ရွှေမင်းသား မှ လှိုက်လှဲစွာ ကြိုဆိုပါတယ်...

Sunday, September 13, 2009

ယောင်္ကျားသားတို့ အားထားရာ နွားချေးပိုးထိုးကောင်(သို့)အီကုတ်များ


နွားချေးပိုးကိုမြင်ဖူးကြပါသလား..?စားရောစားဖူးကြပါသလား..?နွားချေးပိုးဆိုသည်မှာ အခွံမာ အင်းဆက်မျိုးနွယ်တစ်ခု ဖြစ်သည်။ မြို့သူ၊မြို့သား များအဖို့ စားဖူးမည် မဟုတ်ကြသော်လည်း ကျေးလက် ဒေသများတွင် ထို နွားချေးပိုးကို ဆူးပုတ် ရွက်နှင့်ရောနှောကာ ကြော်စားတတ် ကြ ပါသည်။သူတို့တွင် အတောင် ၂ ထပ်ရှိကြပြီး ပျံသန်းရန် အသုံးပြုသည့် အတောင်နုအား အပေါ်ယံ အတောင်မာဖြင့် ဖုံးအုပ်ထားကြပါသည်။နွားချေး၊ကျွဲချေး တို့ကိုကြိုက်သော နွားချေးပိုးတို့သည် နွားချေး၊ကျွဲချေးပေါများရာ အရပ်၌ ကျက်စားပြီး သဘာဝအလျောက် မိတ်လိုက်ကြသည်။သားဥရပြီးသော နွားချေးပိုးမသည် လတ်ဆတ်သော နွားချေးပုံအောက်၌မြေကြီးကို ဖောက်ဝင် ကာ သားဥတစ်လုံး ဥပြီးသည်နှင့် နွားချေးအစိုများသယ်ကာ နွားချေးနှင့် လုံးသည်။ပြီးနောက် မြေကြီးဖြင့် မံသည်။ထိုကြောင့် မြေတူးပါကတစ်ခါတစ်ရံ လုံးဝန်းနေသောမြေစိုင်ခဲလုံးဖြင့်မံထားသော အီကုတ်သားလောင်းကို တွေ့ရှိရတတ်သည်။ထိုသို့မံပြီးသော မိခင် ချေးပိုးထိုးမသည် မြေပေါ် တက် လာပြီး မကြာမှီသေဆုံးသွားကြသည်။အထီးသည်လည်း မိတ်လိုက်ရာသီ ကုန်ဆုံးသွားလျှင် သေဆုံးသွားတတ်ကြသည်။ သန္ဓေသားဥ သည် ရက်ကြာ လာပြီးခူကောင်ကဲ့သို့ဖြစ်လာကာ သူ့ပါတ်ဝန်းကျင်ရှိ နွားချေးတို့ကို စားသုံး ကာ လပေါင်းအတန်ကြာ မြေကြီးလုံးတွင်းနေထိုင်ပြီး ရင့်မာလာကာ မိုးရေ ကြောင့်နူးညံ့နေသည့် မြေသားအားဖောက်ထွက်ကာ နွားချေးပုံသို့ စည်းစိမ် ခံစားလေသည်။

တပေါင်း-တန်ခူး ဆူးပုပ်ပေါ်ချိန်တွင် အီကုတ်ခေါ် နွားချေးပိုးကို စားသုံးရန် အသင့်အနေအထားဖြစ်နေပေပြီ။စာရေးဆရာ သော်တာဆွေက “မြေနန်းစံ ရွှေအီကုတ်ရယ်..ဆူးပုပ်နှင့်နှော”ဟုရေးပြခဲ့ဖူးပါသည်။အီကုတ်ကောင် နုနု တို့သည်အသားဖြူဖွေးပြီး တလှုပ်လှုပ်နှင့်ရှိနေသည်။ပြင်ပလေနှင့်ထိတွေ့ပြီး မကြာမှီ သေဆုံးသွားတတ်ကြပါသည်။


အားဆေးအဖြစ်အသုံးတော်ခံရမည့် အီကုတ်..။

ထားဝယ်ရိုးရာဆေးတစ်မျိုးဖြစ်ပြီး ထိုဆေးသုံးပြီး ရက်ပိုင်းအတွင်း ပန်းသေ သူများ ပြန်လန်းလာနိုင်သည်။ပန်းညှိုးနေသူများလည်း ခွန်အားပြန်ပြည့် သည့်ဆေးဖြစ်သည်။ဆေးနည်းမှာ မခက်ခဲလှပါ။သို့သော် သတ္တဝါတို့၏ အ သက်များကို စတေးပြီး ပြုလုပ်ရသည့် ဆေးနည်းဖြစ်သည့်အတွက် ဖော်ပြရန် စိတ်မချမ်းသာပါ။ထိုရောဂါဖြစ်လာပါကလည်း လူပျိုဖြစ်လျှင် အိမ်ထောင်ပြု၍ မဖြစ်သော အခြေအနေ၊အိမ်ထောင်ရှင်ဖြစ်ပါကလည်း အိမ်ထောင်ရေး အ ဆင်မပြေဖြစ်လာနိုင်သည်။သန္ဓေသားရရန်ခက်ခဲနိုင်ပြီး လောကကြီးကို စိတ် ကုန်နေသောယောင်္ကျားသားများ၏ ဒုက္ခကိုစာနာမိသောကြောင့် ပညာကို လက်ဆင့်ကမ်းဖော်ပြရခြင်းဖြစ်သည်။သို့သော်ဆေးကို အသုံးပြုပြီး တလွဲ အသုံးမပြုစေလိုပါ။မြန်မာ့ယဉ်ကျေးမှုတွင် တစ်လင်တစ်မယား စနစ် ကျင့်သုံး မှုကို အလေးထား ကြပါသည်။ဆေးအသုံးပြုပြီး ရက်ပိုင်းအတွင်း အခြေအနေ ကောင်းသည်ဟု လက်တွေ့ အသုံးချပြီးသူများက ပြောပါသည်။ ပညာတစ်ခု တိမ်မြှုပ်ပျောက်ကွယ်သွားမှာ စိုးထိတ်မိသောကြောင့် အကျိုးရှိနိုင်မည် ထင် သည့်အတွက် ရေးသားဖော်ပြလိုက်ရပါသည်။ လက်ဆင့်ကမ်းဖော်ပြခဲ့သော ဆရာ ရွှေပြည်စိုး(မိုးကုတ်)အား ကျေးဇူးအထူးတင်ရှိပါသည်။

ဆေးနည်း (၃)မျိုးရှိပါသည်။

ဆေးနည်းကို လိုချင်ကြပါသလား.?

စိတ်ဝင်စားမှု ရှိကြပါသလား…?

ဤဘလော့ဂ်ပေါ်တွင် ရေးသားဖော်ပြရန် သင့်မသင့်…?

ကျနော့် minnthar.shwe@gmail.com ကို ဆက်သွယ် အကြံ
ပေးနိုင်ပါသည်။







0 ခုလောက် ဝေဖန်ကြည့်ရအောင်:

Post a Comment

Online ပေါ်တွင် ကြော်ငြာများကို ကလစ်နှိပ်၍ ငွေ ရှာ ရန်အတွက် ပုံတွင် ကလစ်နှိပ်၍ မင်ဘာဝင်နိုင်ပါပြီ..

*******************************************************

*******************************************************

*******************************************************

468x60 *******************************************************

*******************************************************

*******************************************************

*******************************************************

*******************************************************

-------------------------------------------------------