ရွှေမင်းသား မှ လှိုက်လှဲစွာ ကြိုဆိုပါတယ်...

Monday, April 07, 2008

ပိတောက် သို့ ပေးစာ

ပိတောက်ရေ...
မင်းကိုငါမျှော်နေခဲ့တာ တစ်နှစ်ပြည့်ခဲ့ပြီ..မိုးပြေးလေးနဲ့ အတူ ဒီလိုအချိန်မှာ မင်းပြန်လာမယ် လို့
ပြောခဲ့တာတွေ ငါ မမေ့ခဲ့ဘူး...မင်းလာရင် မင်းနဲ့ အတူ သင်္ကြန် လည်းပါလာတော့မှာပေါ့.မင်းနဲ့
သင်္ကြန် မခွဲဘဲ အမြဲပဲ ရှိနေ ခဲ့တာ မှန်ကန်တဲ့ သစ္စာတရား ကြောင့်လား...ခိုင်မြဲတဲ့ မေတ္တာ ကြောင့်လား..
ဖြူစင်တဲ့ အချစ်တွေကြောင့်လား..? လို့ ငါဆန်းစစ်ကြည့်မိတယ်.မိုးပြေးလေးတွေ ရဲ့ ရနံ့ နဲ့အတူ မင်းရဲ့ ရနံ့
လေးကိုရနေမိတယ်...စွဲမက်စရာကောင်းတဲ့ မင်းရဲ့ ရွှေဝါရောင် အလှတရားတွေကို မှတ်မိနေမိတယ်...
သည် ဧပြီလ (တန်ခူး) ရောက်တိုင်း လူတိုင်းရဲ့ ပါးစပ်ဖျား ၊ အင်တာနက် ဘလော့ တွေပေါ်မှာ ပိတောက်ဆိုတဲ့
မင်းအကြောင်းပြောဖြစ်ရင်းက ကံ့ကော် ၊ ရင်ခတ် ၊ငုဝါ တို့ အလိုလို မှေးမှိန်ခဲ့ရတာပေါ့...နေရာတိုင်းမှာလည်း
မင်းရဲ့ အငွေ့အသက်တွေနဲ့ပေါ့...မင်းနဲ့အပြိုင် ကောင်မလေးတွေ လန်း နေခဲ့တယ်.ဒါပေမယ့် ငါမချင့်မရဲ ဖြစ်မိ
တာက မင်းနဲ့ ဆုံတွေ့ရတဲ့ အချိန် က တိုတောင်းလွန်းတယ်ကွာ.. မင်းတို့ လာရင် ယိမ်းသမလေးတွေ ပျော်ကြ
ရတယ်...အဆိုတော်တွေ မော်ကြရတယ်..ငါတို့လည်းဘဲ ပျော်ကြရတယ်...တစ်နှစ်တာလုံး နွမ်းညစ်နေတဲ့
ငါတို့ အတာရေစင်လေးနဲ့ ဖျန်းပက် ခွင့်ရတဲ့ သင်္ကြန် ကို ကျေးဇူးတင်နေမိတယ်..ဒါပေမယ့် သင်္ကြန်
ပြန်သွားရင် ယိမ်းသမလေးတွေ ထိုင်နေကြရတယ်..အဆိုတော်တွေ လွမ်းနေကြရတယ်.ငါတို့လည်းဘဲ
ငိုင်နေကြရတယ်...အချိန်တွေ အကုန်မြန်လှချည်လား...ငါတို့ ဆုံတွေ့ခွင့်ရတဲ့ အချိန်လေးကို ဆွဲဆန့် လို့ရမယ်
ဆိုရင် အားလုံးကို လွန်ဆန်ပြီး ဆွဲဆန့်ကြည့်ချင်မိတယ်. ( ဖြစ်နိုင်ရင် ပေါ့လေ)..မင်းနဲ့တွေ့ရဖို့ တစ်နှစ်လုံး
မျှော်လင့် စောင့်စားခဲ့ပြီး မင်းနဲ့တွေ့ချိန်မှာ ခဏတာ ပျော်မြူးခဲ့ရပေမယ့် နောင်နှစ်တွေမှာလည်း ငါ
ဆက်ပျော်ချင်တယ်...သင်္ကြန်ရယ်...ပိတောက်ရယ်..ငါရယ်.. ပေါ့.။ ပြီးတော့ တစ်ကမ္ဘာလုံးကို ငါကြွားချင်
တာက " Is Our Golden Land .Water Festival " လို့ပေါ့.။ ။

0 ခုလောက် ဝေဖန်ကြည့်ရအောင်:

Post a Comment

Online ပေါ်တွင် ကြော်ငြာများကို ကလစ်နှိပ်၍ ငွေ ရှာ ရန်အတွက် ပုံတွင် ကလစ်နှိပ်၍ မင်ဘာဝင်နိုင်ပါပြီ..

*******************************************************

*******************************************************

*******************************************************

468x60 *******************************************************

*******************************************************

*******************************************************

*******************************************************

*******************************************************

-------------------------------------------------------