ရွှေမင်းသား မှ လှိုက်လှဲစွာ ကြိုဆိုပါတယ်...

Thursday, August 02, 2012

ဟယ်အွန်ဒယ် မှ ဘီကနီ ကျူးလွန်မှုများ..

တောင်ကိုရီးယားနိုင်ငံ ဘူဆန်မြို့ ဟယ်အွန်ဒယ် ပင်လယ်ကမ်းခြေတွင် ဇူလိုင် ၂၉ ရက်နေ့တွင် ဖြစ်ပွားခဲ့သော အဖြစ်အပျက်တွင် အမျိုးသမီးများ၏ ခန္ဒာကိုယ် အစိတ်အပိုင်းတစ်ချို့အား လိင်မှုဆိုင်ရာ နှောင့်ယှက်ခဲ့ ကြသောနိုင်ငံခြားသား ၂ဦးကို ဟယ်အွန်ဒယ်ကမ်းခြေရဲများမှဖမ်းဆီးခဲ့ပါသည်။ ကလေးသူငယ်နှင့် အရွယ်ရောက်သော သူများ လိင်ပိုင်းဆိုင်ရာအနှောက်အယှက် ဖြစ်စေမှု ဥပဒေဖြင့် ဘင်္ဂလားဒေ့ရှ်လူမျိုး A (အသက်၃၄နှစ်) နှင့် ဗီယက်နမ် လူမျိုး B(အသက်၃၀နှစ်) တို့အား ဖမ်းဆီးထိန်းသိမ်းထားခဲ့ပြီး စုံစမ်းစစ်ဆေးခဲ့ပါသည်။ ဘင်္ဂလားဒေ့ရှ်လူမျိုး A(34နှစ်) သည် ဇူလိုင်၂၉ ရက် နေ့လည်ပိုင်းတွင် ဟယ်အွန်ဒယ် ကမ်းခြေတွင် ရေဆော့ကစားနေသောမိန်းခလေး ၂ ယောက်ကို လိင်မှုဆိုင်ရာ အနှောက်အယှက် ကျူးလွန်နေကြောင်း ကမ်းခြေရဲများမှ တွေ့ရှိခဲ့မှုအရ ကမ်းခြေရဲများမှ ထိုသူကို သတင်းပေးတိုင်ကြားမှုအရ အဖြစ်မှန်ကို စုံစမ်းမေးမြန်းခဲ့ပြီး ဖမ်းဆီးထိန်းသိမ်း ထားသည်ဟုဆိုပါသည်။ ထိုနေ့ နေ့လည်မှာပင် ဗီယက်နမ်လူမျိုး B(30နှစ်)သည် ဘီကနီဝတ် မိန်းခလေးအနီးချဉ်းကပ်ကာ လိင်မှုဆိုင်ရာ အနှောက်အယှက် ကျူးလွန်နေကြောင်း သတင်းရရှိခဲ့ပါသည်။
ထိုနေ့တစ်နေ့တည်းမှာပင် ဘီကနီဝတ် အမျိုးသမီးများ၏ ခန္ဓာကိုယ် ကို စမတ်ဖုန်းဖြင့်မှတ်တမ်းတင် ဓာတ်ပုံ ရိုက်ကူးနေသော ရွှေမြန်မာ C(အသက် ၃၄နှစ်) ကိုလည်း ကမ်းခြေစောင့်ရဲများမှ စုံစမ်းတွေ့ရှိကာ ကမ်းခြေရဲစခန်းတွင် ခေါ်ယူထိန်းသိမ်းကာ စစ်ဆေးမေးမြန်းလျက်ရှိသည်ဟုဆိုပါသည်။ ထိုသူ၏ စမတ်ဖုန်းကို ဖွင့်၍ စစ်ဆေးရာတွင် ဘီကနီဝတ် အမျိုးသမီးများ၏ ဓာတ်ပုံများ အဆက်မပြတ် ပေါ်ထွက်လာသည်ဟု ဆိုပါသည်.. ရဲစခန်းက ကိုရွှေ မြန်မာ ကို မေးမြန်း ရာတွင် " နဲနဲ လှလို့ .. နဲနဲ ရိုက် မိတာပါ .. မသိတဲ့ အတွက် တောင်းပန်ပါတယ် .." "조금 조금 이뻐서 이뻐서 조금 조금 (찍었 어요) 잘 몰라서 미안 해요". လို့ ကိုရီးယား လို ပြော သွားခဲ့ပါတယ် .. အောက်ပါ လိပ်စာမှာ ရုပ်သံသတင်းကို ကြည့်ရှုနိုင်ပါတယ်.. ရုပ်သံသတင်း လိင်ပိုင်းဆိုင်ရာအနှောက်အယှက်ဖြစ်စေမှု နှင့် အလားတူ အကြမ်းဖက်မှုများ ကျူးလွန်ခံရပါက လိင်မှုဆိုင်ရာကျူးလွန်မှု စုံစမ်းစစ်ဆေးရေးရုံး ဟယ်အွန်ဒယ်ကမ်းခြေ (သို့) ကမ်းခြေတွင် တာဝန်ထမ်းဆောင်နေသော ကမ်းခြေစောင့်ရဲ နှင့် ကမ်းခြေစောင့်ကြည့်ရေးတာဝါ အရေးပေါ်နံပါတ် 122 ကိုခေါ်ဆိုတိုင်ကြားနိုင်ကြောင်း သတင်းထုတ်ပြန်ထားပါသည်။ ထိုကဲံသို့သော ဖြစ်ရပ်မျိုးသည် နွေရာသီ ရောက်တိုင်း ဟယ်အွန်ဒယ်ကမ်းခြေတွင် အမြဲတမ်းကြားနေရသော အဖြစ်အပျက်မျိုး ဖြစ်သည်။ ဘီကနီဝတ် အမျိုးသမီးများကို မျက်စိဖြင့်သာကြည့်စေချင်ပါသည်။ ကင်မရာများ၊ ကိုယ်ထိ လက်ရောက် ပြုမူမှုမျိုးသည် မည်သည့် အကျိုးကျေးဇူးမှ မရှိဘဲ လျော်ကြေးပေးရပါက ငွေကုန်ခြင်းနှင့် အမှုဖြစ်ပွားကာ ပြည်တော်ပြန်ရခြင်းများ ဖြစ်လာလျှင် မိဘ၊ဆွေမျိုး၊ဇနီး၊သားသမီးများ အတွက် ငွေရှာရခြင်းသည် အချီးအနှီးသာလျှင် ဖြစ်လာမည်ဖြစ်သည်။ အကယ်၍ စိတ်မထိန်းနိုင်ပါက ဟယ်အွန်ဒယ်ကမ်းခြေအနီးတွင် မှန်ခန်းများတရားဝင် ဖွင့်လှစ်ထားပါသည်။ ဝမ် ၆ သောင်းလောက်သာ ကုန်ကျမည်ဖြစ်ပါကြောင်း နှင့် နှစ်စဉ်နှစ်တိုင်း ထိုဖြစ်ရပ်မျိုးတွင် ရွှေမြန်မာများ ပါဝင်ခြင်း ကင်းဝေးပါစေကြောင်း ဆုမွန်ကောင်းတောင်းကာ အကြံပေးလိုက်ရပါသည်။

0 ခုလောက် ဝေဖန်ကြည့်ရအောင်:

Post a Comment

Online ပေါ်တွင် ကြော်ငြာများကို ကလစ်နှိပ်၍ ငွေ ရှာ ရန်အတွက် ပုံတွင် ကလစ်နှိပ်၍ မင်ဘာဝင်နိုင်ပါပြီ..

*******************************************************

*******************************************************

*******************************************************

468x60 *******************************************************

*******************************************************

*******************************************************

*******************************************************

*******************************************************

-------------------------------------------------------