ရွှေမင်းသား မှ လှိုက်လှဲစွာ ကြိုဆိုပါတယ်...

Thursday, January 24, 2008

EPS စနစ်ဖြင့် အလုပ်လုပ် တော့မည် ဆိုလျှင် သိထားရမည့် အကြောင်းအရာများ

EPS စနစ်ဖြင့် အလုပ်လုပ် တော့မည် ဆိုလျှင် သိထားရမည့် အကြောင်းအရာများ
၁။ အလုပ်သမားတစ်ယောက်ကို စေလွှတ်မည့် နိုင်ငံ သည် ကိုရီးယားနိုင်ငံ အတွက် EPS စနစ်အရသာ ဆောင်ရွက်ရမည်ဖြစ်သည်။ လျှောက်ထားသူသည် အသက်(၁၈) နှစ် ကျော်ရမည်ဖြစ်ပြီး ကျန်းမာရေး ဆေးစစ်မှု မလွှဲ မသွေ ခံယူရပါမည်။ ကိုရီးယား နိုင်ငံ လူဝင်မှု ကြီးကြပ်ရေးဥပဒေ အရ ကျန်းမာရေး အရေအသွေး မပြည့်စုံခဲ့ ရင် ဘယ်လိုအကြောင်းပြချက်နဲ့မှ EPS စနစ်အရ မဆောင်ရွက်နိုင်ပါ။ဆေးစစ်ရမည့် Standard Medical Test မှာ အောက်ပါအတိုင်းဖြစ်သည်။

Standard Medical Test For The Korean EPS

A. Basic pre-employment medical examinations;
(1) Complete physical examination, including visual acuity(left and right eyes)
(2) Chest x-ray using plates not smaller than 11" x 14"
(3) Complete blood count (CBC) including hemoglobin/ hematocrit determination
(4) Blood typing
. ABO
. RH
(5) Stool examinition
(6) Psychometric evaluation
(7) Urinalysis
(8) Dental

B. Additional medical examinitions;
(1) Liver Function Tests:
.SGOT
.SGPT
(2) Total Cholesterol
(3) VDRL
(4) HIV/AIDS Test
(5) Hepatitis Antigen(HBs Ag)
(6) Audiometry
(7) Ishihara Color Vision Test

C. For Females: Pregnancy Test

D. For aged 40: ECG တို့ ဖြစ်ပါတယ်။

၂။ KLT အောင်မြင်ပြီး အလုပ်လုပ်ခွင့်ရ စာရင်းမှာ မိမိအမည်ပါသော်လည်း ကိုရီးယားမှာ အလုပ်ရမယ်ဆိုသော အာမခံချက် ပေးမထားပါဘူး။
ကိုရီးယားမှ အလုပ်ရှင်က စာရင်းမှာရှိသူတွေကို သူတို့ စိတ်ကြိုက် ရွေးချယ်ခန့် ထားမည်ဖြစ်သည်။

အလုပ်အကိုင်စာချုပ် သက်တမ်း
၃။ ရွေးချယ်ခန့်ထား စာချုပ် လက်မှတ်ထိုးပြီးသော အလုပ်သမားအတွက် အလုပ်အကိုင်စာချုပ် သက်တမ်း မှာ (၃)နှစ် ဖြစ်သည်။ တစ်နှစ်စီ စာချုပ်သက်တမ်း တိုးရမည် ဖြစ်ပြီး အလုပ်ရှင်က စာချုပ် မှန်စာရင်း တစ်စုံ ကို အလုပ်သမားထံ ပေးပို့ရမည်ဖြစ်သည်။သက်တမ်းတိုးခြင်းကို သက်တမ်း မကုန်ဆုံးမှီ ကြိုတင်ဆောင်ရွက်ရမည် ဖြစ်သည်။

ဗီဇာနှင့် နိုင်ငံတွင်း ၀င်ရောက်မှု အတွက် လျှောက်ထား ခြင်း
၎။ စာချုပ်သက်တမ်း ကုန်ဆုံးပြီး ဗီဇာ အသစ်ရယူလိုသော နိုင်ငံခြားသား အလုပ်သမား သည် Local Exit and Entry Control Bureau ကို လျှောက်ထားရမည်။ ထို ဗျူရို သည် ကိုရီးယား ပြည်ဝင်ခွင့် လုပ်ထုံး လုပ်နည်း များနှင့်အတူ အလုပ်သမားများကို ကူညီဆောင်ရွက်ပေးသော အဖွဲ့ ဖြစ်သည်။
ဆက်ရန်..............

0 ခုလောက် ဝေဖန်ကြည့်ရအောင်:

Post a Comment

Online ပေါ်တွင် ကြော်ငြာများကို ကလစ်နှိပ်၍ ငွေ ရှာ ရန်အတွက် ပုံတွင် ကလစ်နှိပ်၍ မင်ဘာဝင်နိုင်ပါပြီ..

*******************************************************

*******************************************************

*******************************************************

468x60 *******************************************************

*******************************************************

*******************************************************

*******************************************************

*******************************************************

-------------------------------------------------------