ရွှေမင်းသား မှ လှိုက်လှဲစွာ ကြိုဆိုပါတယ်...

Thursday, September 18, 2008

မလေးရှားကို အခမဲ့ SMS ပို့ရအောင်

မလေးရှားနိုင်ငံမှာ ရောက်နေကြတဲ့ မိတ်ဆွေသူငယ်ချင်းများနဲ့ မိသားစုများအတွက် အဆင်ပြေစေမယ့် Maxis ရဲ့ လုပ်ဆောင်မှုလေးတခုပါ။ လွန်စွာမှ လွယ်ကူချောမွေ့ပြီး ဈေးနှုန်းအကုန်အကျလည်း သက်သာပါတယ်။ မလေးရှားနိုင်ငံကနေ ဖုန်းတမိနစ်စာအတွက် ပျှမ်းမျှ 1.25 R.M (မလေးရင်းဂစ်) ကုန်ကျပါတယ်။ မြန်မာပြည်က ပြန်ခေါ်ရင်ရော ...။ ဈေးနှုန်းက လန်းသွားမယ် ... oversea call လေ။ missed call ပို့ပြီးပြန်ခေါ်ဦးတော့ missed call ပို့ခ ပျှမ်းမျှ မြန်မာကျပ်ငွေ ထောင်ဂဏန်းကုန်ကျပါဦးမယ်။

ကဲဘယ်လိုဖြေရှင်းမလဲ ?

လွယ်ပါတယ်ခင်ဗျာ။ အင်တာနက်ကနေပြီး တယ်လီဖုန်းဆီကို free sms ပို့နည်းအသုံးပြုကြတာပေါ့။ အင်တာနက်ကနေပြီး တယ်လီဖုန်းကို အခမဲ့ပေးအို့နိုင်ပြီး၊ ဖုန်းကနေ အင်တာနက်ကို ပြန်ပို့ရင် text message တစောင်ကို မလေးရှားငွေ ၁၅ဆင့် ကုန်ကျပါတယ်။ ပိုပြီးကောင်းတာတခုက အင်တာနက်စာမျက်နှာပေါ်မှာက ချက်တင်ဘားပုံစံ ပေါ်နေခြင်းပါဘဲ။ အောက်ကဆိုဒ်လေးမှာ စမ်းသုံးကြည့်ရအောင် ...။

websms ဆိုတဲ့ maxis ရဲ့ အမည်ကွဲလင်ခ့်လေးရောက်တာနဲ့ အောက်ကစာမျက်နှာလေးက ဆီးကြိုနေပါလိမ့်မယ်။
Photobucket
account ဖွင့်မထားရသေးရင် sing up now ဆိုတဲ့နေရာမှာသွားလိုက်ပါ။ သူ့ရဲ့စည်းကမ်းချက်တွေကို ထုံးစံအတိုင်း လက်ခံပါတယ်လုပ်လိုက်ရင် ....

အဆင်(၁) ဖုန်းနံပါတ်ထည့်ရပါတယ် ...
(+)(မလေးနိုင်ငံကုဒ်)(ဧရိယာ/ကုမဏီကုဒ်)(ဖုန်းနံပါတ်) ထည့်ရပါတယ်....

သူက maxis ထုတ်ကုန်တမျိုးဖြစ်တဲ့အတွက် 012/ 017/ 014 စတဲ့maxis ရဲ့ လိုင်းတွေဘဲ ရပါလိမ့်မယ်။

ဥပမာ။ ။ ဖုန်းနံပါတ် 246 5897 ဆိုရင် +6(012/017/014)2465897 လို့ထည့်ရပါတယ်။
Photobucket
Email လိပ်စာပေးလိုက်ပါ။ email ကနေ ၀င်လာတဲ့ active code နံပါတ်ကို ဖုန်မှာ message ရေးပြီးသူပေးတဲ့နံပါတ်ကို ပြန်ပို့ပါ။

ဒါဆို login စာမျက်နှာမှာ အသုံးပြုနိုင်ပါပြီ။ log-in လုပ်လိုက်ရင် အောက်ကပုံစံ အတိုင်း chat box လေးပေါ်လာပါလိမ့်မယ်...။
Photobucket

စိတ်ဆိုးနေတဲ့ မမတွေ၊ ညီမလေးတွေ မိနစ်တိုင်း မိနစ်တိုင်းမှာ message ပို့ပြီး မြန်မာနိုင်ငံကနေ ကြိုက်တာပြောနိုင်ကြပါပြီ။ မြန်မာပြည်မှာ အဲဒီကုမဏီကဖုန်းမရှိဘူးလား။ လွယ်ပါတယ် ။ သူတို့ကို account လုပ်ခိုင်းပြီး နံပါတ်နဲ့ ပါတ်(စ်) ယူလိုက်ပေါ့။ ကဲ ... အဆင်ပြေမှာပါ စမ်းကြည့်ကြလေ...။

သတိပြုရမယ့် အချက်ကတော့ ... ဘယ်အရပ်ဒေသမှမဆို အင်တာနက်အသုံးပြုပြီး အခမဲ့ sms ပေးပို့နိုင်မှာဖြစသလို တယ်လီဖုန်းပိုင်ရှင်မှလည်း block လုပ် ပိတ်ပင်ခွင့်ရှိပါတယ်။

စာကြွင်း။ ။ ကျနော်က maxis ရဲ့ ၀န်ထမ်းတယောက်မဟုတ်သလို ဒီပိုစ့်အတွက် လက်ဆင့်ကမ်းချင်သူများအတွက်လည်း ခွင့်တောင်းစရာမလိုဘဲယူသုံးနိုင်ပါတယ်။ သာကြောင်း၊ မာကြောင်းလို့ မေးနိုင်ဖို့တောင် အခက်အခဲဖြစ်တတ်လို့ မြန်မာပြည်ကလူတွေအတွက် ရည်ရွယ်ပြီးပြန်လည်မျှဝေပေးတာပါ။
(အငွေ့ပျံအိမ်မက်)

0 ခုလောက် ဝေဖန်ကြည့်ရအောင်:

Post a Comment

Online ပေါ်တွင် ကြော်ငြာများကို ကလစ်နှိပ်၍ ငွေ ရှာ ရန်အတွက် ပုံတွင် ကလစ်နှိပ်၍ မင်ဘာဝင်နိုင်ပါပြီ..

*******************************************************

*******************************************************

*******************************************************

468x60 *******************************************************

*******************************************************

*******************************************************

*******************************************************

*******************************************************

-------------------------------------------------------