ရွှေမင်းသား မှ လှိုက်လှဲစွာ ကြိုဆိုပါတယ်...

Tuesday, September 04, 2007

မိုးရွာနေတဲ့ နေ့လေးတစ်နေ့ (၄)

Photo Sharing and Video Hosting at Photobucket

အဲဒီနေ့ကပေါ့...မိုးမရွာသေးပါဘူး..ကျနော် ရှုတင် ရှိလို့ စိမ်းလန်း စိုပြေ ကိုသွားခဲ့တယ်....အဲဒီမှာ ရှုခင်းလေးတွေက လည်းလှ တယ်ဗျ..မြက်ခင်းလေးတွေက စိမ်းလို့...အင်းလေ မြက်ခင်းက ဘယ်မှာ ပြာတာ ၊၀ါတာ တွေ ရှိလို့လဲ...
အစိမ်းရောင်ပဲ ရှိတဲ့ဟာကို...ကျနော်တို့ ခုံလေးတစ်ခုမှာ ထိုင်ပြီး တိုက်ခတ်နေတဲ့ လေညှင်းလေးတွေ...ရွေ့လျားနေ တဲ့ တိမ်တိုက်လေးတွေ...ပျံသန်းနေတဲ့ ငှက်ကလေးတွေနဲ့ အပြိုင် လွတ်လပ်ခြင်းရဲ့ ကောင်းကင် အောက်မှာ စီးမျော ခဲ့ကြတယ်....ရက်စက်လောက်အောင် လှပလွန်းတဲ့ သူမကို ငေးကြည့်မိနေခဲ့တယ်...ရင်ခုန်သံ စည်းချက်နဲ့ အတူ နှလုံးတစ်ချက် ခုန်လိုက်တိုင်း ကြားရတဲ့ အသံက " ချစ်တယ် " တဲ့......(လွန်သွားလား ) ဘေးနားက ဖြတ်သွားတဲ့ လေညှင်း လေးတွေတောင် မနာလိုလွန်းလို့ လေပြင်းတစ်ချက် ဆောင့်တိုက်လိုက်တယ်...သစ်ကိုင်းဖျားမှာ နားနေတဲ့ ငှက်ကလေးတွေ " ၀ုန်း " ကနဲ ထပျံသွား တယ်..မိုးတိမ်တွေက လျင်မြန်တဲ့ အရှိန်နဲ့ ရွေ့လျားသွားကြတယ်..(မနာလိုကြတာ..) ဒီအချိန်မှာ လွင့် ပျံ့လာတဲ့ သံစဉ်တစ်ခု...ကမ္ဘာဦးအစက အာဒံရဲ့ တယောထိုးသံလေး...ဧ၀ က အဲဒီသံစဉ်အောက်မှာ စီးမျောလို့.. ပန်းလေးတွေလည်း ပွင့်လို့ပေါ့..အဲဒီပန်းက နေရာတိုင်းမှာ မရှိနိုင်ဘူးလို့ ကျနော် ထင်တယ်....ဘာပန်းလဲ..အနမ်း ပန်း..။ လောကကြီးကလည်း ငြိမ်သက်လို့..လေညှင်းလေးတွေက ကျီစယ်ဆော့ကစားလို့...အဲဒီအချိန်မှာပဲ..မိုးက စတော့တာပါပဲ..ဖွဲဖွဲလေး...ပြီးတော့ သည်းထန်စွာနဲ့ လောကကြီးကို ဆေးကြောလျက်..သူမက လမ်းလျှောက်ချင် တယ်တဲ့..ဒါဆိုလည်း ကန်ဘောင်သွားရအောင် ဆိုပြီး...ထီးမဖွင့်ပဲ သိမ်းထားလိုက်တယ်...ထီးဆောင်းလည်း အပို ပဲလေ..လူနှစ်ယောက် ၊ထီးတစ်လက် ၊နှလုံးသား တစ်စုံ ကို ဘယ်လိုလုပ်ပြီး မိုးဒဏ်ကနေ ကာကွယ်ပေးနိုင်မှာ လဲ..ကန်ဘောင်ပေါ်ရောက်တော့ လေရော ၊မိုးရော ပြင်းထန်လာပါတယ်...ကျနော်လည်း သူ့ကို လွင့်သွားမှာစိုးလို့ မနည်း ဖက်ထားရတယ်...ချမ်းလည်း ချမ်းနေမှာပေါ့...ကျနော့် ရင်ခွင်က နွေးထွေးမှုကို နည်းနည်းလေးပဲဖြစ်ဖြစ် သူရသွားရင် ကျေနပ်စရာပဲပေါ့....ကန်ဘောင်ပေါ်က အုတ်ခုံလေးပေါ်မှာ နောက်ကနေ သူမကို သိုင်းဖက်ထားပြီး အင်းလျားကန်ရဲ့ မိုးရွာနေတဲ့ နေ့လေးကို ခံစားနေခဲ့မိတယ်.....(ကင်မရာမင်း က မိုးခိုနေလို့ ) နို့မို့ဆို...တိုက်တန်း နစ် ဇတ်ကားတောင် နာမည်ကြီးမှာ မဟုတ်ဘူး.....ဒီ ဆဲန့် င် လေးကို ကြည့်မိရင်..ရိုမီယို နဲ့ ဂျူးလိယက် ဆိုတဲ့ နာမည်လည်း သင်တို့ ကြားဖူးမှာ မဟုတ်တော့ဘူး..ဟဲ....ဟဲ...
ကျနော့်အတွက်တော့....မိုးရွာနေတဲ့ နေ့လေးတစ်နေ့ပေါ့......။ ။



0 ခုလောက် ဝေဖန်ကြည့်ရအောင်:

Post a Comment

Online ပေါ်တွင် ကြော်ငြာများကို ကလစ်နှိပ်၍ ငွေ ရှာ ရန်အတွက် ပုံတွင် ကလစ်နှိပ်၍ မင်ဘာဝင်နိုင်ပါပြီ..

*******************************************************

*******************************************************

*******************************************************

468x60 *******************************************************

*******************************************************

*******************************************************

*******************************************************

*******************************************************

-------------------------------------------------------