ရွှေမင်းသား မှ လှိုက်လှဲစွာ ကြိုဆိုပါတယ်...

Saturday, September 15, 2007

အချစ်သို့ လျှောက်လှမ်းခြင်း

မြင်နေသမျှ ဘယ်အရာတစ်ခုမှ မျက်စိထဲမှာ မပြေပြစ်ဘူး...။ မကြည်လင်ရှုပ်ထွေးနေတဲ့ စိတ်ထဲမှာ ဘာကိုမှ စိတ်တိုင်းမကျသေးဘူး...။ထူးထူးခြားခြားနဲ့ ပျိုးထောင်ခဲ့တာမဟုတ်ပေမယ့် သာမန်ထက်ပိုတဲ့ ခံစားချက်တစ်ခုဆို တာကိုတော့ ကိုယ်ကိုယ်တိုင်အသိဆုံးပါချစ်သူ...။သိခဲ့ကြတဲ့ အချိန်တွေကြာခဲ့ပေမယ့် မမျှော်လင့်ပဲ
ရင်းနှီးခွင့်ရခဲ့အချိန်ကတော့ ခဏတာလေးပါပဲ...။ထင်မှတ်မထားတဲ့ ပြန်လည်ဆုံဆည်းခြင်းက ရင်းနှီးမှုတွေကို ခိုင်မာစေခဲ့တယ်...။ရိုးသားဖြူစင်တဲ့မင်းရဲ့အပြုအမူတွေက ကိုယ့်ကို ဖမ်းစားနိုင်ခဲ့တာအမှန်ပါ...။မင်းကညှို့ယူခဲ့တာ မဟုတ်ပေမယ့် ကိုယ်ကိုတိုင်က ပျော်ဝင်ခဲ့မိတာသူပါ...။သေချာပြန်တွေးကြည်ရင် ကိုယ့်တို့တွေဘယ်သူမှမမှား ခဲ့ကြ ပါဘူး...။ကိုယ့်ယုံကြည်ရာ ခံယူချက်၊ခံစားချက်တွေကို ကိုယ်စီ ပိုက်ထွေးရင်းနဲ့ တဖြည်းဖြည်းချင်း စီးဆင်းနေကြတာ...။ မင်းအတွက်အမှားတွေနဲ့သာပြည့်နှက်နေတဲ့ လောကကြီးထဲမှာ ကိုယ့်ရဲ့စကားလုံးတွေ အားလုံးဟာ ရောပါသွားလိမ့်မယ် ဆိုတာ ကိုယ်ကြိုတင် တွေးထားခဲ့ပါတယ်...။ဒါကို ကိုယ်အပြစ်မတင်ရက် ပေမယ့် မင်းအတွက်ကိုယ်ဟာ သံဇဉ်တွေနဲ့အမြဲတမ်း ပြည့်နှက်နေတဲ့ ဂစ်တာလေး တစ်လက်လောက်တော့ ဖြစ်ချင်ခဲ့တာပါ...။မျိုသိပ်မထားတတ်တဲ့ ကိုယ့်ရဲ့အကျင့်ကြောင့် ဖွင့်ဟပြောမိခဲ့တဲ့ ကိုယ့်ကို ရုတ်တရက် တုံပြန်လိုက်တဲ့ မင်းရဲ့စကားလုံးကတော့ ရက်စက်လွန်းရာမကျဘူးကွာ...။"ဒီစကားတွေ ပြောမယ်ဆိုရင် ထပ်မပြောနဲ့တော့"တဲ့။ကိုယ်မျိုသိပ်မထားတတ်လို့ ပါ...။စိတ်ထဲမှာ ကြာကြာမြိုသိပ်မထားချင်ဘူး...။ တိုတောင်းတဲ့ ကာလအတွင်းမှာ ဖြစ်ပေါ်ပေါက်ဖွားခဲ့တဲ့ အချစ် ကိုယ့်ရဲ့အချစ်တွေဟာ ခိုင်မာနိုင်ပါ့မလား ၊ ယုံကြည်လို့ရနိုင်ပါ့မလား ၊အပြင်းပြေ ညဉ်းတဲ့ သံစဉ်တစ်ပုဒ်လားလို့ မင်းထင်ကောင်းထင်နေမှာပါ...။ သံသပေါင်းများစွာနဲ့မင်းတွေးနေမှာပါ...။ပုစ္ဆာ မပြီးခင်မှာ အဖြေညှိဖို့ ခက်နေသေးတဲ့ အရာရာတိုင်းဟာ တချိန်ချိန်မှာတော့ တိကျတဲ့ ရလဒ်တစ်ခုထွက်လာရမှာပါ...။အဲ့ဒီအချိန်ထိ ကိုယ့်ရဲ့အနားမှာမင်းရှိနေဖို့တွက် ကိုယ်မျှော်လင့်နေပါတယ်ချစ်သူ........။


0 ခုလောက် ဝေဖန်ကြည့်ရအောင်:

Post a Comment

Online ပေါ်တွင် ကြော်ငြာများကို ကလစ်နှိပ်၍ ငွေ ရှာ ရန်အတွက် ပုံတွင် ကလစ်နှိပ်၍ မင်ဘာဝင်နိုင်ပါပြီ..

*******************************************************

*******************************************************

*******************************************************

468x60 *******************************************************

*******************************************************

*******************************************************

*******************************************************

*******************************************************

-------------------------------------------------------