ရွှေမင်းသား မှ လှိုက်လှဲစွာ ကြိုဆိုပါတယ်...

Wednesday, July 01, 2009

ဝက်တုပ်ကွေး(H1N1)ကို ကြက်ဥမှထုတ်သောဆေးဝါးဖြင့် ကာကွယ်နိုင်ပြီ..


ဝက်တုပ်ကွေးရောဂါ ကြောင့် မြန်မာနိုင်ငံတွင် ကူးစက်မှုကိုကြောက်ရွံ့ ကြသောပြည်သူအများစုမှာ မျက်နှာဖုံး အကာ(Mask) များ အများအပြားဝယ်ယူမှုကြောင့် ယခင်က အကာ တစ်ခုလျှင် ကျပ်၁၅၀ သာရှိရာမှ ယခုတွင် ဝယ်ယူ၍ မရနိုင်လောက်အောင် ပစ္စည်းပြတ်လပ်သွား ကြောင်း မင်္ဂလာဈေးမှ သတင်းများအရ ကြားသိရပါသည်။
အမေရိကန်နိုင်ငံ ကျန်းမာရေးဝန်ကြီးဌါန၏ ထုတ်ပြန် ကြေငြာချက်အရ အမေရိကန်နိုင်ငံ ကုမ္မဏီငယ်လေးဖြစ် သော Protein Sciences Corporation, သည် ကမ္ဘာ့ကပ်ရောဂါအဖြစ် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO က သတ်မှတ်ထားသော ၀က်တုပ်ကွေးရောဂါ ဖြစ်သည့် H1N1 တုပ်ကွေးရောဂါကို ကာကွယ်နိုင်သည့် ဆေးဝါး FluBlok®, အမည်ရ ဆေးကို ထုပ်လုပ်နိုင်ခဲ့သည့် အတွက် အမေရိကန်ဒေါ်လာ ၃၅ သန်း ဆုချီးမြှင့်ခံလိုက်ရကြောင်း သိရသည်။

လွန်ခဲ့သော သီးတင်းပတ် အနည်းငယ်က ဆဲလ်ပွါးခြင်း နည်းပညာကို အခြေခံပြီး ထုတ်လုပ်ထားသော
ဝက်တုပ်ကွေး ရောဂါ H1N1 influenza or ( "swine flu") ရောဂါ၏ ကာကွယ်ဆေး ရှာဖွေ ဖေါ်ထုတ်နိုင်ခဲ့ပြီး တိရိစ္ဆာန်များနှင့် စမ်းသပ်ခဲ့ရာတွင် အန္တရာယ်ကင်းမှုနှင့် စွမ်းရည်ထက်မြက်မှုတို့တွင်ယုံကြည် စိတ်ချ ရသော အနေအထားသို့ ရောက်ရှိခဲ့ပြီ ဖြစ်သောကြောင့် အဆိုပါဆေးကို ယခုအခါ လူသားတို့ အတွက် စတင်စမ်းသပ် အသုံးပြုနိုင်ပြီ ဖြစ်သည်။ ဆေးဝါး၏ အလားအလာ ကောင်းမွန်မှုနှင့်ကာကွယ်မှု စွမ်းရည် ပြည့်ဝရေးအတွက် အချိန်တိုအတွင်း ထုတ်လုပ် နိုင်ရေး တို့အတွက်မူ အနည်းငယ်သော ခြွင်းချက်များ ရှိနေသေးသည်။ ဆေးဝါးကုန်ကြမ်းအဖြစ် အသုံးပြုသော ကြက်ဥသည် မျိုးပွါးနိုင်သောကြက်ဥ အမျိုးအစား ဖြစ်ရမည် ဖြစ်သဖြင့် ကုန်ကြမ်းရှားပါးမှု အနည်းငယ် ရှိလာနိုင်သည်။
H1N1 ၀က်တုပ်ကွေး ရောဂါသည် အခြားသော ဗိုင်းရပ်စ်များ၏ လက္ခဏာများနှင့် မတူဘဲ ကင်းခြေများ
ကောင်ကဲ့သို့ ဆဲလ်များကို ပျံ့ပွါးကူးစက်ခြင်းဖြစ်ကာ မျိုးစေ့များ ပျံ့ပွါးစေခြင်းဖြင့် ရောဂါလက္ခဏာထင်ရှား
လာစေတတ်သော ရောဂါမျိုး ဖြစ်သည်။ ယခုအခါ ဆေးဝါး ထုတ်လုပ်မှုကို သန်း ၅၀ ခန့် တိုးမြှင့်ထုတ်လုပ်
နိုင်ရန် စီစဉ် လျက်ရှိကြောင်းလည်း သိရသည်။


0 ခုလောက် ဝေဖန်ကြည့်ရအောင်:

Post a Comment

Online ပေါ်တွင် ကြော်ငြာများကို ကလစ်နှိပ်၍ ငွေ ရှာ ရန်အတွက် ပုံတွင် ကလစ်နှိပ်၍ မင်ဘာဝင်နိုင်ပါပြီ..

*******************************************************

*******************************************************

*******************************************************

468x60 *******************************************************

*******************************************************

*******************************************************

*******************************************************

*******************************************************

-------------------------------------------------------