မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ တစ်သောင်းကျပ်တန်ငွေစက္ကူသစ် ကို ၂၀၁၂ခုနှစ် ဇွန်လ ၁၅ ရက်တွင်
စတင်ထုတ်ဝေမည်ဖြစ်ကြောင်း ယနေ့ညနေ (ဇွန်လ၇ရက်) ၆နာရီသတင်းတွင် တရားဝင်ကြေညာ
လိုက်ပြီဖြစ်ပါသည်။ပြန်ကြားရေး ဝန်ကြီးဌာနမှ တစ်သောင်းကျပ်တန်ငွေစက္ကူ နှင့်ပါတ်သက်သည့်
အချက်အလက်များကို ဖော်ပြထားသည်မှာ ငွေစက္ကူမှာအရွယ်အစားအားဖြင့် ၁၅x၇ စင်တီမီတာရှိပြီး
ပေါ်လွင်သောအရောင်မှာ အပြာရောင်ဖြစ်သည်။

ငွေစက္ကူ၏ မျက်နှာစာဘက် ထိပ်ပိုင်းတွင် "မြန်မာနိုင်ငံတော် ဗဟိုဘဏ်" စာတမ်း ရိုက်နှိပ် ထားပြီး
အလယ်ပိုင်းတွင် ပြည်ထောင်စု သမ္မတ မြန်မာ နိုင်ငံတော် မြေပုံ၊ ၎င်းကို ဝန်းရံထားသော သပြေခက်
နှစ်ခက်၊ မျက်နှာချင်းဆိုင် တည်ရှိနေသည့် မြန်မာ့ အနုပညာ လက်ရာ မြောက် ဆင်ဖြူတော် နှစ်စီးနှင့်
ထိပ်တွင် ကြာဖြူတစ်ပွင့် ရိုက်နှိပ် ထားပါသည်။ ငွေစက္ကူ တန်ဖိုးကို ဖော်ပြထားသည့် မြန်မာ စာတန်း
"တစ်သောင်းကျပ်" ကိုလည်း ရိုက်နှိပ် ထားပါသည်။ လက်ယာ ဘက်ပိုင်းတွင် မြန်မာ့ အနုပညာ
လက်ရာမြောက် ကနုတ်ပန်းခက် များကို ရိုက်နှိပ် ထားပါသည်။ ထောင့်သုံးထောင့် တွင် ငွေစက္ကူ
တန်ဖိုးကို ဂဏန်း များဖြင့် ရိုက်နှိပ် ထားပါသည်။ ငွေစက္ကူ တန်ဖိုးကို မြန်မာ၊ အင်္ဂလိပ် နှစ်ဘာသာဖြင့်
ရိုက်နှိပ် ထားပါသည်။ လက်ဝဲဘက်ပိုင်းတွင် ကြာဖြူ ပွင့်ပုံ ရေစာ ပါရှိ ပါသည်။ ငွေစက္ကူတွင် လုံခြုံရေး ကြိုးတစ်ချောင်းကို ဒေါင်လိုက် ထည့်သွင်းထားသည်။ ကျောဘက်ထိပ်ပိုင်းတွင် "CENTRAL BANK OF
MYANMAR" စာတန်းကို ရိုက်နှိပ်ထားပြီး ၎င်းစာတန်း၏ အောက်တွင် "TEN THOUSAND KYATS"
ဟူသော စာတန်း ပါရှိပါသည်။ အလယ်ပိုင်းတွင် ရတနာပုံ မန္တလေး နန်းတော်၏ မြို့ရိုးနှင့် ကျုံးပုံ နှင့်
ဘေးဘောင်များတွင် မြန်မာ့ အနုပညာ လက်ရာမြောက် ကနုတ် ပန်းခက်များကို ရိုက်နှိပ် ထားပါသည်။
ေ ထာင့် သုံးထောင့်တွင် ငွေစက္ကူ၏ တန်ဖိုးကို ဂဏန်းများဖြင့် ရိုက်နှိပ် ထားပါသည်။
ကိုးကား
-ပြန်ကြားရေးဝန်ကြီးဌာန
0 ခုလောက် ဝေဖန်ကြည့်ရအောင်:
Post a Comment