ရွှေမင်းသား မှ လှိုက်လှဲစွာ ကြိုဆိုပါတယ်...

Saturday, November 05, 2011

တောင်ကိုရီးယားနိုင်ငံ၏ နိုဝင်ဘာလရဲ့ ချစ်သူများနေ့


ကိုရီးယားနိုင်ငံ၏ နိုဝင်ဘာလ ၁၁ရက်နေ့ အင်္ဂလိပ် ဂဏန်းအားဖြင့် ၁၁ လ၊ ၁၁ရက်နေ့သည် ချစ်သူစုံတွဲများ၊ သူငယ်ချင်းများ အတွက် ပျော်ရွှင်ဖွယ် ကောင်းသော အမှတ်ရစရာ ကောင်းသော ဗယ်လင်တိုင်း ကဲ့သို့သော နေက်ထပ်နေ့လေးတစ်နေ့(빼빼로데이) ဖြစ်သည်။လူငယ်လူရွယ်များအဖို့ ပယ်ပယ်လိုချောင်း၊ ဖယောင်းတိုင်ချောင်းများ၊ ချောကလက်ချောင်းများ ၊ လက်ဆောင် ပစ္စည်းများအပြန်အလှန်ပေးပို့ကြရင်း ထိုနေ့ကို ဖြတ်သန်းကြသည်။ အမှန်တကယ်တမ်း ပယ်ပယ်လို ပေါ်ပေါက်လာပုံသမိုင်းမှာ Pocky ချောင်းဟု လူသိများသော ဘီစကစ်ချောင်း ကို ချောကလက် သုတ်လိမ်းထားပြီး ၁၉၇၁ ခုနှစ်တွင် မက်မွန်၊မက်မန်း မျိုးနွယ်ဝင်အပင်မှ အသီးဖြင့် ပြုလုပ် ထားသော ဘီစကစ်ချောင်းကို စတင်ထုတ်လုပ်ရောင်းချခဲ့ပြီး ၁၉၇၇ ခုနှစ်တွင် စတော် ဘယ်ရီ ဖြင့်ပြုလုပ်ထား သော ဘီစကစ်ချောင်း၊ ထိုမှတဆင့်ယခုအချိန်တွင် နို့၊မလိုင်၊ပျားရည်၊ ငှက်ပျောသီး၊ အုန်းသီး၊ ချောကလက် စသည်ဖြင့် ပြုလုပ်ထားသော ဘီစကစ်ချောင်းများ ဈေးကွက်တွင် ထိုးဖောက်နေရာယူနေ ကြပြီ ဖြစ်သည်။ ဂျပန်နိုင်ငံ ဆယ်ကျော်သက်ရွယ်များအကြား Pocky ချောင်းများမှာ နာမည်ကျော်ကြားထင်ရှားပြီး တစ်ခါတစ်ရံ ဘားများတွင် ရေခဲရေတစ်ခွက်နှင့်တွဲဖက်၍ ဝန်ဆောင်မှုပေးသည်ဟုသိရသည်။ ယခုအခါတွင်တရုတ်၊တောင်ကိုရီးယားစသော အရှေ့အာရှ နိုင်ငံများတွင် ပယ်ပယ်လိုဟူ၍ တောင်ကိုရီးယားနိုင်ငံမှ Lotte ကုမ္ပဏီ က ၁၉၈၃ ခုနှစ်တွင် စတင်ထုတ်လုပ်ခဲ့ပြီး နိုဝင်ဘာလ ၁၁ ရက်နေ့တွင် အထူးဝန်ဆောင်မှုပေးကာရောင်းချ သဖြင့် ထိုနေ့ပေါ်ပေါက်လာသည်ဟု ဆိုနိုင်ပါသည် ကုမ္ပဏီများ ၏ စီးပွားရေးအကွက်မြင်သော ဈေးကွက်တစ်ခုဟုဆိုနိုင် သည်။ နောက်ထပ်သမိုင်းတစ်ခုမှာ ၁၉၉၄ ခုနှစ်တွင် ဘူဆန်မှ အလယ်တန်း ကျောင်းသူလေးများက ပယ်ပယ်လို အချောင်းလေးများကို အပြန်အလှန်လက်ဆောင်အဖြစ်ပေးရင်း ထိုအချောင်းလေးများကဲ့သို့ သေးသေး သွယ်သွယ်ဖြင့် အရပ်ရှည်လာစေရန် ရည်ရွယ်ဆုတောင်းပေးကြသည်။၁၁ လပိုင်း ၁၁ရက်နေ့ ၁၁ နာရီ ၁၁ မိနစ် တွင် ပယ်ပယ်လိုချောင်းများ ကို စားမည်ဆိုပါက ကျန်းမာရေးကို အထူးကောင်းမွန်စေသည်ဟု ဆိုကြသည်။
မည်သို့ပင်ဆိုစေ ကိုရီးယားနိုင်ငံတွင် နိုဝင်ဘာလ ရောက်တိုင်း ချောကလက်ဖြင့် ပြုလုပ်ထားသော ပယ်ပယ်လိုချောင်းလေးများ ကို ဘူးများနှင့် တစ်မျိုး အိတ်များနှင့်တစ်ဖုံ ကုန်တိုက်ကြီးများ နှင့် စတိုးဆိုင်များတွင် ရောင်းချနေသည်ကို သင်တွေ့မြင်ရ မည်ဖြစ်သည်။ အင်္ဂလိပ် အက္ခရာ 11.11 ဆိုသည့်အတိုင်း အချောင်းရှည် ပယ်ပယ်လိုချောင်း လေးများကို ယခုနှစ် 2011 ခုနှစ် ၁၁ လပိုင်း ၁၁ ရက်နေ့( 11.11.11) 빼빼로데이 တွင် ပိုမိုဆန်းသစ် သော အသွင်ဖြင့် ခါတိုင်းနှစ်များထက် ပိုမိုထူးခြားစွာ ဆင်နွှဲကြမည်မှာ အသေအချာ ပင်ဖြစ်ကြောင်း လေ့လာရေးသားလိုက်ရပါသည်။

0 ခုလောက် ဝေဖန်ကြည့်ရအောင်:

Post a Comment

Online ပေါ်တွင် ကြော်ငြာများကို ကလစ်နှိပ်၍ ငွေ ရှာ ရန်အတွက် ပုံတွင် ကလစ်နှိပ်၍ မင်ဘာဝင်နိုင်ပါပြီ..

*******************************************************

*******************************************************

*******************************************************

468x60 *******************************************************

*******************************************************

*******************************************************

*******************************************************

*******************************************************

-------------------------------------------------------