မြင်မြင်ချင်း ချစ်ခဲ့မိတဲ့ ကျနော့်ရဲ့ အဖြစ်ကို အချစ်စစ် အချစ်မှန် မဟုတ်ဘူးလို့ သင်ပြောနိုင်ပါသလား ? ကျနော့်ဘက်က သေချာတာတစ်ခု ကတော့ သူ့ကို "
အရမ်း ချစ်တယ် " ဆိုတာပါပဲ..။သင်က အဲဒီလို စဉ်းစားမိ ရင်လည်း စဉ်းစားကြမှာပါပဲ....မုသားလို့ သင်ထင်မြင်မှာပါ..ဒါပေမယ့် ဒါဟာအစစ်အမှန် ပါ.... ရက်တွေ ၊လတွေ ၊ နှစ်တွေ ကြာလာပါမှ အချစ်စစ် အချစ်မှန် ပေါ်လာနိုင်သလို ၁ မိနစ် ၊ ၁ စက္ကန့် ၊ တစ်ဒဂ္ဂင်္ အချိန် လေး အတွင်းမှာ ရင်ထဲက အချစ်တွေ ပွင့်ဖူးလာမယ် တိုတာကိုတော့ ကျနော် ပြောနိုင်ပါတယ်...........
ဘာမိတ်ကပ်မှ ချယ်သမထားတဲ့ သူ့ ရဲ့ အကြော စိမ်းများယှက်နွယ် နေတဲ့ မျက်နှာ ၊ နှုတ်ခမ်းနီ မဆိုးထား လည်းဘဲ လှပနေတဲ့ သူ့ ရြ့နှုတ်ခမ်းလေး ၊ကျောပိုးအိတ်လေးကို လွယ်ပိုးထားတဲ့ သူ့ ရြ့ ဟန်အမူအရာ ၊ ဘယ် လိုပဲ ကြည့်ကြည့် လှပကြော့ရှင်းနေတဲ့ သူ့ ကို ခင်မင် ရင်းနှီး တာထက်ပိုပြီး ရင်ခုန်သွားမိတာ ကျနော် လွန်မလား.....?
အချစ်ကို လူတွေက အမျိုးမျိုး ပြောကြပါတယ်...
ရယူ ပိုင်ဆိုင် ခြင်း...................ပေးဆပ်ခြင်း..........................စွန့်လွှတ်ခြင်း.......................အနစ်နာခံခြင်း..........................တန်ဖိုးထားခြင်း.......................နားလည်မှု ၊ ကြင်နာမှု ၊ ရိုးသားမှု ၊ ပွင်းလင်းမှု ၊ စသဖြင့် ပေါ့လေ....သင်ကရော ဘယ်လို ထင်ထားလဲ.....?
လူတွေက ကိုယ့်ကိုကိုယ် အချစ်ဆုံး.....တဲ့ ။ ဒါပေမယ့် သူ့မှာ ကြင်ယာဘက်တော့ ရှိရမှာပေါ့ ၊သူ့ကိုယ်သူ ချစ်နေလိုံလဲ မပြီးသေးဘူးလေ.....ကျနော်တို့ တွေဟာ ပုထုဇဉ် လူသားတွေပါ..အချစ်နဲ့ ကင်းအောင် နေ လို့ မရပါဘူး.......
အချစ်မှာ မျက်စိ မရှိသလို...................
အချစ်ကို ရူးသွပ်ပြီး ချစ်မိပြီ ဆိုရင် အပြစ်တော့ မရှိနိုင်ပါဘူး........နော်....။
လောကကြီးမှာ ကျနော် မကြားချင်ဆုံးသော စကားက " မုန်းတယ် " ဆိုတာကိုပါ..သင်ကရော...........?
0 ခုလောက် ဝေဖန်ကြည့်ရအောင်:
Post a Comment