ရွှေမင်းသား မှ လှိုက်လှဲစွာ ကြိုဆိုပါတယ်...

Sunday, June 28, 2009

H1N1 ရောဂါ မြန်မာပြည်တွင် ကူးစက်ခံရကြောင်း အတည်ပြု..

ဗဟန်းမြို့ နယ် ၀င်္ကဘာ လမ်း တွင်နေထိုင်သူ ၊ မကြာသေးမီက စင်္ကာပူမှ ပြန်လည် ရောက် ရှိသူ တစ်ဦး သည်
H1N1 positive virus ကူးစက်ခံရကြောင်း ဗဟိုရ်စည် ဆေးကုခန်း မှ ၂၆.၆.၂၀၀၉ တွင် အတည်ပြု လိုက်ပြီ ။
ဟု အတည်မပြုနိုင်သေးသော အင်တာနက် သတင်းများမှ ကြားသိရပြီး မကြာမီ မြန်မာ့ အသံရေဒီယိုမှ
စနေနေ့တွင် ထိုသတင်းကို ထုတ်လွှင့်သွားကြောင်း သိရှိရပါသည်။အသက် ၁၃ နှစ်အရွယ် မိန်းခလေးတစ်ဦး
သည် စင်ကာပူတွင် ကျောင်းတက်နေစဉ် တုပ်ကွေး ရောဂါ ခံစားနေရသောကြောင့် သောကြာနေ့ က ရန်ကုန်ရှိ
ဆေးရုံတစ်ရုံတွင် ဆေးကုသမှု ခံယူပြီး H1N1 ရောဂါ ဖြစ်နိုင်ချေ ရှိမရှိစစ်ဆေး စမ်းသပ်မှုများ ပြုလုပ်ခဲ့ရာ စနေနေ့တွင်
H1N1 ရောဂါ လက္ခဏာ ခံစားနေရကြောင်းတွေ့ရှိရသည်ဟုအတည်ပြုလိုက်နိုင်ပါသည် ဟုဆိုသည်။ မြန်မာနိုင်ငံတွင်
H1N1 ရောဂါ ကို ပထမဆုံးအကြိမ်တွေ့ ရှိခဲ့ခြင်းလည်း ဖြစ်သည်။
လာအို နှင့် ကမ္ဘောဒီးယားနိုင်ငံ တို့ က လည်း ထိုရောဂါ အခြေအနေ ခံစားနေရကြောင်းကို ဗုဒ္ဒဟူးနှင့် ကြာသပတေး
နေ့များတွင် အသီးသီး ထုတ်ပြန်ကြေငြာခဲ့ပါသည်။အိမ်နီးနားချင်းနိုင်ငံများဖြစ်သော ထိုင်းနိုင်ငံ တွင် မေ ၁၂ ရက်
နေ့ကတည်းက
H1N1 ရောဂါ လက္ခဏာ ခံစားနေရသူ ၁၂၀၀ အထက်ရှိခဲ့သည်ဟုဆိုသည်။ စနေနေ့ က ၂ ဦး သေ
ဆုံးသွားကြောင်း ထုတ်ပြန်ကြေငြာခဲ့ပါသည်။
စင်္ကာပူနိုင်ငံတွင်လည်း ၃၆၅ ယောက် ရောဂါ လက္ခဏာ ခံစားနေရကြောင်း အစိုးရမှ ထုတ်ပြန်ကြေငြာခဲ့ပါသည်။

Source: http://www.reuters.com/article/GCA-SwineFlu/idUSTRE55Q1CA20090627

0 ခုလောက် ဝေဖန်ကြည့်ရအောင်:

Post a Comment

Online ပေါ်တွင် ကြော်ငြာများကို ကလစ်နှိပ်၍ ငွေ ရှာ ရန်အတွက် ပုံတွင် ကလစ်နှိပ်၍ မင်ဘာဝင်နိုင်ပါပြီ..

*******************************************************

*******************************************************

*******************************************************

468x60 *******************************************************

*******************************************************

*******************************************************

*******************************************************

*******************************************************

-------------------------------------------------------