နေညို ခဲ့ပြီ...
ငါ့စိတ်တွေလည်း အိုနေပြီ..
ငိုနေပြီ ရင်ထဲမှာ လွမ်းလို့....
တမ်းတ မှန်းဆခဲ့ရတာ........
ရက် လ တွေများလှပေါ့.......
မှောင်နေပြီ....
ရောင်နီမဲ့တဲ့ အခန်းအိုထဲ....
ကြိုးမဲ့ ဂစ်တာလေး တစ်လုံးနဲ့
ဟောင်းနွမ်း စုတ်ပြတ်နေတဲ့..
သီချင်း စာသားတွေ ခြစားလို့..
တစ်စစီ ပြန့်ကျဲ...
ရောင်ခြည်တွေ မဲ့ခဲ့တဲ့
ငါ့ရဲ့ ဆွေးမြည့် ရက်တွေထဲမှာ
ဘယ်သူ ၀င်လာ အလင်းပေးမလဲ
ငါလိုချင်နေတာ..
ဒီအချိန်မှာ..
နံနက်ခင်းရဲ့
မိုးသောက် အလင်းတွေပဲ...။
0 ခုလောက် ဝေဖန်ကြည့်ရအောင်:
Post a Comment