ရွှေမင်းသား မှ လှိုက်လှဲစွာ ကြိုဆိုပါတယ်...

Sunday, September 09, 2007

ရေတွက်လို့မရတဲ့ "သုည"

"သုည"ဆိုတာ ကိန်းဂဏန်းလေးတခုပါ။ ဗလာလို့မှတ်ယူကြပါတယ်။ ဗလာဆိုတာကနတ္ထိ။ ဘာမှမရှိခြင်းကို ပြတဲ့ ဂုဏ်သတ္တိ....။ကျနော်စဉ်းစားမိတာက သုည ရဲ့ ဗလာနတ္ထိ အကြောင်း...။သုည ရဲ့အကြောင်းကိုသင် သေသေချာချာ စဉ်းစားမိရဲ့လား? ကျနော်တို့ငယ်ငယ်လေးကတည်းက လူ့လောကကိုရောက်လာပြီ ဆိုတာနဲ့ ကိန်းဂဏန်းတခုခုနဲ့ ငြိနေကြပါတယ်။လူ့လောကကြီးကို ဗလာနတ္ထိ သုညဘဝနဲ့ ရောက်လာပြီး ပြန်ထွက်သွားတော့လည်း ဗလာနတ္ထိ ဘဝမျိုးနဲ့ ပြန်သွားကြရတာပါပဲ။ဘာပဲလုပ်လုပ် ကိန်းဂဏန်းတစ်ခုမဟုတ် တစ်ခုတော့ ပါတတ်စမြဲ.....။ရေတွက်တဲ့ နေရာမှာလည်း သုညကစတယ်။ဒီလိုပဲ သင်္ချာဂဏန်းမှာလည်း ပလေ့စ်ဗယ်လ်လူး (palace value) ဆိုတဲ့ နေရာလိုက် တန်ဖိုး ၊ ဖေ့စ်ဗယ်လ်လူး (face value) ဆိုတဲ့ ကိုယ်ပိုင် တန်ဖိုး ဆိုတာကိုသင်ခဲ့ရမှာပါ........။ဒီအကြောင်းအရာတွေက သူငယ်တန်းကစလို့ ကျနော်တို့ ဘဝတသက် တာလုံး သိကြရမဲ့ သင်္ချာပညာတွေပါ။ဘယ်ကိန်းဂဏန်းပဲဖြစ်ဖြစ် သူ့မှာ ကိုယ်ပိုင်တန်ဖိုးနဲ့ နေရာလိုက်တန်ဖိုး ဆိုပြီးရှိကြပါတယ်...။ယူထားတဲ့နေရာကိုမူတည်ပြီး သူ့တန်ဖိုးကိုသိရတာပါ။ကိုယ်ပိုင်တန်ဖိုးနဲ့ နေရာလိုက်တန်ဖိုး ဆိုတဲ့နေရာမှာ...ဥပမာ - ၅၂၈ ဆိုတဲ့ဂဏန်းတွဲရဲ့ နှစ်ဆိုတဲ့ဂဏန်း နေရာလိုက်တန်ဖိုးက နှစ်ဆယ် ဖြစ်ပြီး ၊ ကိုယ် ပိုင်တန်ဖိုးက နှစ် ဖြစ်ပါတယ်။သုညရဲ့ ကိုယ်ပိုင်တန်ဖိုးက ဘာမှမရှိခြင်း ဖြစ်ပေမယ့် နေရာအထားအသို အပေါ် မူတည်ပြီး နေရာလိုက်တန်ဖိုးမြင့်သွားပါတယ် ...။သင်္ချာ ပညာမှာရော ၊ လောကကြီး မှာပါ အပြည့်ကိန်းကြီးပဲ သုံးမယ်ဆိုရင် မဖြေရှင်းနိုင်တဲ့ ပြဿနာတွေ ကြုံလာနိုင်ပါတယ်...။ဘာမှမရှိတဲ့ ဗလာကိန်းကို ဖေါ်ပြဖို့အတွက် တော့ သုညဆိုတဲ့ ဒီ (၀)သုည ဂဏန်းလေးဟာ အရေးပါလှပါတယ်...။
(၁)ဆိုတဲ့ အပြည့်ကိန်းနဲ့ ဘယ်ဂဏန်းကိုမဆို မြှောက်ရင် မြှောက်လဒ်က အမြဲတမ်း အပြည့်ကိန်းဖြစ်ပြီး ရေတွက် လို့မရတဲ့ သုညနဲ့ မြှောက်လိုက်မယ်ဆိုရင် မြှောက်လဒ်ဟာသုညပါပဲ...။ဒါကြောင့် သုညဟာမျြောက်လို့မရတဲ့ ဂဏန်းတစ်ခုဖြစ်ပြီး ပေါင်းလို့သာရပါတယ်..။ဒါကြောင့် ကျနော်တို့ သုည ဖြစ်သင့်ပါသလား?သုညတွေလား? ကိုယ်ပိုင်တန်ဖိုး တစ်ခုခုတော့ ရှိမှာပါ။ တစ်လုံးတည်းထားတဲ့သုညဟာ အသုံးမဝင်ဘူးလို့ပြောလို့ရပေမယ့် ထောင်၊ သောင်း၊ သိန်း၊ သန်း၊ ဆိုတဲ့ ဂဏန်းတွေဖြစ်လာဖို့တွက် သုညဟာအရေးပါတာကိုတော့ ငြင်းလို့မရပါဘူး....။
သုည ကစခဲ့တဲ့ ဘဝတစ်ခုကို အကောင်းဆုံးနဲ့ အကျေနပ်ဆုံး ၊တန်ဖိုးအရှိဆုံး တန်ဖိုးလေးဖြစ်ခဲ့မယ်ဆိုရင် သင်ရော သင့်ဝန်းကျင်ရော ... လောကကြီးရော သာယာနေမှာပါ.....။


ုံ

0 ခုလောက် ဝေဖန်ကြည့်ရအောင်:

Post a Comment

Online ပေါ်တွင် ကြော်ငြာများကို ကလစ်နှိပ်၍ ငွေ ရှာ ရန်အတွက် ပုံတွင် ကလစ်နှိပ်၍ မင်ဘာဝင်နိုင်ပါပြီ..

*******************************************************

*******************************************************

*******************************************************

468x60 *******************************************************

*******************************************************

*******************************************************

*******************************************************

*******************************************************

-------------------------------------------------------