
ကိုရီးယားရုပ်ရှင်ပွဲတော်၂၀၀၉ ကိုရန်ကုန်မြို့သမ္မတရုပ်ရှင်ရုံ၌အောက်တိုဘာ၁၆ရက်မှ၁၉ရက်အထိနှစ်နိုင်ငံယဉ်ကျေးမှု ပူးပေါင်း ဆောင်ရွက်မှု တိုးမြှင့်ရေးနှင့် ကိုရီးယားနှင့်မြန်မာနိုင်ငံပြည်သူများအကြား ယဉ်ကျေးမှုနှင့် ထုံးတမ်းအစဉ်အလာများအား ပိုမို နားလည်နိုင်ရေးတို့အတွက် ပြသသွားမည်ဖြစ်သည်။ကိုရီးယား ရုပ်ရှင်ပွဲတော်(၂၀၀၉)တွင်ရုပ်ရှင်ကားလေးကားပြသသွားမည်
ဖြစ်ပြီး ယင်းတို့မှာ “SummerWhispers”(Romance)၊ “Mom’s Way” (Drama) “Marathon” (Drama)နှင့်
“Oseam”(Animation) တို့ဖြစ်သည်။ကိုရီးယားရုပ်ရှင် မင်းသမီး၊ ကိုရီးယားရုပ်ရှင် ဒါရိုက်တာနှင့် တာဝန်ရှိသူများ တက်ရောက်ကြမည်ဖြစ်ပြီး အောက်တိုဘာ ၁၇ ရက်နှင့်၁၈ ရက်တို့တွင် မြန်မာပရိသတ်နှင့်တွေ့ဆုံမည်ဟု သိရသည်။
အမှတ် ၉၇ တက္ကသိုလ်ရိပ်သာလမ်း၊ ဗဟန်းမြို့နယ် ကိုရီးယားသမ္မတနိုင်ငံ သံရုံး၌ အောက်တိုဘာ ၅ ရက်မှ စ၍ လက်မှတ်
များ အခမဲ့ ရယူနိုင်ကြောင်း သတင်းများအရ သိရှိရပါသည်။
EPS & KLT စာမေးပွဲအတွက်..သင်တန်းတက်ချင်ပါတယ်..EDGE ထဲမှာ ကြော်ငြာထားတဲ့..BLM korea language Academy သင်တန်းက..စုံစမ်းလို့မရဘူး..သင်တန်းပြောင်းသွားလားမသိဘူး..
ရွေမင်းသား သိရင်..သင်တန်းတစ်ခုခုလောက် ညွန်ပြပေးစေချင်ပါတယ်...ကောင်းကောင်းလေးပေါ့..
Myo ဆိုတဲ့ အစ်ကိုရေ..ကျနော် ရှာပေးထားပါ့မယ်.. သင်တန်းကောင်းတာ ရှိရင် ကျနော် တင်ထားလိုက်ပါ့မယ်.လိုတာရှိရင် Blogger.smt ကို ဂျီမေး ပို့ မေးမြန်းနိုင်ပါတယ်