ရွှေမင်းသား မှ လှိုက်လှဲစွာ ကြိုဆိုပါတယ်...

Thursday, June 25, 2009

အမှတ်မထင်

တစ်ရက်က လှည်းတန်း (၇)လမ်းထိပ် နဲ့ ပေ(၅၀)လမ်း ဆုံမှာ ဝါယာကြိုးတွေ အချင်းချင်း ရိုက်ခတ်ပြီး မီးလာတဲ့အချိန်မှာ ရှော့ရိုက်ခဲ့ပါတယ်။မကြာခင်အချိန်လေးအတွင်းမှာ လျှပ်စစ်ဝန်ထမ်းတွေ ရောက်လာပြီးတော့ ဟိုကြည့်ဒီကြည့်နဲ့ ခဏအကြာမှာ မီးပြန်လာပါတယ်။နေ့လည်ခင်းမှာတော့ အဲဒီလောက်ပါပဲ...ညနေပိုင်းမှာ ပိုပြီးဆိုးရွားလာပါတယ်။ ရှော့ရိုက်လိုက် ၊မီးပျက်သွားလိုက် ၊ရှော့ရိုက်လိုက် ၊မီးပြန်ပျက်လိုက်နဲ့ ခဏ
ခဏ ဖြစ်ပြီး ခဏခဏကိုပျက်နေတော့တာပါပဲ.အောက်ကနေ လှမ်းကြည့်ရင်မီးကြိုးအကောင်းကြီး လို့ထင်ရပေမယ့် အပေါ်တိုက်ခန်းတွေကနေလှမ်းကြည့်မယ်ဆိုရင် ဝါယာကြိုးတွေ ပေါက်ပြဲနေတာမှ အများကြီးပါ။ လျှပ်စစ်ဝန်ထမ်းတွေတော့ ရောက်လာပါတယ်။ ကြည့်ကြပါတယ်။ဒါပေမယ့် ဝါယာကြိုးတွေ ကို အသစ်ပြန်လဲလိုက်ရင် ပိုကောင်းသွားမှာပါ။ မီးကြိုးလှုပ်တိုင်းသာ ရှော့ရိုက်နေရမယ်ဆိုရင် အဲဒီ အနီးအနားမှာနေတဲ့ လူတွေ အတွက် ရတက်မအေးစရာပါပဲ။ အရင်ကလဲ ဖြစ်တယ်လို့တော့ထင်ရပါတယ်။ မီးကြိုးအတန်းလိုက်မှာ ပေါက်ပြဲနေတာတွေ တွေ့နေရလို့အဲလိုပြောနိုင်တာပါ..တာဝန်ရှိသူများအနေနဲ့ မီးကြိုးလဲပေးစေချင်ပါတယ်။
စီးကရက်သောက်ခြင်းသည် ကျန်းမာရေးကို ထိခိုက်စေနိုင်ပါသည် ဆိုတဲ့ စာသားတွေကို လူတိုင်းတွေ့ဖူး၊ မြင်ဖူးကြမှာပါ။ ရုတ်စွအဆုံး စီးကရက်ဘူးတွေ ပေါ်မှာတောင်မှ တွေ့နေကြရပါတယ်။ အဲလို သတိပေးတာမြစ်ချက်တွေ ကိုနေရာတိုင်းမှာ တင်နေမယ့်အစား စီးကရက်စက်ရုံတွေ ပိတ်ပစ်
လိုက်တာက ပိုကောင်းမယ်ထင်ပါတယ်။ မြန်မာနိုင်ငံမှာ စီးကရက်သောက်သုံးနေကြတဲ့ လူတန်းစားတွေ တော်တော် များများရှိနေကြပါတယ်။သောက်သုံးတဲ့သူတွေ က နေရာမရွေး အချိန်မရွေး လူသူထူထပ်တဲ့နေရာမှာဖြစ်စေ ရုံးတွေ၊ကျောင်းတွေမှာ ဖြစ်စေသောက်နေကြတာကိုတွေ့ရပါ
တယ်။ မူးယစ်ဆေးဝါး ကင်းစင်နယ်မြေ ဆိုတဲ့ ကျောင်းတွေမှာ ဆရာတွေ ဆေးလိပ်ခိုးသောက်ကြရတဲ့ အဖြစ်တွေက မပြေးသော်ကန်ရာရှိ ဆိုသလိုဆေးလိပ်စက်ရုံတွေကြောင့်လို့ ယူဆမိပါတယ်။
အရက်လည်းပဲ ထို့နည်းတူပါပဲ ။ ပေါများလာနေတဲ့ အရက်ဆိုင်၊ဘီယာဆိုင်တွေနဲ့ အတူ စင်တင်တွေ ခောတ်စားလာနေတဲ့ ခောတ်မှာ အရက်ကလည်းရောင်းရအကောင်းဆုံးရောင်းကုန်တစ်မျိုး အဖြစ်ပါဝင်လာပါတယ်။ အဲလိုဆိုင်တွေ မရှိတော့ဘူးဆိုရင် အရက်သမား လူတန်းစားတွေ လည်းရှိတော့
မှာမဟုတ်ပါဘူး။စားအုန်းဆီတွေထဲ ဆပ်ပြာမှုန့်တွေရောပြီးဆီမခဲအောင်ရောင်းချကြောင်းကြားသိခဲ့ရပါတယ်။ စားအုန်းဆီ ၄၂ ဂါလံတွင် ဆပ်ပြာ ၂၀၀ ဂရမ်ထည့်သည်ဆိုသော သတင်းကိုကြားသိခဲ့ပါသည်။ ထိုသို့သာ ရောပြီးရောင်းခဲ့လျှင် ကျနော်တို့လို စားသုံးသူများအဖို့ ဒုက္ခဖြစ်ဖွယ်ရာသာ ရှိပါတော့သည်။
ဆပ်ပြာမှုန့်သွေးလမ်းကြောင်းထဲရောက်သွားလျှင် သွေးထဲတွင် အက်ဆစ်ပမာဏများလာခြင်း၊ အစာလမ်းကြောင်းပေါက်ကုန်ခြင်း၊ အသက်ရှုကျပ်ခြင်း၊သွေးဖိအားကျခြင်း၊ လည်ချောင်းယောင်လာခြင်း၊ ခန္ဓာကိုယ်တွင်းက အင်္ဂါတွေပျက်စီးခြင်းများ ဖြစ်တတ်ပါသည်။(၂၀၀၉) ခုနှစ် ဇွန်လ ကမ္ဘာ့စားအုန်းဆီ
ပေါက်ဈေးတွင် စားအုန်းဆီ တစ်တန်ကို အမေရိကန်ဒေါ်လာ (၇၁၄) ဒေါ်လာ ပေါက်ပါသည်။ ပိဿာနှင့်ပြန်တွက်မည်ဆိုလျှင် တစ်ပိဿာကို (၉၉) ဆင့်ကျပါသည်။ ဒါပေမယ့် ရန်ကုန်မှာ စားအုန်းဆီ တပိဿာ ကျပ် (၂၁၀၀) ၊ မန္တလေးမှာ ကျပ် (၁၉၁၀) ၊ တောင်ကြီးမှာ ကျပ် (၂၁၀၀) နဲ့ စစ်တွေမှာ
ကျပ် (၂၂၀၀) ပေါက်ပါသည်။ စစ်တွေက လူတွေက စားအုန်းဆီကို ကမ္ဘာ့ပေါက်ဈေးထက် ၂ဆပိုပေးပြီး စားရပါတယ်။ဆိုလိုသည်မှာ ဝိသမလောဘတက်နေကြသော စီးပွားရေးသမားများအနေဖြင့် ဘယ်သူသေသေ ငတေမာ ပြီးရော အချိုးမျိုးဖြင့် စီးပွားရှာ၍ မဖြစ်သင့်သော ကိစ္စများ ဖြစ်ခဲ့ခြင်းဖြစ်ပါသည်။
သြော်.....လောဘ....လောဘ....လောဘ။ ပြောပြရင်လည်း ဒေါပွကြမယ် ထင်ပါတယ်....။ ။

0 ခုလောက် ဝေဖန်ကြည့်ရအောင်:

Post a Comment

Online ပေါ်တွင် ကြော်ငြာများကို ကလစ်နှိပ်၍ ငွေ ရှာ ရန်အတွက် ပုံတွင် ကလစ်နှိပ်၍ မင်ဘာဝင်နိုင်ပါပြီ..

*******************************************************

*******************************************************

*******************************************************

468x60 *******************************************************

*******************************************************

*******************************************************

*******************************************************

*******************************************************

-------------------------------------------------------