
နွေဂိမာန် အမှီ ပွင့်ဖူးကြသည်
ပိတောက်ဝေစည် သင်္ကြန်မည်သည်..
သည်တန်ခူးတွင်ဖြင့် နှစ်သစ်ကူးသည်သို့
မြန်ပြည်တစ်ခွင် မြူးထူးကြသည်
မြင့်မြတ်တဲ့ ဒို့ (တို့) ရွှေမြေ....
ဟိုးအရင်ဆီ တို့ဘိုး၊ဘေး၊ဘီ၊ဘင်
ထိုင်မသိမ်းနှင့် ရင်ဖုံးနှင့်
ထူးမြတ်တဲ့ က္ကုနြေ္ဒရှင်
အားကျစရာကွဲ့ မြန်မာ့ မေမဒီတွေ
ယဉ်တစ်ကိုယ်မယ် အလှလေးတွေနှင့်
အလှပေါ် အယဉ်ဆင့် တင့်လှပေသည်..
မောင်ကြီးနှင့် နှမ
စိတ်အတူနီးရန်ပ ငွေဖလားတွေနဲ့
ဖျန်းပက်ကြတဲ့ သင်္ကြန် ရွှေရည်.
အေးချမ်းတဲ့ နမိတ်ကိုဆောင်သည်..
လူသူရှုပ်ထွေး သည်မြို့လေးဆီဖြင့်
ပျိုမဒီကညာတွေ အတုခိုးမှားကြသည်..
ဟိုပြဲ ဒီခွဲ စကပ်ကွဲ တွေနှင့်
သူတို့မို့ မရှက်ကြတာ
ဝတ်လိုက်တဲ့ဘောင်းဘီတို
ပေါင်ရင်းအထိကို တို
ဇာဘော်လီကြိုးပျောက်တွေနှင့်
တိုးမိုက်တဲ့ သူတို့တွေ
"ဆိုဂျူ" တန်ခိုးရယ်နှင့်
ဆိုးမိုက် ကုန်ကြပြီ...
က္ကုနြေ္ဒရှင် မြန်မာသွေးဟာဖြင့်
ပျောက်ပျက်သွားမှာ စိုးထိတ်မိသေး...
အများအမြင် တင့်တယ်မချင့်
မျက်နှာပြောင်တိုက်ဝံ့ သည်.
မျက်နှာဖြူ အယူအဆတွေနှင့်
ဝတ်လိုက်ကြတာ ပျံ လန် နေသည်..
"ရွှေမင်းသား "မှာဖြင့်
အမလေး တ,ကာ တ,ကာ
မကြည့်ဝံ့ ပါဘု....
ရွှေမြန်မာတွေ ဟုတ်ရဲ့လား....
ဒီခေတ် ဒီအခါ ဒီလိုဝတ်ကြတာဟု
ဘုတောရင်လည်း ခေတ်ရေစီးမို့
အွန်စောရေ...နင်ရှုပ်တဲ့ဇာတ်
ငါမနိုင်တော့လို့..
"ဂျူမုံ" ကို တမ်းတမိသေး...
သည် သင်္ကြန်တွင်းမှာဖြင့်
ဝိပဿနာ စီးဖြန်းအခါခါ
"ရွှေမင်းသား" မှာ
တရားရှာရပေချိမ့်...။ ။
Hello. This post is likeable, and your blog is very interesting, congratulations :-). I will add in my blogroll =). If possible gives a last there on my blog, it is about the Celular, I hope you enjoy. The address is http://telefone-celular-brasil.blogspot.com. A hug.