ရွှေမင်းသား မှ လှိုက်လှဲစွာ ကြိုဆိုပါတယ်...

Tuesday, June 10, 2008

မြန်မာပြည် ချစ်ခြင်းမေတ္တာ လူငယ်ဖွံ့ဖြိုးရေး ဂေဟာ

မြန်မာပြည် ချစ်ခြင်းမေတ္တာ လူငယ်ဖွံ့ဖြိုးရေး ဂေဟာ သို့ အလှူငွေ လှူဒါန်းနိုင်….

 

ကျောင်းဖွင့်ချိန် ဖြစ်သည့် အားလျော်စွာ ကျောင်းဝတ်စုံ ၊ စာအုပ် ၊ ခဲတံ ၊စာရေး

ကိရိယာစသော ကျောင်းအသုံး အဆောင် ၊ဆောက်လုပ်ဆဲ ဖြစ်သော အဆောင်သစ်

အတွက် အလှူငွေ လိုအပ်နေပါသည်။ ၂၀၀၆ ခုနှစ်မှ စတင်ကာနာမည် ပြောင်းလဲခဲ့သော   

"မြန်မာပြည် ချစ်ခြင်းမေတ္တာ လူငယ်ဖွံ့ဖြိုးရေး ဂေဟာ" သည် မြန်မာပြည် အရပ် ရပ်ရှိ

ကလေးများကို လက်ခံနေပါသည်။

" အစား အသောက် ကျွေးမွေးဖို့ အတွက် လှူဒါန်းချင်သူတွေကလည်း ပိုက်ဆံထုတ်

ပေးပြီး ဘာကျွေးချင်တယ်..စီစဉ်ပေးပါဆိုရင် အားလုံးစီစဉ်ပေးတယ်…ကျွေးမွေးဖို့ဆိုရင်

ကျွေးမွေးဖို့ ၊အဆောင်ဆောက်ဖို့ ဆိုရင် အဆောင်ဆောက်ဖို့ အလှူရှင် စိတ်တိုင်းကြ

ဆန္ဒအတိုင်း စီစဉ် ပေးပါတယ်…" ဟု ဂေဟာမှူး က ဆိုပါသည်။

နာဂစ် ကြောင့် အမှန်တကယ် မိဘ နှစ်ပါးစလုံး ကွယ်လွန်ကာ ခိုကိုးရာမဲ့ ၊ နေစရာမဲ့ သော

ကလေးများကို အကန့် အသတ်မရှိ ၊လူမျိုးမရွေး ၊ ဘာသာမရွေး လက်ခံနေပါသည်။

အသက် ၂ နှစ်မှ ၁၂ နှစ်အတွင်း ကလေးငယ်များကို လက်ခံပါသည်။ ကလေးများကို သက်ဆိုင်ရာ

ရပ်ကွက် ၊တိုင်း ၊ဒေသ မှ လူမှုဝန်ထမ်း အဖွဲ့ အစည်းက ထောက်ခံပေးလျှင် လက်ခံပေးပါသည်။

ဂေဟာ သို့ ဆက်သွယ် လှူဒါန်းလိုပါက……………………….

အမှတ် (၁၁၂) ၊ အရှေ့ (၂)ရပ်ကွက် ၊ ၀ါးနက်ချောင်းကျေးရွာ ၊မှော်ဘီ မြို့ နယ်၊

ဖုန်း ……၆၂၀၃၉၉ ။

သို့ ဆက်သွယ်လှူဒါန်း နိုင်ပါသည်။

0 ခုလောက် ဝေဖန်ကြည့်ရအောင်:

Post a Comment

Online ပေါ်တွင် ကြော်ငြာများကို ကလစ်နှိပ်၍ ငွေ ရှာ ရန်အတွက် ပုံတွင် ကလစ်နှိပ်၍ မင်ဘာဝင်နိုင်ပါပြီ..

*******************************************************

*******************************************************

*******************************************************

468x60 *******************************************************

*******************************************************

*******************************************************

*******************************************************

*******************************************************

-------------------------------------------------------