ရွှေမင်းသား မှ လှိုက်လှဲစွာ ကြိုဆိုပါတယ်...

Thursday, July 17, 2008

၆၁ နှစ်မြောက် အာဇာနည် နေ့..။

Photobucket

ကျဆုံးလေပြီးသော အာဇာနည် ခေါင်းဆောင်ကြီး များအား ဦးညွတ်အလေးပြုပါ၏။


Photobucket
၁၉၄၇ ဇူလိုင် ၁၉ ရက် နံနက် ၁၀း၃၀ ......................။
ထိုနေ့သည် မြန်မာပြည် အတွက် ကြီးစွာသော ဆုံးရှုံးမှု ကြီးတစ်ခု ဖြစ်ခဲ့လေသည်..အစည်းအဝေးများ ကျင်းပရာ ၀န်ကြီးများ
ရုံးတွင် သေနတ်သံများကြားလိုက်ရပြီးမြန်မာပြည် လွတ်လပ်ရေး ဗိသုကာကြီး ဗိုလ်ချုပ်အောင်ဆန်း နှင့် တကွ ၀န်ကြီးများဖြစ်သော
သခင်ြမ ၊ဒီးဒုတ် ဦးဘချို ၊ ဦးရာဇတ် ၊ မန်းဘခိုင်၊ ဦးဘ၀င်း ၊ မန်းဘခိုင် ၊ မိုင်းပွန်စော်ဘွားစ၀်စံထွန်း ၊ဦးအုန်းမောင် ၊
ဦးရာဇတ်၏ သက်တော်စောင့် ရဲဘော် ကိုထွေး တို့ လုပ်ကြံခံခဲ့ရ ပါသည်။
မြန်မာပြည်တစ်ဝှန်းလုံးရှိ ပြည်သူလူထုတို့ ၏ မျက်ဝန်းအိမ်မှ မယုံကြည်နိုင်သော အရိပ်အယောင် နှင့် အံ့သြမှု ၊ ၀မ်းနည်းမှု ၊
မှင်တက်မှု ၊ကြေကွဲမှု တို့ မှ ဖြစ်ပေါ်လာသော မျက်ရည်များကျဆင်းခဲ့ရပါသည်..။တိုင်းပြည်နှင့် လူမျိုး အကျိုးကို လုပ်ဆောင်နေ
ကြသော ခေါင်းဆောင်ကြီးများကို မှ ဦးတည် လုပ်ကြံခဲ့ကြသော လူသတ်သမား တို့ ကို နာကျည်းမုန်းတီးလျက် ဖြေမဆည်နိုင်
သော ၀မ်းနည်းမှုများ လူထု တစ်ရပ်လုံး၏စိတ်တွင် ဖြစ်ပေါ်လာခဲ့သည်..။ထိုသို့သော အာဇာနည် နေ့ထူးနေ့မြတ်ကို မမေ့သင့်ပေ.။
သမိုင်းဟူသည် မည်သည့် နိုင်ငံ ၊ မည်သည့် လူမျိုး အတွက်မဆို မရှိမဖြစ်သော အကြောင်းအရာ ဖြစ်သည်..။
ကိုယ့်သမိုင်း ကိုယ်ရေးတာပဲ ဟူ၍ ကောင်းရာမှန်ရာ လုပ်ကိုင်ပါက အနာဂတ် အတွက် နာမည်ကောင်းရသကဲ့သို့ မှားယွင်းသော
လုပ်ဆောင်ချက်များဖြစ်ပါက သမိုင်းတွင် အမည်းစက် ကြီးသာ ဖြစ်နေပေလိမ့်မည်..။ထို့ကြောင့် သမိုင်းကြောင်းကောင်းအောင်
ဝိုင်းဝန်းဆောင်ရွက်ကြပါစို့...။

ဗိုလ်ချုပ် အောင်ဆန်း
၁၉၁၅ - ၁၉၄၇
၁၉၁၅ ဖေဖော်ဝါရီလ ၁၃ ရက်နေ့ (၁၂ရ၆ခု၊ တပေါင်းလဆန်း ၁ ရက်) စနေ့နေ့တွင် ဖွားမြင်ခဲ့ပါသည်။



သခင်မြ
၁၉၈၇ - ၁၉၄၇
သခင်မြသည် ဗိုလ်ချုပ်အောင်ဆန်း ခေါင်းဆောင်သော ၀န်ကြီးအဖွဲ့တွင် ပြည်ထဲရေး ၀န်ကြီးအဖြစ် တာဝန် ထမ်းဆောင်သည်။ ၁၈၉၇ ခု၊ အောက်တိုဘာလ ၇ ရက်၊ ကြသာပတေးနေ့ ည ၇ နာရီအချိန်တွင် ပြည်ခရိုင်၊ ထုံးဘိုမြို့၌ ဖွားမြင်သည်။ အဘ ဦဘိုးချွန်၊ အမိမှာ ဒေါ်သက်လယ်ဖြစ်သည်။ ငယ်မည်မှာ မောင်မြရွှေဖြစ်သည်။
၁၉၃၆ တွင် သခင်တစ်ယောက် ဖြစ်လာသည်။ စစ်အတွင်းတွင် အစိုးရအဖွဲ့ဝင် ၀န်ကြီး အဖြစ်လည်းကောင်း ဒုတိယ၀န်ကြီးချုပ် အဖြစ်လည်းကောင်း တာဝန်ထမ်းဆောင်ခဲ့သည်။


ဦးဘချို
၁၈၉၃ - ၁၉၄၇
ဦးဘချိုသည် ဗိုလ်ချုပ်အောင်ဆန်း ခေါင်းဆောင်သော ၀န်ကြီးအဖွဲ့တွင် ပြန်ကြားရေး ၀န်ကြီးအဖြစ် တာဝန်ထမ်းဆောင်သည်။ ဦဘချိုသည် မြောင်းမြမြို့ ဆေးဆရာကြီး ဦးဘိုစော ဒေါ်စောမြစ်တို့မှ ၁၈၉၃ခု ဧပြီလ ၂၃ ရက်နေ့တွင် ဖွာမြင်သည်။
ဦဘချိုသည် ဒီဒုတ်ဂျာနယ်ကို ၁၉၅၂ ခုနှစ်တွင် ထုတ်ဝေခဲ့သည်။ ထိုဂျာနယ်ဖြင့်တွဲကာ ဦးဘချိုကို ဒီးဒုတ်ဦးဘချိုဟု အများက သိခဲ့ကြသည်။
သူ၏ ဒီးဒုတ်ဂျာနယ်သည် အမျိုးသား လွပ်လပ်ရေးတိုက်ပွဲ၊ အမျိုးသား ပညာရေး၊ အမျိုးသာ ယဉ်ကျေးမှု ထိန်းသိမ်းရေး တို့အတွက် ရှေ့တန်း အောင်လံဂျာနယ် တစ်စောင်ဟု သိခဲ့ကြသည်။
၁၉၂၇ ဇူလိုင်လ ၁၉ ရက်နေ့ နံနက် တွင် ခေါင်းဆောင်ကြီးများ နှင့်အတူ လုပ်ကြံခံခဲ့ ရပြီး မွန်းလွဲ ၁ နာရီ ၄၅ မိနစ်တွင် ကွယ်လွန်ခဲ့သည်။


ဦးရာဇတ်
၁၈၉၈ - ၁၉၄၇
ဦးရာဇတ်သည် ဗိုလ်ချုပ် အောင်ဆန်း ခေါင်းဆောင်သော အစိုးရအဖွဲ့တွင် ပညာရေးနှင့် အမျိုးသား စီမံကိန်းဌာန ၀န်ကြီး အဖြစ်ပါဝင်ခဲ့သည်။ မြန်မာနိုင်ငံ ဖွဲ့စည်းပုံ အခြေခံ ဥဒေရေးဆွဲရေး ကော်မတီဝင် တစ်ဦးလည်းဖြစ်သည်။
ဦးရာဇတ်ကို မတ္ထီလာမြို့ အငြိမ်းစားတိုက်ပိုင် အင်စပက်တော် မစ္စတာ အေရာမန်နှင့် ဒေါ်ငြိမ်းလှတို့က ၁၈၉၈ခု ဇန်န၀ါရီလ ၂၀ ရက်တွင် ဖွားမြင်သည်။
စစ်အတွင်းက ပိတ်ထားခဲ့သော အမျိုးသား ကျောင်းကြီးကို ၁၉၄၅ ခုနှစ်တွင် ပြန်လည်ဖွင့်လှစ်ခဲ့သည်။


ဦးဘ၀င်း
၁၉၀၁ - ၁၉၄၇
ဦးဘ၀င်းသည် ဗိုလ်ချုပ်အောင်ဆန်း ခေါင်းဆောင်သော အစိုးရ အဖွဲ့တွင် ထောက်ပံ့ရေးနှင့် ကူးသန်းရောင်းဝယ်ရေးဌာန ၀န်ကြီးဖြစ်သည်။
နတ်မောက်မြို့တွင် အဖ ရှေ့နေဦးပါ ဒေါ်စုတို့မှ ၁၉၀၁ခု ဇွန်လ ၁၁ ရက်နေ့တွင် ဖွားမြင်ခဲ့သည်။ ဗိုလ်ချုပ် အောင်ဆန်း၏ အစ်ကို အကြီးဆုံး ဖြစ်သည်။ ၁၉၄၇ ခုနှစ်တွင် ထောက်ပံရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဌာန ၀န်ကြီးအဖြစ် တာဝန်ထမ်းဆောင်စဉ် တိုင်းပြု ပြည်ပြု လွှတ်တော် ဖွဲ့စည်ပုံအခြေခံ ဥပဒေ ရေးဆွဲရေး ကော်မတီတွင် လည်းပါဝင်ခဲ့သည်။


မန်းဘခိုင်
၁၉၀၃ - ၁၉၄၇
မန်းဘခိုင်သည် ဗိုလ်ချုပ်အောင်ဆန်း ခေါင်းဆောင်သော အစိုးရ အဖွဲ့တွင် စက်မှုလက်မှုနှင့် အလုပ်သမား ၀န်ကြီးဌာန ၀န်ကြီးအဖြစ် တာဝန်ယူခဲ့သည်။ ထို့အပြင် မန်းဘခိုင်သည် ကရင်နီ ခေါင်းဆောင်လည်း ဖြစ်သည်။
မန်းဘခိုင်ကို ဟင်္သာတခရိုင် ယုန်တလင်းရွာ တွင် ယုန်သလင်းရွာသူကြီး မန်းပေကုန်းနှင့် ဒေါ်ပုတို့က ၁၉၀၃ ခုနှစ် အောက်တိုဘာလ ၂၆ ရက်နေ့တွင် ဖွားမြင်သည်။
၁၉၃၇ တွင် ပုသိမ်မြောက်ပိုင်းမှ အမတ်အဖြစ် အရွေးခံရသည်။ ဂျပန်တော်လှန်သည့် အချိန်တွင် ရွပ်ရွပ်ချွံချွံ ဆောင်ရွက်ခဲ့သည်။ ကရင် ဗမာ ချစ်ကြည်ရေးကို အထူးကြိုးပမ်းတည် ဆောက်ခဲ့သည်။


မိုင်းပွန်စော်ဘွားစ၀်စံထွန်း
၁၉၀၇ - ၁၉၄၅
မိုင်းပွန်စောဘွားစ၀်စံထွန်းသည် ဗိုလ်ချုပ်အောင်ဆန်း ခေါင်းဆောင်သော အစိုးရ အဖွဲ့တွင် အတိုင်ပင်ခံ တောင်တန်းဒေသ ၀န်ကြီး အဖြစ် တာဝန်ထမ်းဆောင်သည်။
မိုင်းပွန်စေားကြီး စ၀်ခွန်ထီးနှင့် မြောက်နန်းဆောင် မဟာဒေ၀ီ နန်းစိန်ဥတို့မှ ၁၉၀၇ ခု၊ မေလ ၃၁ ရက် သောကြာနေ့တွင် ဖွားမြင်သည်။
တိုင်းပြုပြည်ပြု လွှတ်တော်တွင် ပြည်ထောင်စုနှင့် ပြည်နယ်များဆိုင်ရာ ဆပ်ကော်မတီ လူနည်းစု ဆိုင်ရာ ဆပ်ကော်မတီ နှင့် ဖွဲ့စည်းပုံ အခြေခံ ဥပဒေရေးဆွဲရေး ကော်မတီတို့တွင် အဖွဲ့ဝင်အဖြစ် ပါဝင်ခဲ့သည်။


ဦးအုန်းမောင်
၁၉၁၃ - ၁၉၄၇
ဦးအုန်းမောင်သည် ဗိုလ်ချုပ်အောင်ဆန်း ခေါင်းဆောင်သော အစိုးရ အဖွဲ့တွင် လမ်းပန်းဆက်သွယ်ရေး အတွင်းဝန်အဖြစ် တာဝန်ထမ်းဆောင်ရသည်။
မင်းဘူးမြို့ မစ္စတာ XW.တရပ်(တ်) ၀န်း ဒေါ်ရွှေမြင့်တို့မှ ၁၉၁၃ခု ဖေဖော်ဝါရီလ ၂ ရက်နေ့တွင် ဖွားမြင်သည်။


ရဲဘော်ကိုထွေး
၁၉၂၉ - ၁၉၄၇
ရဲဘော်ကိုထွေးသည် ပညာရေးဝန်ကြီး ဦးရာဇတ်၏ သက်တော်စောင့်ဖြစ်သည်။
မန္တလေးမြို့ တောင်ပြင် သိပ္ပံရပ် ပင်စင်စား လယ်ယာစိုက်ပျိုးရေး ၀န်ထောက် ဦးကိုကိုလေး ဒေါ်မင်းရီတို့၏ ဆဌမမြောက် သားဖြစ်သည်။ န၀မတန်းအထိ ပညာသင်ကြားခဲ့ဘူးပြီး ကွယ်လွန်ချိန်တွင် အသက် ၁၈ နှစ်သာရှိသေးသည်

အထက်ပါ အကြောင်းအရာများကို ၃၅ နှစ်မြောက် အာဇာနည်နေ့ အထိန်းအမှတ် စာအုပ်မှ ကူးယူဖော်ပြခြင်းဖြစ်သည်။

3 ခုလောက် ဝေဖန်ကြည့်ရအောင်:

  • ဂျူနို says:
    September 17, 2008 at 10:13 PM

    ဖတ်ရလို့ ကျေးဇူးတင်ပါတယ်။
    အယ်ဇီ

  • Unknown says:
    November 7, 2009 at 7:06 PM

    ကျေးဇူးတင်ပါတယ်...
    ဒီလိုမျိုးတွေကျွန်တော်မသိပါဘူး...
    အခုလိုပေါ့..တစ်နေရာထဲမှာစုံလင်အောင်လုပ်ပေး
    ထားလိုကျေးဇူးတင်ပါတယ်...

  • Unknown says:
    November 7, 2009 at 7:06 PM

    ကျေးဇူးတင်ပါတယ်...
    ဒီလိုမျိုးတွေကျွန်တော်မသိပါဘူး...
    အခုလိုပေါ့..တစ်နေရာထဲမှာစုံလင်အောင်လုပ်ပေး
    ထားလိုကျေးဇူးတင်ပါတယ်...

Post a Comment

Online ပေါ်တွင် ကြော်ငြာများကို ကလစ်နှိပ်၍ ငွေ ရှာ ရန်အတွက် ပုံတွင် ကလစ်နှိပ်၍ မင်ဘာဝင်နိုင်ပါပြီ..

*******************************************************

*******************************************************

*******************************************************

468x60 *******************************************************

*******************************************************

*******************************************************

*******************************************************

*******************************************************

-------------------------------------------------------