ရွှေမင်းသား မှ လှိုက်လှဲစွာ ကြိုဆိုပါတယ်...

Saturday, September 01, 2007

ရန်ကုန် က ဘလော့ ဒေး

ဒီနေ့ Info Tech မှာ လုပ်ခဲ့တဲ့ ဘလော့ဒေးကို ကျနော်လည်း သွားခဲ့ပါတယ်..
.အပြန် နောက်ကျတဲ့ အတွက် Post ကိုခုမှတင်ဖြစ်တာပါ..
ဒီပွဲ မှာ ရန်ကုန် က ဘလော့ဂါတွေရော....မလေး၊စင်္ကာပူ က ဘလော့ဂါတွေရော
စုံစုံညီညီ တွေ့လိုက်ရပါတယ်...ကို နေဘုန်းလတ် ၊မ ဘာညာဘာညာ ၊စေတန်ဂေါ့ ၊
မ မယ်လိုဒီမောင် ၊ ကို မျက်လုံး တို့ရဲ့ ဟောပြောမှု မှာ တက်ရောက်လာတဲ့ သူတွေ
စိတ်ဝင်တစား နားထောင်နေတာကို တွေ့လိုက်ရတော့ အားရကျေနပ်မှု ရှိတယ်ဗျ..
ပထမ ပိုင်း အစီအစဉ် ပြီးတော့ စားသောက်မှုတွေ ဘက်ကို လှည့် ကြတယ်..
ဒုတိယပိုင်း မှာတော့ ပရိသတ်တွေ မေးတဲ့ မေးခွန်းတွေကို ဖြေကြရတယ်...
ပြီးတော့ ကံစမ်းမဲ အစီအစဉ် ပေါ့...ပျော်စရာကြီးဗျာ...နောက်လာမယ့်
နှစ်တွေမှာလည်း ဒီလိုပွဲမျိုးကို ဘလော့ဂါတွေ အများကြီးနဲ့ ကျင်းပလိုက်
ရင် ပိုပြီးနွေးထွေးမယ်လို့ ယူဆတယ်ဗျာ..ဒီနေ့ ပွဲမှာ စပွန်ဆာတွေ ဝေေ၀ဆာဆာ
နဲ့တွေ့ရတယ်ဗျ....ဒါကတော့ http://mysuboo.com ပါ။ဒီ site မှာ ရီဂျက်စတာ
လုပ်ပြီးတာနဲ့ မြန်မာလို ချက်ချင်းရေးနိုင်တယ်လို့ ဆိုပါတယ်..နောက်ပြီး Service +
, Ideal Technology , စသဖြင့်ပေါ့...အများ ကြီးပါပဲ..(၄)နာရီ ထိလို့ ပြောထားပေမယ့်
တကယ်တမ်း ပြီးတာက (၅)နာရီ မှပါ...ကျေနပ် အားရစရာကောင်း တဲ့ ပွဲလေးပါပဲ...
ဓါတ်ပုံ ကို ဒီကနေ ယူပါတယ် ။
Photo Sharing and Video Hosting at PhotobucketPhoto Sharing and Video Hosting at Photobucket

ကို မျက်လုံး ၊ စေတန်ဂေါ့ ၊ ကိုနေဘုန်းလတ် နဲ့ ၀ါးဒီးဖွင့် နေကြသူများ



0 ခုလောက် ဝေဖန်ကြည့်ရအောင်:

Post a Comment

Online ပေါ်တွင် ကြော်ငြာများကို ကလစ်နှိပ်၍ ငွေ ရှာ ရန်အတွက် ပုံတွင် ကလစ်နှိပ်၍ မင်ဘာဝင်နိုင်ပါပြီ..

*******************************************************

*******************************************************

*******************************************************

468x60 *******************************************************

*******************************************************

*******************************************************

*******************************************************

*******************************************************

-------------------------------------------------------