ရွှေမင်းသား မှ လှိုက်လှဲစွာ ကြိုဆိုပါတယ်...

Monday, September 17, 2007

အချစ်သို့ လျှောက်လှမ်းခြင်း

ိိိကိုယ်ဘယ်လိုပြောပြော ဘာကြောင့် မင်းရင်ထဲက အကြောင်းအရာတွေကို တသက်လုံး သိမ်းထား ချင် ရတာ လဲကွာ...။ဘယ်အရာမဆို ၊ ဘယ်ကိစ္စမဆို တစ်ခါလောက်လွဲသွားမှုလေးတစ်ခုကို အမှားလို့ယူဆလို့မရတာ မင်း နားလည်မှာပါချစ်သူ...။အမှန်ဆိုတာ ရဖို့အတွက် တကြိမ်လောက်တော့မှားတာကို စာမဖွဲ့လောက်ပါဘူးကွာ ...။ " ယောကျာ်းလေးတွေကိုမယုံဘူး"ဆိုတာကို မင်းရဲ့စိတ်ထဲမှာအမြဲတမ်း မှတ်ကျောက် တင်ထား တော့ မှာလား...။ ကိုယ်လိုချင်တာတွေ မရခဲ့ရင် ၊ကိုယ်ဖြစ်ချင်တာတွေ မဖြစ်ခဲ့ရင် ဘဝဟာ ပျော်စရာ မကောင်း ခဲ့တာ အမှန်ပါ...။ ဒါပေမယ့်ကွာ ထားခဲ့သင့်တဲ့အရာတွေကို ဘာလို့ မင်းခုချိန်ထိ တွယ်တာ နေသေးတာလဲ...။ မေ့ဖျောက် သင့်တာ တွေကိုဘာလို့ ခုထိမင်း သိမ်းထားခဲ့တာလဲ ချစ်သူရယ်...။ မင်းရဲ့အတွေးတွေကို ကိုယ် နားမလည်နိုင်တော့ဘူးကွာ...။ ကိုယ်မင်းကို ဘာတွေညာနေမိလို့ မင်းကိုယ့်ကို မယုံတာလဲ...။ကိုယ်ဘာတွေဖုံး ကွယ်ထားလို့ မင်းကိုယ်ကို သံသယတွေ များနေရတာလဲကွာ...။ ယောင်္ကျားတွေထဲက ယောင်္ကျားတစ်ယောက်မို့ ကိုယ်လည်း မင်းရဲ့ ဘလက်လစ် (Black List)ထဲ ရောက်ခဲ့ပြီလားချစ်သူ...။ကိုယ်ဟာရိုးသားပါတယ်ဆိုတဲ့ ခေါင်းစဉ်အောက် ကလူသားတစ်ယောက် မဟုတ်ပေမယ့် မင်းကို ကိုယ်ပေးအပ်ခဲ့တာတွေ အားလုံးဟာ မုသားကင်းပါတယ်ချစ်သူ.။ ကိုယ့်ရဲ့စကားလုံးတိုင်းဟာ မင်းတွက်ဆို အမြဲတမ်း အမှန်တိုင်းပဲ ဖြစ်စေခဲ့တယ်...။ ဒါပေမယ့် အသိမှတ်ပြုမခံရတဲ့ ကိုယ့်ရဲ့အမှန်တရားဟာ ဝေဝါးနေသလို ခံစားရဆဲပါပဲလေ...။

Photo Sharing and Video Hosting at Photobucket


1 ခုလောက် ဝေဖန်ကြည့်ရအောင်:

  • Linasolopoesie says:
    September 19, 2007 at 1:30 AM

    HELLO!!!

    And beautiful yours blog
    sin that I do not know

    the language. Mine
    blog and only poetries

    I have the poetico mind
    you want to come to visit it?
    of I would be happy… I am up to You

    Thanks and GOOD EVENING… LINA

Post a Comment

Online ပေါ်တွင် ကြော်ငြာများကို ကလစ်နှိပ်၍ ငွေ ရှာ ရန်အတွက် ပုံတွင် ကလစ်နှိပ်၍ မင်ဘာဝင်နိုင်ပါပြီ..

*******************************************************

*******************************************************

*******************************************************

468x60 *******************************************************

*******************************************************

*******************************************************

*******************************************************

*******************************************************

-------------------------------------------------------