ရွှေမင်းသား မှ လှိုက်လှဲစွာ ကြိုဆိုပါတယ်...

Thursday, February 12, 2009

၉၄ နှစ်မြောက် ဗိုလ်ချုပ်အောင်ဆန်း မွေးနေ့ (သို့) ကလေးများနေ့

ဖေဖော်ဝါရီ ၁၃ ရက်နေ့သည် ကျနော်တို့၏ လွတ်လပ်ရေး ဖခင်ကြီး လွတ်လပ်ရေး ဗိသုကာ ဗိုလ်ချုပ်အောင်ဆန်း သက်ရှိထင်ရှားများ ရှိခဲ့လျှင် အသက် ၉၄ နှစ် တင်းတင်း ပြည့်တော့မည် ဖြစ်ပါသည်။ ဗိုလ်ချုပ်အောင်ဆန်းသည် မြန်မာ့သမိုင်းမှာသာမက ကမ္ဘာ့သမိုင်းမှာပါ ထင်ရှားသည့် လူငယ် နိုင်ငံရေးခေါင်းဆောင် စစ်ရေးခေါင်းဆောင်တစ်ယောက်အဖြစ် ထင်ရှားကျော်ကြားလှပါသည်။

ဗိုလ်ချုပ်အောင်ဆန်း
( အတိတ် နှင့် ပစ္စုပ္ပန် )

မသိ ၍ဆို ၊
မလို ၍ပြော`။
သူ့စိတ်မှာ အလွန်ယဉ်လို့ ၊
သူ့ဥာဉ်မှာ အလွန်သန့်တယ် ၊
ထူးချွန့်သဘော ။ ။

မသိ၍ထင် ၊
မမြင်၍ပြော ၊
သူ့ဝိညာဉ် မသေပျောက်ပါဘူး ၊
မိုးပေါက်လို အစဉ်ကြည်လို့ ၊
နေခြည်လို အစဉ်လန်းကာ ၊
ဖျန်းဆွတ် စိတ်စော ။ ။
(မင်းသုဝဏ်)

တပည့်ရဲဘော်တွေကို သွန်သင်သလို ကိုယ်တိုင်လည်းလိုက်နာသော ငါးမူးတန်းမှ ရုပ်ရှင်ကြည့်ခဲ့သော ဗိုလ်ချုပ်
- လွတ်လပ်သော လူရိုင်းဘ၀ကို မလွတ်လပ်သော လူယဉ်ကျေးဘ၀ထက် အဆတစ်ရာ ကြိုက်သည်၊ နှစ်သက်သည် ဆိုသော ဗိုလ်ချုပ်
- နိုင်ငံရေး သိပ္ပံအကြောင်း၊ တိုင်းပြည်တိုးတက်ဖွံ့ ဖြိုးရေး အကြောင်းနှင့် ပညာပေးစာအုပ်များကို အင်္ဂလိပ်လိုရော မြန်မာလိုပါ ရေးသားကာ စာရေးဆရာ ဖြစ်ချင်သောဗိုလ်ချုပ်
- တပ်မတော်သားရဲဘော်များအား တာဝန်ဝတ္တရားအရ စစ်သူကြီးလေသံဖြင့်ပြောတတ်သော်လည်း မြို့ခံလူကြီးများနှင့် စကားပြောသည့်အခါ ရည်မွန်ယဉ်ကျေးစွာစကားပြောတတ်၍ သားသမီးများအပေါ်၌ မိဘမေတ္တာ အပြည့်ထားရှိသူ နှလုံးသားရှိသော ဗိုလ်ချုပ်
- တွေ့ကြုံဆုံခဲ့ရသော နိုင်ငံခြားသားခေါင်းဆောင်များကပင် ဗိုလ်ချုပ်အား အလွန်ထူးချွန်ထက်မြက်သော လေးစားမိသည့် ခေါင်းဆောင်ကောင်းတစ်ဦးအဖြစ် သမိုင်းတစ်ခေတ်မှာ ပေါ်ထွက်ခဲသော ခေါင်းဆောင် ဗိုလ်ချုပ် ကို သတိရလွမ်းဆွတ် လေးစားမိပါသည်။
ယနေ့ ဖေဖော်ဝါရီ ၁၃ ရက်သည် မြန်မာနိုင်ငံ ကလေးများနေ့ လည်း ဖြစ်ပါသည်။

0 ခုလောက် ဝေဖန်ကြည့်ရအောင်:

Post a Comment

Online ပေါ်တွင် ကြော်ငြာများကို ကလစ်နှိပ်၍ ငွေ ရှာ ရန်အတွက် ပုံတွင် ကလစ်နှိပ်၍ မင်ဘာဝင်နိုင်ပါပြီ..

*******************************************************

*******************************************************

*******************************************************

468x60 *******************************************************

*******************************************************

*******************************************************

*******************************************************

*******************************************************

-------------------------------------------------------