ရွှေမင်းသား မှ လှိုက်လှဲစွာ ကြိုဆိုပါတယ်...

Sunday, September 06, 2009

လောကနတ် အဆောင်

ပါဋိစာပေတွင် လောကဗျူဟာဟုခေါ်သော နတ်တစ်မျိုးရှိသည်။တစ်ချို့သော စာပေများထဲတွင်ကာမာဝစတုနတ်ဟုခေါ်ဆိုရေးသားထားသည်ကို တွေ့ရှိရပါသည်။မြန်မာလူမျိုးများမှာ လောကနတ်ဟုခေါ်ဆိုသမှုပြုကြသည်။
လောကကိုစောင့်ရှောက်သောကြောင့် လောကပါလနတ်ဟု ခေါ်ဆိုကြခြင်း ဖြစ်ပါသည်။ ကမ္ဘာပျက် တော့မည် ဆိုလျှင်ကမ္ဘာမပျက်မှီ နှစ်တစ်သိန်း အလိုကတည်းက လောကနတ်သည် တစ်လောကလုံးလှည့်လည်၍ ကမ္ဘာ ပျက်တော့ မည်ဆိုသည့် အကြောင်းကိုသတိပေးကြွေးကြော် လေ့ရှိပါ သည်။ ထိုသို့ကြွေးကြော်ရခြင်းသည် လူအများ ကုသိုလ် တရားပွားများ အားထုတ်နိုင်ရန် သတိပေးခြင်းဖြစ်သည်။လောကနတ်သည် တစ်လောကလုံး လှည့်လည်ပြီး ..
"အို...ချစ်သားတို့ ...ယနေ့မှ စပြီး နောက် အနှစ်တစ်သိန်းတိုင်လျှင် ဤကမ္ဘာလောကကြီးသည် ဗြဟ္မာပြည် တိုင် အောင် ပျက်စီးတော့မည်။အို...အချင်းတို့ ...သင်တို့သည် မေတ္တာ၊ကရုဏာ၊မုဒိတာ၊ဥပက္ခာ ဟူသော ဗြဟ္မစိုရ်
တရားကိုပွားများကြလော့..မိဘများအား အရိုအသေ လုပ်ကျွေးကြကုန်လော့..သင်တို့ထက်အသက် ဂုဏ်ဝါ
သိက္ခာကြီးမားသူတို့အား ရိုသေလေးစားကြကုန်လော့.."
ဟု တစ်လောကလုံးကြားနိုင်လောက်သော အသံကြီးဖြင့် လှည့်လည် ဟစ်ကြွေးလေ့ရှိသည်ဟုဆိုသည်။
လောကပါလနတ်မင်းကြီး အကြောင်းမှာ တစ်နေ့၌ ကမ္ဘာဦး ရန်ဘက်များဖြစ်ကြသော ခြင်္သေ့မင်းနှင့် ဆင်မင်းတို့
သည် တစ်ဦးနှင့် တစ်ဦး အသေအကြေ အပြင်းအထန် တိုက်ခိုက် သတ်ပုတ်နေကြသည်ကို မြင်တွေ့လိုက်ရသည်
မည်သူတစ်ဦးတစ်ယောက်ကမျှ မဖျန်ဖြေနိုင်လောက်အောင် တိုက်ခိုက်မှုများ ပြင်းထန်လှသည်။ လောကပါလ
နတ်မင်းကြီး က ဖျန်ဖြေနိုင်မည့်အကောင်းဆုံးနည်းကိုတွေ့လိုက်သည်။ စည်းနှင့်စုပ်ကို ခြေထောက်တွင် ညှပ်ပြီး
သာယာသော အသံနှင့် တေးသီချင်းကို တိုက်ပွဲ အနီးတွင် သီဆို ကခုန်လိုက်သည်။ထိုသီချင်းသံကိုကြားလိုက်ရ
သော ခြင်္သေ့မင်းနှင့် ဆင်မင်းတို့သည် ရန်လို သတ်ပုတ်စိတ်များပျေက်ပြီး နှလုံးသားများသည် နူးညံ့လာကြသည်
သီချင်းသံ ပြီးဆုံးသွားသည်နှင့် သူတို့နှစ်ဦး၏ ရန်ပွဲမှာ ပြီးဆုံးသွားခဲ့သည်။
ထို့ကြောင့် လောကနတ်၏ ရန်ပြေငြိမ်းစေသည့်နိမိတ်၊အေးချမ်းသာယာသောနိမိတ်ကို ယူ၍ အိမ်များတွင်
လင်နှင့်မယား၊သားနှင့်အမိ၊ညီအစ်ကို မောင်နှမ၊ဆွေမျိုးသားချင်းများ တစ်ဦးနှင့် တစ်ဦး မသင့်မမြတ် ဖြစ်ပြီး
အိမ်ပူ၊အိမ်ဆူ သော အဖြစ်မျိုးဖြစ်နေလျှင် အိမ် လဘ်ပိတ်ပြီး ကျက်သရေ ယုတ်တတ်ပါသည်။ ထို အဖြစ်မျိုးမှ
ကင်းဝေးစေရန် အိမ်တွင် ကျက်သရေ မင်္ဂလာနှင့်ပြည့်စုံစေရန် အိမ်တိုင်း၏ ဧည့်ခန်းနံရံများ၊ ဆက်တီများပေါ် တွင် လောကနတ်ရုပ်တုဖြစ်စေ ပန်းချီဖြစ်စေချိတ်ဆွဲပြီးဆောင်ထားသင့်ပါသည်။
မြတ်စွာဘုရားရှင် ထိုင်တော်မူရာ အပရာဇိတပလ္လင်
ဗြဟ္မာမင်းတို့ ထိုင်ရာ ကဗလာသနပလ္လင်
နတ်မင်းတို့ထိုင်ရာ ဒိဗ္ဗာသနပလ္လင်
လူ မင်း တို့ ထိုင်ရာ ရာဇပလ္လင်
တရားဟော ဓမ္မာကထိက ပုဂ္ဂိုလ်များထိုင်ရာ ဓမ္မသနပလ္လင်
တရားသူကြီးတို့ထိုင်ရာ ဘဋကရဏပလ္လင် စသဖြင့် ပလ္လင် ခြောက်ပါး ရှိသည့်အနက် လူ မင်းတို့ထိုင်ရာ ရာဇ
ပလ္လင်၏ ဥကင်း လက်ဝဲ လက်ယာတွင် လောကနတ်ရုပ်ကို ထည့်သွင်းစီရင်လေ့ရှိပါသည်။

ဓာတ်ပုံ- လမင်းနိုင်

0 ခုလောက် ဝေဖန်ကြည့်ရအောင်:

Post a Comment

Online ပေါ်တွင် ကြော်ငြာများကို ကလစ်နှိပ်၍ ငွေ ရှာ ရန်အတွက် ပုံတွင် ကလစ်နှိပ်၍ မင်ဘာဝင်နိုင်ပါပြီ..

*******************************************************

*******************************************************

*******************************************************

468x60 *******************************************************

*******************************************************

*******************************************************

*******************************************************

*******************************************************

-------------------------------------------------------