>>> ထမင်းဖြူ ၊ ကြက်ဥ ၊ ဆလပ်ရွက် ၊ ကိုရီးယား မှို ၊ ပဲပင်ပေါက် ၊ မုန်လာပင်ပေါက် ၊ မုန်လာဥ ဖြူ / အနီ ၊ ရေညှိရွက် (စတိုးဆိုင် များတွင် ရနိုင်သည် ) ၊ သခွားသီး ၊ မိမိ နှစ်သက်ရာ အသား ၊ နှမ်းစေ့ ၊ နှမ်းဆီ ။
ထမင်းဖြူ တစ်ပန်းကန် ပြင်ပြီး ဆလပ်ရွက် ကို ပါးပါးလှီး ပါ။ သခွားသီး ကို အခွံခွာ ၊ အသားများ ကို အချောင်းရှည် ရအောင် လှီးပါ ။ မှို ကို ဆားအနည်းငယ် ထည့်၍ ဆီနှင့်ကြော်ကာ မုန်လာ ဥနီ ကိုလည်းကြော် ပါ။ ပဲပင်ပေါက် ကို ပြုတ်၍ နှမ်းဆီ ၊ နှမိးစေ့ ၊ကြက်သွန်မိတ် ပဲငပိ တို့နှင့် နုတ်နုတ်စင်း၍ သုတ်ပါ။ မုန်လာဥဖြူ ကို ပါးပါးလှီး ၊ ငရုတ်သီးမှုန့် ၊ ကြက်သွန်မိတ် ၊ ဆားထည့်၍ သုတ်ပါ။ ရေညှိရွက် ကို ပါးပါးလှီ ပြီး ကြက်ဥ ကို နှစ်သက်ရာ ကြော်ပါ။ အသား ကို နုတ်နုတ်စင်း ဆား ၊ ငရုတ်ကောင်း ဖြူး၍ ဆီမထည့်ပဲ ကြော်ပါ။ ပစ္စည်း အားလုံးနှင့် ထမင်းကို ရောနှော ၍ အပူပေးနိုင်သော ပန်းကန်ကြီး တွင် မီးအပူပေးပါ။ မီးပူလာလျှင် နှမ်းဆီစစ်စစ် ၊ ကိုရီးယား ငရုတ်ဆီ တစ်မျိုး ထည့်မွှေ၍ သုတ်လိုက်ပါ။
အားလုံးပြီးသွားလျှင် ပုံပါအတိုင်း အရသာ ရှိစွာ စားသုံးနိုင်ပါသည်။

ုံ
0 ခုလောက် ဝေဖန်ကြည့်ရအောင်:
Post a Comment