ရွှေမင်းသား မှ လှိုက်လှဲစွာ ကြိုဆိုပါတယ်...

Friday, June 05, 2009

ဘလော့ဂ်ဂါများနှင့် စာမူများကူးယူခံရမှု

 အီးမေးလ် ဖွင့်ကြည့်တော့ ဘလော့ဂါ မနိုင်းနိုင်းစနေရဲ့ ယောင်္ကျားနဲ့ မိန်းမ ပို့စ်ကို ဧပြီလထုတ် ပြည်တွင်းမဂ္ဂဇင်းတစ်ခုမှာ
ဖော်ပြထားပြီး ရေးသားသူ ၊ ကလောင်အမည် မဖော်ပြပဲ ကူးယူရေးသားထားတာကို တွေ့လို့ ထုတ်ဝေသူတွေ ကြောင့်လား..စာမူရှင်
ကိုယ်တိုင်ရေးထားလားဆိုတာ သေချာမစိစစ်ပဲ ဖော်ပြထားတဲ့ ကိစ္စတွေ မကြာခဏ ကြုံတွေ့ရတာကြောင့် အွန်လိုင်းစာရေးသူ များ၏
မူပိုင်ခွင့်ကို ကာကွယ်ပေးရန် ဆိုသော ရည်ရွယ်ချက် ဖြင့် ဖွဲ့စည်း ထားသော မြန်မာအွန်လိုင်း စာရေးသူများ အသင်း
(Myanmar Online Writers Association) မှ အထက်ပါ ကိစ္စနှင့် ပတ်သက်၍ ထိုမဂ္ဂဇင်းတိုက်သို့ သွားရောက် အသိပေး ခဲ့ကြောင်း
ဖတ်လိုက်ရပါသည်..ကိုယ်တိုင်ခံစားရေးသားထားသော စာမူများကို ထိုကဲ့သို့ ရည်ညွှန်း (Refer..)မပေးပဲ ရေးသားဖော်ပြခြင်းသည်
မူပိုင်ခွင့် ဥပဒေကို ချိုးဖောက်ခြင်း ဖြစ်သည်။ထိုသို့ ကူးယူဖော်ပြသော စာရေးသူများသည် ထိုဥပဒေကို မသိခြင်းလည်း ဖြစ်နိုင်သည်။
ဘလော့ဂါများကို လေးစားခြင်း မရှိသည်လည်း ဖြစ်နိုင်သည်။ မူရင်းရေးသားသူကို ဖော်ပြရန်မေ့သွားခြင်းလည်း ဖြစ်နိုင်သည်။မည်သို့
ပင်ဆိုစေ ၊ စာဖတ်သူ ပရိတ်သတ်များသည် အင်တာနက် ၊ဘလော့ဂ် များနှင့် ကင်းကွာနေ သူများ မဟုတ်ကြပါ။ စာဖတ်သူများ၏ စိတ်
ထဲတွင် ဂျာနယ် ၊ မဂ္ဂဇင်းများမှ စာများ ၊သတင်းများ ကို ဘလော့ဂ်ဂါ များမှ ကူးယူဖော်ပြသည်ဟူသော အတွေးမျိုးဝင်သွားခဲ့လျှင်
ဘလော့ဂါများ၏ ဂုဏ်သိက္ခာကို ထိပါးစေနိုင်ပါသည်။
အမှန်တကယ်တမ်းတွင် အွန်လိုင်းပေါ်မှ ဘလော့ဂ်ဂါများ သည် စာပေအရာတွင်လည်းကောင်း၊နည်းပညာတွင်လည်းကောင်း၊ ဂျာနယ်၊
မဂ္ဂဇင်းများမှ စာရေးဆရာ များထက် အရေးအသားကောင်းသည်လည်းရှိ၏။ အသိပညာ ပိုမို ဖွံ့ဖြိုးသည်လည်းရှိ၏။ ဘလော့ဂ်ဂါများသည်
မိမိတို့၏ငွေကြေး ၊အချိန်တို့ကို ကုန်ကျခံကာမည်သည့် မျှော်လင့်ချက်မျိုးမှ မရှိသော ဖြူစင်သည့်အတွေး ၊ဖြူစင်သည့် ကဗျာ၊ ဖြူစင်သော
နည်းပညာ ၊ ဖြူစင်သော ရသမျိုးစုံ မျှဝေလိုသော ဆန္ဒ ရှိကြပါသည်။ သူတို့၏ မွန်မြတ်သော စိတ် ၊စေတနာများ သည် တန်ဖိုးဖြတ်၍ မရ
သော အရာများ ဖြစ်သည်။
ကျနော်သည်လည်း အခြားသော ဘလော့ဂ်များမှာ ကြိုက်နှစ်သက်သောစာသားများကို ကူးယူပြီး မည်သည့် ဘလော့ဂ်မှ ရယူ ဖော်ပြသည်
ဟူသော စာသားများထည့်သွင်းရေးသားခဲ့ပါသည်။ အခြားသူများမှလည်း ကျနော့် ဘလော့ဂ်မှ ကူးယူဖော်ပြသည်လည်းရှိသည်။ ဘလော့ဂ်
ဂါများသည် အချင်းချင်း လေးစားကြပါသည်။ကူညီကြသည်။ ရိုင်းပင်းကြသည်။ စာနာတတ်ကြသည်။ကလောင်စွမ်းဖြင့် စာပေများကို
စာရွက်ပေါ်တွင် ဖန်တီး ကြသူများ မဟုတ်သော်လည်း ဇော်ဂျီစွမ်းဖြင့် အွန်လိုင်းပေါ်တွင်စာပေများရေးသားပြီး စာဖတ်သူထံသို့ မိနစ်ပိုင်း
အတွင်း အရောက်ရေးသားပေးပို့နိုင်စွမ်းရှိကြသည်။ဘလော့ဂ်ဂါ များသည်လည်း လူတန်းစားမျိုးစုံ ပါဝင်သော ကွန်ရက် တစ်ခုဖြစ်သည်။
လူကိုမလေးစားလျှင်သော်မှ စာပေကို လေးစားသင့်သည်။ဖြူစင်သော စေတနာနှင့် မွန်မြတ်သော စိတ်ဓာတ်ကို လေးစားသင့်သည်။
ယခု စာရေးသားနေရင်း ကိုမောင်လှ ဘလော့ဂ်ကို ဖတ်မိပါသည်။သူ၏ စာပေများကို ပြည်တွင်းဂျာနယ် အချို့  မှ အသိမပေးဘဲ ဖော်ပြ
နေသည့် ကိစ္စ နှင့်
လောကအလှ မဂ္ဂဇင်းက အင်တာဗျူးများကို ပြည်တွင်းထုတ် Personal Computer မဂ္ဂဇင်းက မည်သည့် ခွင့်ပြုချက်မှ
တောင်းခံခြင်း၊ အကြောင်းကြားခြင်းမရှိဘဲ အသုံးပြုထားသည့် အတွက် လောကအလှ အယ်ဒီတာ အဖွဲ့မှ ယင်း PC မဂ္ဂဇင်းအား
တရားဥပဒေအရ တရားစွဲဆိုမည်ဟုဆိုသည်.. PC မဂ္ဂဇင်းမှ ကိုးကားရေးသား ထားသည် ဆိုသော်လည်း
လောကအလှမှ မေးထားသည့်
မေးခွန်းများကို ဖြုတ်ပြီး ဖြေကြားချက်များကို ၏ သည် မရွေး ပြန်လည် အသုံးပြုထားသည်ကို တွေ့ရပါသည်...ဟုဆိုသည်။
ဘလော့ဂ်ဂါများသည်လည်း ကိုယ်တိုင်ရေးသားသော အကြောင်းအရာများကို ကိုယ်ကိုယ်တိုင် တာဝန်ယူနိုင်ရမည်။ကူးယူဖော်ပြထားသော
ပို့စ် ဖြစ်ခဲ့လျှင်လည်း မည်သည့်နေရာမှ ရယူသည်ဆိုသော Refer: (ရည်ညွှန်း) ပေးသင့်သည်။တစ်စုံတစ်ရာသော အကြောင်းကိစ္စနျင့် ညိစွန်း
မည့် အဖြစ်မျိုးကို ရှောင်ကြဉ်နိုင်ရမည် ဟု ကျနော် ယုံကြည်ပြီး ဘလော့ဂ်ဂါများကိုလည်း မိမိ စာမူများကို ကာကွယ်နိုင်ရန် တိုက်တွန်း ရေးသား
တင်ပြလိုက်ရပါသည်။

1 ခုလောက် ဝေဖန်ကြည့်ရအောင်:

  • မင်္ဂလာပါ .... says:
    July 2, 2009 at 9:58 AM

    ရွှေမင်းသား ရေ.....ကျမဘလော့မှာ ပြန်လည်ဖော်ပြဖို့ ကူးယူသွားပါတယ်....အမြဲအားပေးလျှက်ပါ...လမ်းကြုံရင်လည်းလာလည်ပါဦးနော်

    www.hninhaymar.blogspot.com

Post a Comment

Online ပေါ်တွင် ကြော်ငြာများကို ကလစ်နှိပ်၍ ငွေ ရှာ ရန်အတွက် ပုံတွင် ကလစ်နှိပ်၍ မင်ဘာဝင်နိုင်ပါပြီ..

*******************************************************

*******************************************************

*******************************************************

468x60 *******************************************************

*******************************************************

*******************************************************

*******************************************************

*******************************************************

-------------------------------------------------------