မိုးရွာနေတဲ့ နေ့လေးတစ်နေ့
(ကဗျာ)
အချစ်ရဲ့ လှေတစ်စင်း ပေါ်မှာ..
ခရီးသွားနေကြတဲ့ လူ နှစ်ယောက်.....
အာဒံ နဲ့ ဧ၀ တော့မဟုတ်ဘူး..
ဒါပေမယ့် ချစ်တဲ့နေရာမှာ သူတို့ထက် မလျော့နိုင်ဘူး......
ရိုမီယို နဲ့ ဂျူးလိယက် မဟုတ်ဘူး..
ဒါပေမယ့် သူတို့မှာ ချိုမြိန်တဲ့ အနမ်းတွေ ရှိကြတယ်.......
မိုနာလီဇာ က အလှဘုရင်မ တဲ့လား.....
ဟား...ဟား..
ကိုယ့်ချစ်သူက သူ့ထက်တောင် လှသေးတယ်....
ဘယ်သူတွေ ဘာပြောဦး မလဲ......?
သူတို့ ပြောတာတွေထက် ကိုယ့်ချစ်သူက ပိုတယ်ကွာ.....
မိုး က ဖွဲဖွဲလေး ကျလို့ပေါ့.....
အဲဒီနေ့မှာပဲ ကိုယ့်ရင်ထဲက အချစ် တွေ ပွင့်ဖူးခဲ့တာပေါ့....
ဟော...ဟိုမှာ....ပန်းသီးတစ်လုံး......
ရော့......မင်းအတွက်...
ကိုယ့် အချစ် ကို မင်းနားလည်ဖို့......
အရသာ အရှိဆုံး ကော်ဖီ တွေထဲမှာ..........
မင်းမွှေပေးခဲ့ ဖူးတဲ့ Chocolate ကော်ဖီ.............
အရာရာတိုင်း ဟာ ကိုယ့်အတွက်.......
အချိုမြိန်ဆုံး.......
အဲဒီနေ့က " မိုးရွာနေတဲ့ နေ့လေးတစ်နေ့ "
ပေါ့.......။ ။
0 ခုလောက် ဝေဖန်ကြည့်ရအောင်:
Post a Comment