ရွှေမင်းသား မှ လှိုက်လှဲစွာ ကြိုဆိုပါတယ်...

Tuesday, April 22, 2008

ဥပက္ခာ လူသား

မိုးမမြင် လေမမြင်
ဂုဏ်သရေ ကင်းတဲ့ ချစ်ခြင်းများစွာနဲ့
တန်ဖိုးမရှိတဲ့ ယဇ်ပုလ္လင်ထက်မှာ
နှလုံးသားတစ်ခု မိန့်မိန့်ကြီးထိုင်လို့
ဦးနှောက်က ဆုံးဖြတ်တာတွေ
မှိုင်တွေကာ ယဇ်မူးနေဆဲ....

မြွေဟောက်လို လျှာနှစ်ခွနဲ့
မျက်နှာ မများနဲ့...
မာယာတွေ အာ, ပလာတွေ
လာမနွယ်နဲ့...
မုသားဆို ငါမယုံဘူး
အမှန်တရားကို ဆိုတတ်သူ...
အမှားဆိုတာ လူတိုင်းနဲ့ မကင်းတာမို့
ခွင့်လွှတ်မြဲ...ခွင့်လွှတ်ဆဲ....ခွင့်လွှတ်လျက်ပါပဲ...

ရာသီတွေ အလီလီ ပြောင်းခဲ့ပေမယ့်
ပေါင်းစပ်လို့ မရတဲ့ မင်း နဲ့ ငါ
ချစ်ခြင်းမဲ့တဲ့ ဥပက္ခာနဲ့
ငါ့ရင်မှာ နာကျဉ်းလည်းဘဲ
ထာဝရ မင်းကို ချစ်မြဲပါပဲ.....

လူပေါင်းမှားတဲ့ မင်း
အတွေးတွေ ခေါင်းပါးပြီး
ချစ်မေတ္တာတွေ ဆိတ်သုန်းခဲ့ရတယ်..
အာ ဃာတတွေ မလိုမုန်းထားမှုတွေနဲ့
အမုန်းတရားတွေ အတ္တ လို ဖြစ်နေခဲ့.....

ငြိမ်းချမ်း သံစဉ်တစ်ခု
ရာဇ၀င် တစ်ခုဖြစ်အောင်
စာတင်ကာ ထုဆစ်လို့
နုမျစ်တဲ့ အတွေးတွေနဲ့
ဟောင်းညစ်တဲ့ အဆွေးတွေကို
မိစ္ဆာတွေလို ဗိန်းမောင်းတီးလို့
မောင်းထုတ်ပစ်သင့်ပြီ ....

ငါ့ ဆန္ဒ အရ ပြောရရင်
" ဘူး "ဆို " ဖရုံ " မသီးတတ်ဘူး
အမှား ကို အမှန်
အမှန် ကို အမှား
ဆန့်ကျင်ဘက်တွေနဲ့
မျှတနေတဲ့ ဘဝ
တွေဝေနေရင် ငါပဲ ခံရတော့မှာပေါ့....

တကယ်လို့ ......
ငါသာ ကောင်းကင်ကြီး က
နေမင်းကြီး တစ်စင်းလို စွမ်းအားတွေသာ ရှိခဲ့ရင်
မင်းအပေါ်မှာ အေးမြတဲ့ လ ရဲ့ ငြိမ်းချမ်းမှုမျိုးကို
ငါ ပေးလိုက်ချင်ရဲ့.........

နေညိုညို တိမ်အိုချိန်မှာ
အရှေ့ ဘက် မိုးကုတ်စက်ဝန်းဆီက
ကြိုးကြာငှက် ရဲ့ လွတ်လပ်တဲ့
အတောင်ပံ ခတ်သံတွေဟာ
ငါ့ ရင်ထဲက ဆန္ဒတွေကို
ခွန်အားတွေ ဖြစ်စေခဲ့တယ်.....

ဒါပေမယ့်....
ဥပက္ခာ ပြုခံရတဲ့
လူသားတစ်ယောက် အတွက်တော့
လောကကြီး ရဲ့ အလှ သစ္စာ တရားတွေဟာ
မှုန်ရီေ၀၀ါး ဆဲပါပဲ.....။ ။

0 ခုလောက် ဝေဖန်ကြည့်ရအောင်:

Post a Comment

Online ပေါ်တွင် ကြော်ငြာများကို ကလစ်နှိပ်၍ ငွေ ရှာ ရန်အတွက် ပုံတွင် ကလစ်နှိပ်၍ မင်ဘာဝင်နိုင်ပါပြီ..

*******************************************************

*******************************************************

*******************************************************

468x60 *******************************************************

*******************************************************

*******************************************************

*******************************************************

*******************************************************

-------------------------------------------------------