Yonhap ၏ သတင်းထုတ်ပြန်ချက်အရ တန်ချိန် ၄,၀၀၀ ရှိသည့် Zues-ho အမည်ရှိ ကုန်တင်သင်္ဘောသည် တရုတ်နိုင်ငံ အနောက်တောင်ဘက် မကာအို အနီး ၅၇ ကီလိုမီတာ အကွာ ရေပြင်တွင် နစ်မြုပ်နေသည်ကို ညနေ ၄ နာရီ ၁၀ မိနစ်၌ တရုတ်ကယ်ဆယ်ရေး သင်္ဘောကတွေ့ရှိခဲ့သည်ဟု ဆိုသည်။
ထို့ပြင် Yonhap က အဆိုပါသင်္ဘောသည် ဗုဒ္ဓဟူးနေ့အစောပိုင်းတွင် စင်္ကာပူ ရေကြောင်း အာဏာပိုင်များထံသို့ အရေးပေါ် အကူအညီ တောင်းခံခဲ့ပြီးနောက် ရေဒီယိုအဆက်အသွယ် ပြတ်တောက်သွားခဲ့သည်ဟု ဆိုသည်။
တရုတ်အာဏာပိုင်များက တန်ချိန် ၃,၅၀၀ ရှိသည့် ကယ်ဆယ်ရေးသင်္ဘောနှင့် လေယာဉ်တို့ကို အခင်းဖြစ်ပွားရာ နေရာသို့ စေလွှတ်ခဲ့သော်လည်း တိုင်ဖွန်း Hagupit တိုက်ခတ်နေမှုကြောင့် ကယ်ဆယ်ရေးလုပ်ငန်း နှောင့်နှေးခဲ့ရသည်ဟု သိရသည်။
တောင်ကိုရီးယားတွင် မှတ်ပုံတင်ထားသည့် သင်္ဘောဖြစ်သည့် Zues-ho သည် ကုန်ပစ္စည်း တန်ချိန် ၆,၂၀၀ ကို တင်ဆောင်ကာ တနင်္ဂနွေနေ့တွင် ဗီယက်နမ်မှ ထွက်ခွာခဲ့ပြီး တောင်ကိုရီးယားရှိ Masan ဆိပ်ကမ်းသို့ လာမည့် တနင်္ဂနွေနေ့တွင် ဆိုက်ကပ်ရန် လျာထားခဲ့သည်ဟု Yonhap က ထုတ်ပြန်ခဲ့သည်။
0 ခုလောက် ဝေဖန်ကြည့်ရအောင်:
Post a Comment