ရွှေမင်းသား မှ လှိုက်လှဲစွာ ကြိုဆိုပါတယ်...

Wednesday, August 29, 2007

ခေမာရဋ (ခေါ်) မြို့ကျိုင်းတုံ သို့....

ခေမာရဋ (ခေါ်) မြို့ကျိုင်းတုံ သည် တောင်ကြီး မြို့၏ အရှေ့ဘက် ၄၅၆ ကီလိမီတာ အကွာ ၊ပင်လယ်ရေမျက်နှာ ပြင်မှ ၇၈၇ မီတာ အမြင့် တွင်တည်ရှိသည် ။ ရှမ်းပြည်နယ် အရှေ့ပိုင်း ၏ မြို့တော် ဖြစ်ပြီး စတုရန်း မိုင် ၁၂.၃၀၀ ခန့် ရှိသည် ။

ရန်ကုန် မှ ကျိုင်းတုံ (ကားလမ်းဖြင့်..)

ပထမဦးစွာ ရန်ကုန် မှ ကျိုင်းတုံ သို့ ကားလမ်း ဖြင့် သွားလျှင် တောင်ကြီး သို့ ဦးစွာ သွားရပါမည် ။ ကားဖြင့် သွားလျှင် လွန်စွာ ပင်ပန်းလှပါသည် ။ ၄-၅ ရက်မျှ သွားရပါသည် ။ လေကြောင်း ခရီးစဉ့် ဖြင့်သာ အသင့်တော် ဆုံး ဖြစ်သည် ။(မန္တလေး မှ လည်း ထို အတိုင်းပင် ဖြစ်သည်။)

**********************
ရန်ကုန် မှ ကျိုင်းတုံ (လေကြောင်းဖြင့်..)
လေယဉ် ဖြင့်သွားမည်ဆိုပါက ကမ်းနားလမ်းရှိ မြန်မာ့ လေကြောင်းရုံးတွင် လေယဉ်လက်မှတ် (တစ်ရက်ကြို) တင်ရပါမည်။လေယဉ် ခရီးစဉ်များမှာ ကြာသပတေး ၊ သောကြာ ၊စနေ ၊ တနင်္ဂနွေ တစ်ပတ်လျှင် (၄) ရက် (ခရီး စဉ်အပြောင်းအလဲ အမြဲ ရှိသည်)ဖြစ်ပြီး လေယဉ် လက်မှတ်ခမှာ (၄၇၀၀၀) ရှိသည်။လက်မှတ်ရပါက (၁၀)မိုင် အပြည်ပြည် ဆိုင်ရာ လေဆိပ်မှ ကျိုင်းတုံမြို့ သို့ထွက်ခွာနိုင်ပါသည်။ကြာချိန်မှာ ၁နာရီ ၁၅မိနစ်ခန့် ဖြစ်သည်။

**********************

မန္တလေး မှ ကျိုင်းတုံ (လေကြောင်းဖြင့်..)
မန္တလေး မှ ကျိုင်းတုံ သို့ လေကြောင်းဖြင့် သွားမည် ဆိုလျှင် ၆၂ လမ်း နှင့် ၈၂ လမ်းရှိ မြန်မာ့လေကြောင်းရုံး တွင် တစ်ရက် ကြို၍ လက်မှတ်တင်ကာ စောင့်ဆိုင်းရပါမည် ။လေယဉ် ခရီးစဉ်မှာ တစ်ပတ်လျှင် တနင်္ဂနွေ တစ်ရက် တည်း သာရှိပါသည်။(ခရီးစဉ် အပြောင်းအလဲ ရှိသည်)
လေယဉ် လက်မှတ်ခမှာ (၂၇၀၀၀) ရှိသည်။ကြာချိန်မှာ မိနစ် ၅၀ ခန့် ဖြစ်သည်။တံတားဦး အပြည်ပြည် ဆိုင်ရာ လေဆိပ်မှ ကျိုင်းတုံမြို့ သို့ထွက်ခွာနိုင်ပါသည်။
*Air Bagan ,Air Mandalay , Yangon Airways စသော ပုဂ္ဂလိက လေကြောင်းလိုင်းများဖြင့်လည်း သွားလာ နိုင်ပါသည်။
**********************
ကျိုင်းတုံလေဆိပ်..
ကျိုင်းတုံလေဆိပ် သို့ လေယဉ် ဆိုက်ရောက်လျှင် သုံးဘီးများ(ဒေသအခေါ် ဆမ်လော့) ၊တက္ကစီ ဆိုင်ကယ်များ ၊ တက္ကစီ ဂျစ်ကား နှစ်စီး နှင့် အသိရှိပါက လာကြိုသူများ နှင့် ရှုပ်ထွေးနေပေမည်။ ဈေးအသက်သာ ဆုံးဖြင့် မြို့တွင်းသို့ သွားလိုလျှင် ကိုဖေ ဂျစ်ကို စောင့်စီးလျှင်ရပါသည်။ သို့သော် ကုန်ပစ္စည်းများ ပြည့်မှ ထွက်သော ကြောင့် အချိန်ကြာလှပါသည်။ယဉ်စီးခ မှာ ၂၀၀ကျပ် (၂၀၀၆ ခုနှစ်) ဖြစ်သည်။ကိုဖေ ဂျစ်ကို မစောင့်နိုင်ပါက သုံးဘီးတက္ကစီ(ဆမ်လော့) ဖြင့် စီးနိုင်သည်။သုံးဘီးတက္ကစီမှာ ခရီးအကွာအဝေး အလိုက် ၅၀၀ မှ ၁၀၀၀ ကျပ် အတွင်း ရှိသည်။တက္ကစီ ဆိုင်ကယ် များ၏ ဈေးနှုန်းမှာလည်း ခရီးအကွာအဝေး ပေါ်မူတည်၍ ၃၀၀ မှ ၇၀၀ ကြား ရှိသည်။အကာင်းဆုံး နှင့် အဆင် အပြေဆုံးမှာ ပါလာသည့် ပစ္စည်း အနည်းအများအလိုက် ပစ္စည်းနည်းလျှင် တက္က စီ ဆိုင်ကယ် စီးသင့်ပြီး ပစ္စည်းများလျှင် သုံးဘီး စီးသင့်သည်။ထိုထက်ပို ၍ သက်သာသည်မှာ ကိုဖေ ဂျစ်ပင် ဖြစ် သည်။
*************************

ခေတ္တ နားပါဦးမည်......ဆက်ရန်ရှိသေးသည်......



0 ခုလောက် ဝေဖန်ကြည့်ရအောင်:

Post a Comment

Online ပေါ်တွင် ကြော်ငြာများကို ကလစ်နှိပ်၍ ငွေ ရှာ ရန်အတွက် ပုံတွင် ကလစ်နှိပ်၍ မင်ဘာဝင်နိုင်ပါပြီ..

*******************************************************

*******************************************************

*******************************************************

468x60 *******************************************************

*******************************************************

*******************************************************

*******************************************************

*******************************************************

-------------------------------------------------------