ရွှေမင်းသား မှ လှိုက်လှဲစွာ ကြိုဆိုပါတယ်...

Monday, August 27, 2007

လေးဒီး ဖတ်(စ်) ၊Lady First

ဒီနေ့ ကျနော် လိုင်းကားစီးတော့ ကြည်နူးစရာ တစ်ခု သွားတွေ့တယ်ဗျ..ဘာလည်းဆိုတော့ အနောက်နိုင်ငံတွေမှာ Lady First ဆိုပြီးတော့ အမျိုးသမီးတွေကို ဦးစားပေးဖို့ စာသားလေး ရှိပါတယ်...ဒီလိုပဲ ကျနော်တို့ မြန်မာနိုင်ငံ မှာ လည်း လိုင်းကား စီးတဲ့အခါ သံဃာတော်များ ၊ ကိုယ်ဝန်ဆောင်များ ၊ နာမကျန်း သူများ ကိုနေရာ ဖယ်ပေးကြပါ တယ်။ ဒါပေမယ့် ကျနော် တစ်ခါ ၊နှစ်ခါ မက တွေ့ ကြုံ ဖူးတယ်ဗျ..အဲဒီလူ တွေကပဲ နားမလည်တာလား ၊တစ်ကိုယ် ကောင်းဆန် တာလား ၊လူမှုရေး ခေါင်းပါးကြတာလား ဆိုတာ ကာယကံ ရှင်တွေပဲ သိကြမှာပါ ။ယောင်္ကျား ရင့်မာကြီး တွေဖြစ်ရဲ့သားနဲ့ မိန်းခလေးနဲ့ အပြိုင် နေရာလုတာတွေ တွေးကြည့်တာနဲ့တင် ရှက်ဖွယ်လိလိ ဖြစ်ပါတယ်။ တစ်ချို့ ကြတော့လည်း သံဃာတော် တွေအတွက် လိုင်းကားတွေမှာ ခုံနေရာတွေ ထား ထား ပါတယ်။ လူတစ်ချို့ ကဖယ် မပေးချင်ကြပါဘူး ။ ဟိုင်းလတ် လေးတွေဆို ပိုဆိုးပါတယ်။တစ်ခါက ကောင်မလေး တစ်ယောက် ၊ဘေးမှာ က လူတစ်ယောက် ..ကောင်မလေးဘေးမှာ နေရာ နဲနဲလေးလောက်တော့ အလွတ်လေး ရှိပါတယ်.အဲဒီမှာ ဘုန်းကြီးတစ်ပါး တက်လာ ပါတယ်။ထိုလူက နေရာပေးချင်သော်လည်း သင်္ကန်းနှင့် မိန်းခလေး ထိတွေ့ရန် မအပ်စပ်သောကြောင့် မိန်းခ လေး အားနဲနဲ ရွှေ့ ပေးပြီးထိုင်လျှင် နေရာရမည်ဖြစ်သော်လည်း မိန်းခလေးက နေရာမရွှေ့ ဘဲပေ၍ ထိုင်နေ ပါသည်.။ဗုဒ္ဓဘာသာ နိုင်ငံဖြစ်သော်လည်း သူတို့တွေမှာ မသိတတ်ကြပါ။ ယနေ့ ကိစ္စ ကတော့ ကားကလည်းကျပ် ကလေးကိုချီ၍ မိန်းမကြီးတစ်ယောက်တက်လာပါသည်။ထိုအချိန် လူကြီးတစ်ယောက်မှ ကလေးကိုလှမ်းခေါ် ထိန်းပေးထား၍သာ တော်သေးသည်။ကလေးကလည်း မငိုဘဲ သဘော ကောင်း၍ တော်ပါသေးသည်။ထိုမိန်းမ ကလည်း အဆင်ပြေ ၊ကလေးကိုလည်းစိတ်ချထားနိုင်ပေသည်။နေရာမပေးနိုင် သော်လည်း ကူညီပေးတတ် သော လူကြီး၏ စိတ်ဓာတ်မှာ လေးစားစရာ ဖြစ်သည် ။ ရိုးရိုးလေးပါ ။ ဒါပေမယ့် သိတတ်မှု ၊မသိတတ်မှု ကို ဖော်ပြသွားသော သာဓကပင် ဖြစ်သည် ။ ကြည်နူးစရာ ဖြစ်သည် ။

0 ခုလောက် ဝေဖန်ကြည့်ရအောင်:

Post a Comment

Online ပေါ်တွင် ကြော်ငြာများကို ကလစ်နှိပ်၍ ငွေ ရှာ ရန်အတွက် ပုံတွင် ကလစ်နှိပ်၍ မင်ဘာဝင်နိုင်ပါပြီ..

*******************************************************

*******************************************************

*******************************************************

468x60 *******************************************************

*******************************************************

*******************************************************

*******************************************************

*******************************************************

-------------------------------------------------------