ရွှေမင်းသား မှ လှိုက်လှဲစွာ ကြိုဆိုပါတယ်...

Friday, October 09, 2009

ရွှေအင်းဝ ကိုရီးယား သင်တန်းကျောင်း

Photobucket
ရွှေအင်းဝ ဝန်ဆောင်မှု အေဂျင်စီ ကုမ္ပဏီ၊ ကမ္ဘာဝန်ဆောင်မှု ကုမ္ပဏီနှင့် ကိုရီးယား Cheong Ryong Company တို့ပူးပေါင်း၍ မြန်မာလုပ်သားများ ကိုရီးယားလုပ်ငန်းခွင် သို့ဝင်ရောက်လုပ်ကိုင်ရာတွင် အလုပ်အကိုင် အခွင့်အလမ်းပိုမိုရရှိစေရေး အထောက်အကူဖြစ်စေရန် ရည်ရွယ်၍ ရွှေအင်းဝ ကိုရီးယား သင်တန်းကျောင်းအား Korea Polytech University မှ သင်ရိုးညွှန်းတမ်းများ၊လုပ်ငန်းခွင်လိုအပ်ချက် များအတိုင်း လေ့ကျင့်သင်ကြားပေးရန် အတွက် အမှတ်(၄၁)၊၆ လမ်း ၊ ရန်ကုန်စက်မှုဇုန်၊မင်္ဂလာဒုံ ဥယျာဉ် မြို့ တော်၊မင်္ဂလာဒုံ မြို့ နယ်၊ရန်ကုန်မြို့  တွင် Training Centre ဖွင့်လှစ်၍ သင်တန်းကာလ ၂ လ ဖွင့်လှစ် သင်ကြားပေးမည်ဖြစ်သည်။စိတ်ဝင်စားသူ EPS-KLT အောင် မြန်မာလုပ်သားများ တက်ရောက်နိုင်ပြီး သင်တန်း ကြေး US$400 ပေးသွင်း၍ တက်ရောက်နိုင်သည်ဟု ကြားသိရပါသည်။သင်တန်းသားဦးရေ အယောက် (၃ဝဝ) ကန့်သတ်ထားကြောင်း သိရှိရပါသည်။သင်ကြားပေးမည့်ဘာသာရပ်များမှာ Welding ကိုရီးယားလုပ်ငန်းခွင်တွင် အခြေခံကျသော နည်းပညာဖြစ်ပြီး လုပ်ငန်းနယ်ပယ်အသီးသီးတွင် အသုံးပြုနိုင်ခြင်း။ Farming Machine လယ်ရာ လုပ်ငန်းခွင်သုံးစက်ပစ္စည်း ကိရိယာများ ကိုင်တွယ်ပြုပြင် ထိန်းသိမ်းခြင်း။ Construction & Plumbing ဆောက်လုပ်ရေးနှင့် ပိုက်ပြင် ပိုက်ဆက်လုပ်ငန်း။ Autorepairing မော်တော်ယာဉ်ထုတ်လုပ် တပ်ဆင်ပြုပြင်ထိန်းသိမ်းခြင်းလုပ်ငန်း။ Korea Language & Culture ကိုရီးယား ဘာသာစကားနှင့် ယာဉ်ကျေးမှုအား လေ့ကျင့်သင်ကြားခြင်း။ Safety လုပ်ငန်းခွင်အတွင်း ဘေးအန္တရာယ်နှင့်ထိခိုက်အနာတရ ဖြစ်ပွားမှုမှ ကာကွယ်ခြင်း။ စသည်တို့ ဖြစ်သည်။ သင်တန်းတက်ရောက်နေစဉ်ကာလတွင် နေထိုင်မှုအတွက် အဆောင် အခမဲ့ စီစဉ်ပေးခြင်း၊သက်သာသောနှုန်းထားဖြင့် စားသောက်နိုင်ရန်စီစဉ်ပေးခြင်း၊ကိုရီးယားမှ နည်းပြများကိုယ်တိုင် လေ့ကျင်းသင်ကြားပေးခြင်း၊သင်တန်းအောင်မြင်ပြီးဆုံးပါက အလုပ်အကိုင် အခွင့်အလမ်း ပိုမိုရရှိစေရန် ဆောင်ရွက်ပေးမည်ဖြစ်ကြောင်းကြားသိရပါသည်။သင်တန်းသက်ရောက်လိုသူများသည် ၈မိုင်ရှိ ရွှေအင်းဝ အေဂျင်စီ ရုံး(ဖုန်း-01-663716,664914) တွင် မေးမြန်းစုံစမ်း၍ တက်ရောက်နိုင်ပြီး kabartiongseng.otc@gmail.com နှင့် kabar-otc@wimaxmail.net.mm ကိုအီးမေးလ်ဖြင့် ဆက်သွယ်နိုင် သည်။ EPS-KLT အောင် မြန်မာလုပ်သား အယောက် ၃၀၀၀ကျော်အနက် ၁၀၀၀ ကျော်သာ ကိုရီးယားနိုင်ငံသို့ရွှေအင်းဝ
မှစေလွှတ်ထားပြီးဖြစ်ကြောင်း ရွှေအင်းဝနှင့် နီးစပ်သော သတင်းများမှ ကြားသိရပါသည်။

မှတ်ချက်။ ။ ထိုသင်တန်းကျောင်းသည် ကျနော် ရွှေမင်းသားနှင့် လုံးဝ မသက်ဆိုင်ပါ၊EPS-KLT အောင် မြန်မာ လုပ်သားများ ကိုရီးယားနိုင်ငံတွင် အလုပ်အကိုင် လျင်မြန်စွာ ရရှိစေရန် စိတ်ပါဝင်စား၍ သင်တန်းတက်ရောက် လိုသူများ အတွက် ရည်ရွယ်၍ရေးသားဖော်ပြခြင်းဖြစ်ပါသည်။

0 ခုလောက် ဝေဖန်ကြည့်ရအောင်:

Post a Comment

Online ပေါ်တွင် ကြော်ငြာများကို ကလစ်နှိပ်၍ ငွေ ရှာ ရန်အတွက် ပုံတွင် ကလစ်နှိပ်၍ မင်ဘာဝင်နိုင်ပါပြီ..

*******************************************************

*******************************************************

*******************************************************

468x60 *******************************************************

*******************************************************

*******************************************************

*******************************************************

*******************************************************

-------------------------------------------------------