
ဗီးနပ်ဆိုတဲ့..
အလှနတ်ဘုရား ရဲ့ နှလုံးသားနဲ့..
ကလီယို ပက်ထရာ ရဲ့
ရင်ခုန်သံတွေ ပေါင်းစပ်ပြီး
မိုနာလီဇာလို
အပြုံးမျိုးနဲ့ ငြို့ ယူနိုင်စွမ်းတဲ့
င့ါ ရင်ထဲက မိန်းခလေးရယ်.....။
ငါရင်ခုန်မိတာဟာ...
မင်းအလှမှာ ယစ်မူးလွန်းလို့ပါ...
ကြင်နာမှုတွေ ပိုပြီး မြတ်နိုးမိတာ
ချစ်ခြင်းတစ်ခုလို့ ငါပြောခဲ့ရင်
မင်းပျက်ရယ်ပြုနေမှာလား..?
မင်းကို ချစ်လွန်းလို့
ငါ့ အချစ်တွေပိုသွားခဲ့ရင်..
ခွင့်လွှတ်ပါ...
ဒါပေမယ့်..အမုန်းစကားကို
မလိုမုန်းထားမှုတွေနဲ့
လုံးဝမပြောပါနဲ့....
ငါတစ်ကယ်
မြတ်မြတ်နိုးနိုး ချစ်တာပါ....။ ။
0 ခုလောက် ဝေဖန်ကြည့်ရအောင်:
Post a Comment