ဂျီမေးလ်အပြင် အခြား အီးမေးလ်ဝန်ဆောင်မှုများ
Mashable.com (ဘာသာပြန်) ၂၀၀၇၊ စက်တင်ဘာ ၇
မိုက်ခရိုဆော့ဖ်ကတော့ ပိုအဆင့်နိမ့်တဲ့ ၎င်း၏ Hotmail ဝန်ဆောင်မှုကို Windows Live Installer မှာ အခုအပတ်အတွင်း ကြော်ငြာနေတယ်။ ဂျီမေးလ်ကတော့ ကျွန်တော်များ အကြိုက်ဆုံး နံပါတ် ၁ ဆက်ဖြစ်နေဆဲပါ။ ဒါပေမဲ့ အခြားသော မေးလ်ဝန်ဆောင်မှုများစွာထဲမှလည်း ရွေးချယ်နိုင်ပါသေးတယ်။ သာမာန် အီးမေးလ်ပို့ရုံပဲလား၊ တစ်နေရာထဲမှာ အားလုံးစုဖတ်ချင်တာလား၊ တစ်စုံတစ်ယောက်ကို နောက်ရုံပဲလား၊ လူတိုင်းအတွက် အီးမေးလ်ဝန်ဆောင်မှုတွေ ရှိပါတယ်။
အီးမေးလ်ဝန်ဆောင်မှုများ
30Gigs.com - ဂစ်ဂါဘိုက် သုံးဆယ်ပေးတဲ့ အီးမေးဆိုက်ပါ။
AIM Mail - AOL ဆိုတဲ့ နာမည်ကြီး America Online ဝန်ဆောင်မှု ကွန်ရက်ထဲကို ဝင်ရောက် သုံးစွဲနိုင်ပါတယ်။
Aussie Mail - သြစတြေးလျက အီးမေးလ်။
BigString.com - အီးမေးလ် ပုံ့ရုံတင်မကဘူး။ ပို့ပြီးမှာ နောင်တ ရစရာ မရှိလေရအောင် ပို့ထားတဲ့ အီးမေးလ်တွေကို ပြန်ရုပ်သိမ်းခွင့် ပြုထားတယ်။ ၂ဂစ်ကနေ ၂၀ဂစ်ထိ ရနိုင်ပါတယ်။
Bluebottle.com - Spam တွေကို ကောင်းကောင်း ကာကွယ်နိုင်တယ်။ ကိုယ်သိတဲ့လူက ပို့မှ လက်ခံအောင် ထိကို လုပ်လို့ရတယ်။
Boarderemail.com - ဘာမှ ထွေထွေထူးထူး သိပ်မပါဘဲ လူတိုင်းကြိုက်သလို ယူနိုင်တဲ့ အီးမေးလ်။
Canada.com - နိုင်ငံတစ်ခုနာမည်နဲ့ အီးမေးလ်ယူချင်ရင် ကနေဒါနိုင်ငံကတော့ ဒီလို လုပ်ပေးထားပါတယ်။
Canoe.ca - ကနေဒါကပဲ။
Care2.com - ဖရီးလည်းပေးတယ်။ ကြော်ငြာက ဝင်ငွေ ၅%နှုန်းကိုလည်း လှူတန်းသေးတယ်။
DCEmail.com - ဝါရှင်တန်ဒီစီက ဖရီးမေးလ်တစ်ခု။
DBZMail.com - Outblaze နဲ့သုံးပါတယ်။ Dragonball Z လိပ်စာတွေ သုံးချင်တဲ့ ကာတွန်းဝါသနာအိုးတွေအတွက်။
DidaMail.com - အင်္ဂလိပ်နဲ့ အာရပ် နှစ်ဘာသာ သုံးလို့ရအောင် ပြင်ပေးထားပြီး အပြင်က POP3 တွေကိုလည်း ဆွဲချလို့ ရတယ်။
EmailAccount.com - မေ့ရခက်မယ့် အီးမေးနောက်တစ်ခု။
Fastermail - Outblaze သုံးထားတဲ့ ဖရီးနောက်တစ်ခု။
FastMail.fm - ၁၀မက်ဂါဘိုက်ကနေ ၂ဂစ်ဂါဘိုက်ထိ ကြိုက်သလို ဝယ်သုံးလို့ ရပါတယ်။
Gawab.com - ၁ဂစ်ပါတယ်။ ၁၂ဘာသာ လုပ်နိုင်တယ်။
Graffiti.net - ၁၀၀မက်ပါတယ်။ Outblaze သုံးထားတဲ့ နောက်ဖရီးမေးလ် တစ်ခု။
Hotpop.com - ၁၀၀မက် သိမ်းထားလို့ ရပေမယ့် လိုချင်မှ လိုမှာပါ။ POP3 နဲ့ အပြင်ကနေ ဆွဲချလို့ ရလို့ပဲ။
Hushmail.com - ရှူး… တိုးတိုးတိတ်တိတ် လုပ်ရမယ့် ကိစ္စတွေ အတွက် အီးမေးလ်ကော ဖိုင်တွေကော encrypt လုပ်ပြီးမှ သိမ်းတဲ့ ဝန်ဆောင်မှု။
ICQmail.com - premium accounts ဖွင့်ထားရင် ၂ဂစ်ထိ ရနိုင်တယ့် အီးမေးလ်။
Inbox.com - အွန်လိုင်း သိမ်းမှာဆိုရင် ၅ဂစ်၊ IMAP လုပ်ချင်တာဆိုရင် ၂ဂစ်ရမယ်။
India Times - အိန္ဒိယဘာသာ ၁၁မျိုးအပြင် အင်္ဂလိပ်လိုနဲ့ပါ သုံးနိုင်တဲ့ ဖရီးအီးမေးလ်။ ပြက္ခဒိန်နဲ့ သတိပေးဝန်ဆောင်မှု တွေပါ ပါတယ်။
InMail24.com - ၁၆မက်ပဲ ရတယ်၊ ဒါပေမဲ့ POP3 နဲ့ IMAP ကို ဖရီးပေးထားတယ်။
Jubii.com - အီးမေးလ်အပြင် ချတ်၊ VoIP၊ ဖိုင်တင်တာနဲ့ ဖလှယ်တဲ့ ဝန်ဆောင်မှု။
LinuxMail.org - Outblaze သုံးတဲ့ နောက်အီးမေးလ်တစ်ခု။
Litepost.com - အခုမှ စမ်းတုန်းပဲ ရှိပါသေးတယ်။ နောက်ပိုကောင်းအောင် လုပ်မယ်လို့ ဆိုတယ်။
Lycos Mail - ၃ဂစ်ပေးတယ်၊ ဖိုင်တွဲဖို့ ဆိုက် အကန့်အသတ် မထားပါ။
Mail.com - ပုံမှန် ပါသင့်တာတွေ အားလုံးပါပြီး ဒိုမိန်းအမည် ၂၅၀ကျော်ထဲက ကြိုက်တာ ရွေးနိုင်တယ်။
Mail2World.com - အကန့်အသတ်မရှိ သိမ်းဆည်း ထားသိုနိုင်ပြီး ဒိုမိန်းပေါင်း ၂၀၀၀ကျော် သုံးလို့ ရတယ်။
MailSnare.net - ၄၀မက်နဲ့စပြီး ၁၀ဂစ်ထိ တိုးချဲ့ ဝယ်ယူသုံးစွဲနိုင်ပါတယ်။
MerseyMail.com - လစ်ဗာပူးတက္ကသိုလ်က ပေးတဲ့ အီးမေးလ်ပါ။
MSN Hotmail - ဖရီးအီးမေးလ် ဘိုးအေကြီးပါ။
MuchoMail.com - ဖရီးဆိုရင် ၂၅မက်၊ ပိုက်ဆံပေးရင် ၁ဂစ် ရမယ်။
MyWay.com - စာသားနဲ့ချည်း သက်သက်လုပ်ထားတဲ့ ကြော်ငြာတွေပဲ ပြပြီး မိတ်ဆွေတို့ အီးမေးလ်စာမျက်နှာတွေ မြန်အောင် လုပ်ပေးထားတယ်။
Opera Mail - Opera browser ကို ပံ့ပိုးအားပေးဖို့ ဖွင့်လှစ်ထားတာ၊ ၃မက် ရမယ်။
OutGun.com - Outblaze သုံး နောက်တစ်ခု။
Postmaster.co.uk - အင်္ဂလန်က ၁ဂစ်ပေးတဲ့ ဖရီးဆိုက်တစ်ခု။
ProntoMail.com - ၂၅မက်ဆန့်တယ်။ ၂မက်ထိ ဖိုင်တွဲနိုင်တယ်။
Rediff.com - ဖရီးဆိုရင် ၁ဂစ် သိမ်းနိုင်၊ ၁၀မက်ထိ ဖိုင်တွဲပို့နိုင်တယ်။ ပိုက်ဆံပေးပြီး ပိုကြီးတာတွေ လုပ်နိုင်တယ်။
Runbox.com - အီးမေးလ် ၁၀ဂစ်ထိသိမ်း၊ ဖိုင်က ၁ဂစ်ထိသိမ်းနိုင်တယ်။ ကြော်ငြာမပါ၊ အခြား စွမ်းဆောင်မှုတွေ အများကြီး ပါသေးတယ်။
SacMail.com - ၂၅မက်သိမ်းတယ်၊ ၃.၅မက် ဖိုင်တွဲနိုင်တယ်။
Safe-mail.net - ၃မက်ပဲ ပေးတယ်။ ဒါပေမယ့် အဓိက ဆွဲဆောင်မှုက အချင်းချင်းပို့ရင် အကြီးအကျယ် encrypt လုပ်တယ်။
UReach.com - သူတို့ရဲ့ UOrganize ဝန်ဆောင်မှုကို ဖရီးစမ်းလို့ရအောင် ပေးထားတာ။
VFEmail.net - ၁၅မက် ဖရီးရမယ်၊ ပိုများချင်ရင် ပိုက်ဆံပေး ဝယ်လို့ ရတယ်။
Yahoo Mail - နောက် ဖရီးအီးမေးလ် ဘိုးအေကြီး တစ်ခု။
Zilladog.com - ကလေးတွေ အတွက် အထူးစီစဉ်ထားတဲ့ အီးမေးလ်ဆိုက်၊ ဂိမ်းတွေပါတယ်။ လုံခြုံတယ်။
အီးမေးလ်ကိရိယာများ
Fuser.com - သာမန်အီးမေးလ်စာတွေ အပြင် social network site တွေက စာတွေကို တစ်နေရာထဲကနေ ကြည့်လို့ရအောင် ဖန်တီးပေးထားတာပါ။ Yahoo Mail, Gmail, Hotmail စတာတွေကို လက်ခံပါတယ်။
Grab Mail - အီးမေးလ်ဝန်ဆောင်မှုမျိုးစုံကို တစ်နေရာထဲကနေ ဆွဲကြည့်နိုင်ပါတယ်။
Jump2Email.com - အလုပ်က အီးမေးလ်ကို တစ်ကမ္ဘာလုံး ဘယ်နေရာမဆို ကြည့်နိုင်ပါတယ်။
Mail2Web.com - POP3/IMAP မျိုးစုံကို ကြိုက်တဲ့နေရာကနေ ဖွင့်သုံးနိုင်ပါတယ်။
MyEmail.com - POP3/IMAP တွေကို ဆွဲချနိုင်ပြီး ၁၀၀မက်ထိ သိမ်းထားနိုင်ပါတယ်။
Tamadaa.com - ပုဂ္ဂလိကဒိုမိန်းတွေအပါအဝင် Yahoo Gmail တို့ကိုပါ တစ်နေရာထဲကနေ ဆွဲချနိုင်ပါတယ်။
Techemail.com - ပညာရှင်လိုလို လုပ်ချင်ရင်တော့ ဒီ “@techemail.com” ဆိုတဲ့ ဖရီးဆိုက်မှာ ၂၅မက်ထိ ပေးပါတယ်။
အခြားအထွေထွေ အီးမေးလ်ဝန်ဆောင်မှုများ
EarthClassMail.com - စာတိုက်နေလာတဲ့ စာတွေကို စကင်ဖတ်တင်ပေးတဲ့ ဝန်ဆောင်မှုပါ။ ကိုယ်က အဲဒီထဲကနေ ဘယ်ဟာကို ဖွင့်ပြီး စကင်န် ဖတ်ခိုင်းမယ်၊ ဘယ်ဟာကိုတော့ ဖျက်ပစ်မယ်၊ ဘယ်ဟာကို လွှင့်ပစ်မယ်၊ ဘယ်ဟာကိုတော့ စာအိပ်လိုက် ကိုယ့်ဆီရောက်အောင် ပို့ပေးပါ စသဖြင့် ရွေးချယ် ညွှန်ကြားနိုင်ပါတယ် ခင်ဗျ။
FutureMe.org - ကိုယ့်ဘာသာကိုယ် အနာဂတ် တစ်ချိန်ချိန်မှာ စာပို့ချင်ရင် ဒီမှာ အခုထဲက သွား ကြိုရေးထားလို့ရတယ်။
hoaxMail - အီးမေးလ်အတုတွေ အယောင်ဆောင်ဖက်စ်တွေကို ဒီကနေ ဘယ်သူမှ မသိစေဘဲ ပို့လို့ရတယ်။
L8r.nu - နောင် ငါးနှစ်အထိ ကိုယ့်ဘာသာကိုယ် ပြောချင်တာကို အီးမေးလ် ကြိုပို့ထားလို့ရတယ်။
Postful.com - သာမန်အီးမေးလ်လိုပဲ စာရေး၊ အိမ်/ရုံးလိပ်စာကို subject ထဲမှာ ထည့်ရေးပြီး ပို့ပေးလိုက်ရင် သူတို့က ပရင့်ထုတ်ပြီး စာတိုက်ကနေ တဆင့် ပို့ပေးပါလိမ့်မယ်။ ၉၉ပြားပဲ ကျပါတယ်။
Pranketh.com - သူများဆီက ပို့သလိုမျိုး ရုပ်ဖျက်ပြီး အီးမေးလ်ပို့လို့ ရပါတယ်။ သူတစ်ပါး ထိခိုက်နစ်နာ စေမှာတွေကိုတော့ ခွင့်မပြုပါဘူး။
ShinyLetter.com - အီးမေးလ်ရေး၊ ဖောင့်တွေ စတိုင်လ်တွေရွေးပြီး ပို့လိုက်ပါ။ သူတို့က စာတိုက်ကို ပြေးပေးပါလိမ့်မယ်။
Spam နှိမ်နင်းရေးနှင့် ယာယီအီးမေးလ်ဝန်ဆောင်မှုများ
2Prong.com - ဒီဆိုက်ကို သွားလိုက်ရုံနဲ့ တစ်ခါသုံးအီးမေးလ် လိပ်စာတစ်ခုကို ထုတ်ပေးပါလိမ့်မယ်။ Clipboard ထဲကိုတောင် အော်တိုထည့်ပေးတာမို့ ကိုယ်သုံးချင်တဲ့နေရာမှာ paste လုပ်ရုံပဲ ကျန်ပါတော့တယ်။
Dodgeit.com - စာလက်ခံလို့ပဲ ရတယ့် အီးမေးလ်လိပ်စာအတုတွေ ဖန်တီးပြီး spam များကို နှိမ်နင်းကြစို့။
E4ward.com - အီးမေးလ်အပိုတွေ နာမည်ပြောင်းလဲ ခံယူထားပြီး မလိုတော့ရင် စွန့်ပစ်လို့ ရပါတယ်။
Emailias.com - ယာယီသုံး အီးမေးလ်တွေ လိုမယ်ထင်သလောက် လုပ်ယူလို့ရတယ်။
GishPuppy.com - အီးမေးလ် နာမည်တုတွေ (alias) ဖွင့်ထားပြီး ကိုယ့်အီးမေးလ်အစစ်ကို forward လုပ်ထားပြီး ဘယ်ဆိုက်မှာ သုံးတာက spam ထည့်ခံရလဲဆိုတာ ဖမ်းလို့ ရတယ်။
GuerrillaMail.com - Spam အန္တရာယ်က ကာကွယ်ဖို့ ၁၅မိနစ်ခံ အီးမေးလ်။
MailExpire.com - ၁၂နာရီကနေ ၃လအထိ ခံတဲ့ ယာယီအီးမေးလ်ဝန်ဆောင်မှု။
Mailnator.com - ကြိုက်သလို နာမည်ရွေးယူ၊ မှတ်ပုံတင်နေစရာတောင် မလိုဘူး။ လာသမျှစာကို သူတို့ဆိုက်ကနေတင် ဖွင့်ကြည့်လို့ရတယ်။
PookMail.com - ၂၄နာရီကြာ ခံမယ့် ယာယီအီးမေးလ်။
Spam.la - ဝက်ဆိုက်တွေမှာ စာရင်းဖွင့်ဖို့ သုံးလို့ရတဲ့ ယာယီအီးမေးလ်။
Spambox.us - ၃၀မိနစ်ကနေ ၁နှစ်အထိ ယာယီဖွင့်လို့ ရတဲ့ အီးမေးလ် လိပ်စာတု။ အဲဒီကိုလာတဲ့ စာတွေကို သင့်ရဲ့ အီးမေးလ်အစစ်ဆီ forward လုပ်ထားလို့ရတယ်။ မလိုတော့ရင် ဖြုတ်ချလိုက်ရင် သင့်ရဲ့ ခြေရာပျောက်ပြီပေါ့။
Spamex.com - ကိုယ့်အီးမေးလ် အစစ်ကို ကာကွယ်ဖို့ ယာယီသုံး အီးမေးလ်ဝန်ဆောင်မှုတွေထဲမှာ လူကြိုက်များတဲ့ ဝန်ဆောင်မှုတစ်ခု ဖြစ်ပါတယ်။
Spamgourmet.com - နောက် ယာယီသုံး အီးမေးလ်တစ်ခု။
TempInbox.com - ယာယီ စာလက်ခံရုံသာ လုပ်နိုင်တဲ့ အီးမေးလ်တစ်ခု။
ZoEmail.com - နဲနဲလေး အားစိုက်လိုက်ရင် ဒီယာယီအီးမေးလ်ကို spam မရှိတော့အောင် လုပ်နိုင်တယ်။
ဒီ Post ကို ဒီနေရာ ကယူထားတာပါ။
0 ခုလောက် ဝေဖန်ကြည့်ရအောင်:
Post a Comment