ရွှေမင်းသား မှ လှိုက်လှဲစွာ ကြိုဆိုပါတယ်...

Friday, June 26, 2009

ပေါ့ပ် ဘုရင် မိုက်ကယ်ဂျက်ဆင် သေဆုံး

အသက်(၅၀) ရှိပြီဖြစ်သူ မိုက်ကယ်ဂျက်ဆင်သည် လော့အိန်ဂျလိစ်ရှိ သူ၏နေအိမ်တွင် ကြာသပတေးနေ့
နေ့လည်ပိုင်းတွင် ရုတ်တရက် နှလုံးရပ်၍သေဆုံးသွားခဲ့ကြောင်း ကြားသိရပါသည်။ ဒီသတင်း ကြားလိုက်
ရတဲ့သူမအတွက် မျက်ရည်မဆည်နိုင်အောင်ဖြစ်ရပါတယ် ဟု မက်ဒေါနား က www.people.com သို့
ပြောကြားပါသည်။
ပေါ့ပ်စတား တစ်ယောက်ကလည်း မိုက်ကယ်ဂျက်ဆင်ကို အမြဲလေးစားအားကျ ခဲ့ပါတယ်....ကမ္ဘာကြီး
အတွက် တန်ဖိုးရှိတဲ့ လူတစ်ယောက် ဆုံးရှုံးသွားခဲ့ရပေမယ့် သူ့ရဲ့ သီချင်းတွေက ထာဝရရှင်သန်
နေမှာပါ။ သူ့ရဲ့ မိသားစုဝင် တွေနဲ့ အတူကြေကွဲဝမ်းနည်းမှုကို ရင်နှင့်အမျှ ခံစားရပါတယ်.။ဘုရားသခင်
ကောင်းချီးပေးပါစေလို့ ဆိုပါတယ်။
၁၉၉၀ နှစ်လည်ပိုင်းလောက်က မိုက်ကယ်ဂျက်ဆင်နှင့်ခဏတာလက်ဆက်ခဲ့သူ လီဇာ မေရီ ပရက်စလေ
ကဝမ်းနည်းဖွယ်သတင်း ပြောကြားရာတွင် အရမ်းဝမ်းနည်း ခံစားခဲ့ရပါတယ် ဟုဆိုသည်။သူ့အကြောင်းကို
သိခဲ့ရသူတစ်ယောက်အနေနှင့် သူရဲ့ ကလေးများအတွက် အထူးကြေကွဲဝမ်းနည်းခဲ့ရပါတယ်။ကြီးမားတဲ့ ဆုံး
ရှုံးမှုကြီးတစ်ခုပါပဲ။ခံစားချက်ကိုပြောပြစရာ စကားလုံးတောင်မရှိတော့ပါဘူး ဟုဆိုသည်။
မိုက်ကယ်ဂျက်ဆင်နှင့် ခဏတာတွဲခဲ့ဖူးသူ မင်းသမီး Brooke Shields က ပြောကြားရာတွင် စစ်မှန်သော
သူငယ်ချင်းကောင်းတစ်ယောက် ဆုံးရှုံးခဲ့ရတဲ့အတွက် ယူကြုံးမရသော ခံစားချက်တွေ ပြည့်နှက်ခဲ့ရပါတယ်
ဟုဆိုသည်။

0 ခုလောက် ဝေဖန်ကြည့်ရအောင်:

Post a Comment

Online ပေါ်တွင် ကြော်ငြာများကို ကလစ်နှိပ်၍ ငွေ ရှာ ရန်အတွက် ပုံတွင် ကလစ်နှိပ်၍ မင်ဘာဝင်နိုင်ပါပြီ..

*******************************************************

*******************************************************

*******************************************************

468x60 *******************************************************

*******************************************************

*******************************************************

*******************************************************

*******************************************************

-------------------------------------------------------