကောက်ပွဲ ပြီးမှသာ ဖြစ်နိုင်မည်ထင်ပါကြောင်း
စောင့်နေကြသော ညီအစ်ကို
များ အား အသိပေးရေးသားလိုက်ရပါသည်။
ကိုးကား- ဟန်းဂုရွာ

0 ခုလောက် ဝေဖန်ကြည့်ရအောင်:

Post a Comment

Online ပေါ်တွင် ကြော်ငြာများကို ကလစ်နှိပ်၍ ငွေ ရှာ ရန်အတွက် ပုံတွင် ကလစ်နှိပ်၍ မင်ဘာဝင်နိုင်ပါပြီ..

*******************************************************

*******************************************************

*******************************************************

468x60 *******************************************************

*******************************************************

*******************************************************

*******************************************************

*******************************************************

-------------------------------------------------------