ရွှေမင်းသား မှ လှိုက်လှဲစွာ ကြိုဆိုပါတယ်...

Saturday, August 09, 2008

မြန်မာတွေ မချမ်းသာကြတာ ဘာကြောင့်လဲ...?

" မြန်မာတွေ ဟာ အမြင့်မြတ်ဆုံး ဖြစ်တဲ့ ဗုဒ္ဒ ဘာသာ ကိုလည်း ကိုးကွယ်ခွင့်ရတယ်..
ဒါန ကုသိုလ်လည်း အများကြီးပြုကြတယ်..အဲဒီနှစ်ချက် ကိုထောက်ရှုကြည့်ရင် မြန်
မာတွေဟာ ကမ္ဘာမှာ အချမ်းသာဆုံး ဖြစ်သင့်တယ်..ဒါပေမယ့် ထင်သလောက် မချမ်း
သာကြဘူး၊ အဲဒါ ဘယ် အကြောင်းတွေကြောင့်လည်း........."
အကြောင်း ၁ ။
တကယ်လိုအပ်သည့်နေရာတွင် မလှူဘဲ နာမည်ကြီးမည့်နေရာ တွင် စုပြုံ လှူကြခြင်း။
ဥပမာ..စာသင်တိုက် တစ်ခုတွင် ကုဋီ (အိမ်သာ ) လိုအပ်နေသည်..သို့သော် လှူမည့်သူ
မရှိ ၊ဘုရားခန်းထဲတွင် ရုပ်ပွားတော် တစ်ဆူ ရှိပြီးသော်လည်း နောက်ထပ် လှူဒါန်းကြ၏။
ဗုဒ္ဒ ဘာသာ အများစုသည် ဘုရားဒကာ ၊ ဘုရားအမ သာ အမည်ခံချင် ကြသည်။အိမ်သာ
ဒကာ ၊အိမ်သာ အမ အမည်မခံချင်ကြပေ..လှူသည်ဆိုရာတွင် ကိုယ့်အတွက် မဟုတ်ပေ..
အလှူခံ အတွက်သာ ဖြစ်သည်..ထို့ကြောင့် အလှူခံ လိုအပ်သည်ကိုသာ ရွေးချယ်ပြီး လှူဒါန်း
သင့်ပါသည်..။
အကြောင်း ၂ ။
မြတ်စွာဘုရားက အဂုင်္တ္တိုရ် ပါဠိတော် ဇာဏုသောဏိသုတ်မှာ သမ္မဒါ လေးပါးနဲ့  ပြည့်စုံရင်
ကြီးပွားချမ်းသာ မယ်လို့ ဟောခဲ့တယ်.ဗုဒ္ဒဘာသာ အများစုဟာ တစ်ပါးမှ မပြည့်စုံကြဘူး..။
အကြောင်း ၃ ။
ဘာသာရေးအပေါ်မှာ ထားတဲ့ မေတ္တာ ၊ စေတနာ မျိုးကို စီးပွားရေးအပေါ်မှာ မထားကြလို့လည်း
မြန်မာ အများစုဟာ ကြီးပွားသင့်သလောက် မကြီးပွားကြဘူး..။
အကြောင်း ၄ ။
ပျင်းရိခြင်း အကုကိုလ်ကို ရောင့်ရဲခြင်း ကုသိုလ်လို့ အထင်မှား ကျင့်သုံးနေကြတဲ့ အတွက်လည်း
မြန်မာတွေဟာ ကြီးပွားသင့် သလောက် မကြီးပွားကြဘူး..။
အကြောင်း ၅ ။
အတ္တသမာ ပဏီဓိ မင်္ဂလာချို့ တဲ့လို့ တစ်နည်းအားဖြင့် မိမိကိုယ်မိမိ ကောင်းတဲ့ အလုပ်မှာ
ဆောက်တည်နေနိုင်စွမ်းမရှိလို့လည်း မြန်မာ အများစုဟာ ကြီးပွားသင့်သလောက် မကြီးပွား
ကြဘူး..။

0 ခုလောက် ဝေဖန်ကြည့်ရအောင်:

Post a Comment

Online ပေါ်တွင် ကြော်ငြာများကို ကလစ်နှိပ်၍ ငွေ ရှာ ရန်အတွက် ပုံတွင် ကလစ်နှိပ်၍ မင်ဘာဝင်နိုင်ပါပြီ..

*******************************************************

*******************************************************

*******************************************************

468x60 *******************************************************

*******************************************************

*******************************************************

*******************************************************

*******************************************************

-------------------------------------------------------