ရွှေမင်းသား မှ လှိုက်လှဲစွာ ကြိုဆိုပါတယ်...

Wednesday, October 07, 2009

သီတင်းကျွတ်ပြီဆိုလျှင်..

Photobucket
ဝါလကင်းလွတ်ပြီး သီတင်းကျွတ်ပြီဆိုလျှင် မောင်နှံကြင်ဖော်တို့ အာဝါဟ၊ဝိဝါဟ ကိစ္စများကို လုံးပမ်း တာစူနေပြီဖြစ်ပါသည်..
အာဝါဟ ဆိုသည်မှာ ယောကျာင်္းအိမ်ရာသို့ မိန်းမကိုခေါ်ဆောင်လာပြီး ပြုသော မင်္ဂလာ၊
ဝိဝါဟ ဆိုသည်မှာ မိန်းခလေးနေထိုင်ရာ အိမ်ဂေဟာ သို့ ယောကျာင်္း သတို့သားက သွားရောက်ဆောင်နှင်းသော မင်္ဂလာဖြစ်ပြီး စရမင်္ဂလာ ဆိုသည်မှာ မိမိအိမ်ရာမှ တစ်ပါး ကြီးကျယ်ခမ်းနား သော အဆောက်အဦ၌ ဆင်နွှဲသော မင်္ဂလာဖြစ်သည်။
မည်သို့ပင် လက်ထပ်ထိမ်းမြားသည်ဖြစ်စေတူနှစ်ကိုယ်ကြည်ဖြူပြီး သူ့အကြောင်း ကိုယ့်အကြောင်း၊သူ့စိတ် ကိုယ့်စိတ်၊ သိထားမှသာလျှင် အိမ်ထောင်ရေး သာယာ လှပမည်ဖြစ်သည်။
လူတိုင်း သိထားသင့်သော မယားမြတ် (၈)ယောက် ရှိပါသည်။
(၁) ထမင်းစားသောအခါ မိခင်ကဲ့သို့ ပြုစုလုပ်ကျွေးတတ်သော မယား၊
(၂) လင်ကို အဝတ်အစား ပြုပြင်ဆင်ယင်ပေးတတ်သော မယား၊
(၃) လင်ကို ပကတိအခါ၌ မောင်ကဲ့သို့ ရိုသေရှက်ကြောက်တတ်သော မယား၊
(၄) လင်ကို ကျွန်မ သဖွယ်လုပ်ကျွေးတတ်သော မယား၊
(၅) ဘေးရန်ရှိသောအခါ အတိုင်အပင် ရသော မယား၊
(၆) ကာမကိစ္စ၌ လင်၏ မွေ့လျော်မှုကိုပြုကျင့်တတ်သောမယား၊
(၇) အရောင်အဆင်း၌ တင့်တယ်လှပခြင်းကို ဖြီးလိမ်းတတ်သောမယား၊
(၈) လင်၏အလို၌ သည်းခံနိုင်သောမယား တို့ဖြစ်ကြသည်။
မယားတို့၏ အကျင့်လက္ခဏာများကိုလည်း သိထားသင့်ပါသည်။
ပုဗ္ဗဌာယီ -ရှေးဦးစွာ အိပ်ရာမှ ထခြင်း၊
ဗစ္ဆာနိပါတီ- နောက်မှ အိပ်ခြင်း၊
ကိကာရ ပဋိဿဝိဏီ -ပြုလုပ်ပေးရန် လင့်အသံကို နာခံလေ့ရှိခြင်း၊
မနာပ စာရီ- နှစ်ခြိုက်ဖွယ် ပြုလေ့ရှိခြင်း၊
ပီယဝါဒီနီ - ချစ်ဖွယ်စကား ဆိုလေ့ရှိခြင်း၊
မနုဿဝိနော အဘိစာရီ -ယောကျာင်္းတစ်ပါးကို စိတ်ဖြင့်မျှ မကြံစည် မလွန်ကျူးနေလေ့ရှိခြင်း၊တို့ဖြစ်သည်။
မိန်းမမြတ်တို့၏ ကိုယ်ကျင့်တရား(၄)ပါးကိုလည်းသိထားသင့်ပါသည်။
သီလဝတီ - အကျင့်သီလ၊ဣနြေ္ဒရှိခြင်း၊
မေတဝိနီ -အမြော်အမြင် ဆင်ခြင်ညာဏ်နှင့် ပြည့်စုံခြင်း၊
သဿုဒေဝါ -ယောက္ခမကို အိမ်ဦးနတ်ကဲ့သို့ ဆည်းကပ်ခြင်း၊
ပတိဗ္ဗတာ -လင်ကိုရိုသေ ယုယမြတ်နိုးခြင်း၊
မိန်းမတို့၏ လော်လည်ခြင်း (၅)ပါးကိုလည်း မမေ့ထားသင့်ပေ။
အာဟာရ လောလ -စားသောက်မှု၌ လော်လည်ခြင်း၊
အလင်္ကာရ လောလ -အဝတ်တန်ဆာမှု၌ လော်လည်ခြင်း၊
ပရ ပုရိသ လောလ -ယောကျာင်္းတစ်ပါး၌ လော်လည်ခြင်း၊
ဓနလောလ - ပစ္စည်းဥစ္စာ၌ လော်လည်ခြင်း၊
ပါဒလောလ -ထိုထို ဤဤ တို့ကို သွားလာလည်ပတ်မှု၌ လော်လည်ခြင်းတို့ကို သိထားစေနိုင်ရန်အလို့ငှာ သုတ္တနိပါတ် အဌကထာလာ ကျမ်း၌ ဖော်ပြထားသည်ကို ပြန်လည် ဖော်ပြရေးသားလိုက်ရပါသည်။

0 ခုလောက် ဝေဖန်ကြည့်ရအောင်:

Post a Comment

Online ပေါ်တွင် ကြော်ငြာများကို ကလစ်နှိပ်၍ ငွေ ရှာ ရန်အတွက် ပုံတွင် ကလစ်နှိပ်၍ မင်ဘာဝင်နိုင်ပါပြီ..

*******************************************************

*******************************************************

*******************************************************

468x60 *******************************************************

*******************************************************

*******************************************************

*******************************************************

*******************************************************

-------------------------------------------------------