
အခါလူမျိုးများသည် မောင်းဂွတ် ဟူသော မွန်ဂို လူမျိုး နွယ်မှ ပေါက်ဖွားလာကြသည်..။
မွန်ဂိုလီယားလူမျိုးထဲမှ လူမျိုး အုပ်စုများသည် မွန်ဂိုလီယားဒေသမှ အရှေ့အာရှအလယ်ပိုင်း
တရုတ်ပြည် အနောက်ပိုင်းယန်စီမြစ်နှင့် ဟွန်အိုမြစ်ကြီးနှစ်သွယ် မြစ်ဖျားခံကာ ကုန်းမြင့်ဒေသမှ
တဆင့် တောင်ဘက်ရေကြည်ရာ မြက်နုရာသို့ တရွေ့ ရွေ့  ပြောင်းရွှေ့ ဆင်းသက်လာကြရာမှ
နှစ်အတန်ကြာသောအခါ တရုတ်ပြည်တောင်ပိုင်း ယူနန်ပြည်နယ် မဲခေါင်မြစ်ဝှမ်းသို့ ရောက်ရှိ
နေထိုင်ခဲ့ကြပါသည်။မဲခေါင်ဒေသမှ မြန်မာနိုင်ငံ သံလွင်မြစ် အရှေ့ပိုင်း ရှမ်းပြည်နယ် မိုင်းခတ် ၊
မိုင်းယန်း ၊ လွယ်မီးတောင်တန်းပေါ်သို့ လည်းကောင်း ၊တစ်ချို့ လူမျိုး အုပ်စုများသည် ယူနန်
နယ်စပ်မှ မိုင်းယောင်းနယ်ဘက်သို့ လည်းကောင်း ၀င်ရောက်နေထိုင်ခဲ့ကြပါသည်။၁၉ ရာစုခန့်
အတွင်းတွင် အခါလူမျိုးများသည် လွယ်မီးတောင်တန်းပေါ်မှ တဆင့် ကျိုင်းတုံ ပတ်ဝန်းကျင် ဒေသ
သို့လည်းကောင်း ၊မိုင်းကိုင် ၊လွယ်မွေတောင်တန်းပေါ်သို့လည်းကောင်းရောက်ရှိနေထိုင်ခဲ့ ကြပါ
သည်။ အခါလူမျိုးများသည် ဘိုးဘေး ပူဇော်သော ဘာသာ ၊ဗုဒ္ဒဘာသာ ၊ခရစ်ယန် ဘာသာ တို့
ကို ကိုးကွယ်ကြပါသည် ။အခါ လူမျိုးများသည် မိမိတို့၏ ယဉ်ကျေးမှု ၊ဘာသာစကား ၊၀တ်စား
ဆင်ယဉ်မှုတို့ ကိုမပျောက်ပျက်အောင်ထိမ်းသိမ်းကြသည်။ အခါလူမျိုးများသည် မိမိတို့၏
အ၀တ်အထည်များကို ကိုယ်တိုင်ယက်လုပ်ကြသည်။
hello,
how are you?i am ak kha .
a khu lo kyainge tone ka photo kaw ak
kha lu myo yae yo yar kaw pyaw pya dar thanks, par pae naw .
i Gmail ka akharlay17@gmail.com par