ရွှေမင်းသား မှ လှိုက်လှဲစွာ ကြိုဆိုပါတယ်...

Friday, August 24, 2007

ငါတို့နဲ့မင်း

မင်းနဲ့ငါဟာ ငယ်စဉ်ထဲက အတူတူတွဲရှိခဲ့ကြ သူတွေမဟုတ် ပါဘူး ။မထင်မှတ်ထားတဲ့အချိန်မှာ ဖြစ်ပေါ်လာခဲ့တဲ့ အခြေအနေတခုကြောင့် မင်းကိုလက်ခံလိုက်ရပေမယ့် ငါအာရုံထဲမှာ မင်းဘယ်တုန်းကမှ မရှိခဲ့ပါဘူး။ ရှောင်လွဲမရသေးလို့သာ မင်းရင်ခွင်မှာ မှီနေရပေမယ့် ငါမင်းကိုကြည်တယ်လို့တော့ မထင်ပါနဲ့။ မင်းရင်ခွင်လို့ ပြောလိုက်လို့သိပ်ပြီးတော့လည်း ဘဝင်တွေ စွတ်မမြင့်လိုက်နဲ့အုံး။မင်းလို ဘာမှသုံးလိုမရတဲ့ သူတယောက် အတွက်ခေတ္တခဏသဘောနဲ့ မသထာစွာချပေးထားတာပါ။ငါနဲ့ ငါ့မိသားစုအတွက် အဖိုးမဖြတ်နိုင်တဲ့ ဒီရင်ခွင်ကြီးကို ငါတို့ရဲ့ နှလုံးသားတွေအကွဲကြေခံ၊ မျက်ရည်တေ ချောင်းစီး၊ သောကတွေ ပင်လယ်ဝေ လောက်အောင် ခံစားပြီးမှရခဲ့တာပါ။ မင်းလိုဘာမှမဟုတ်တဲ့၊ အဲ့ဒီအချိန်က ဘယ်ချောင် နားရောက် နေမှန်းမ သိတဲ့ မင်းကခုချိန်မှာ ပျော်နေမှာပေါ့။ အေးပေါ့ကွာ၊ ဒီအချိန်က မင်းရဲ့အနုအရွ၊ အကြမ်းအနုတွေ ကိုငါရှောင်
လွဲလို့မှမရနိုင်သေးတာ။ မင်းရဲ့သဘောကျ ငါလိုက်နာရုံကလွဲလို့ လက်ရှိမှာငါဘာမှမစွမ်းနိုင်သေးဘူ။ ဒါပေမယ်ကွာ မင်းသိပ်လည်းပျော်မနေပါနဲ့။ တချိန်ချိန်မှာတော့ မင်းဘဝရဲ့အလှည့်အပြောင်းနဲ့ ငါတို့ရဲ့ လိုအင်ဆန္ဒဟာ ဖြစ်လာမှာပါ။အဲ့ဒီအချိန်မှာ မင်းရဲ့မျက်နှာ၊ မင်းရဲ့အမူအရာ၊ မင်းရဲ့ဟန်ပန်တွေကိုလက်ရှိတိုင်း ရှိနေနိုင်အောင် မင်းအားတင်းထားပါ။ ငါဘဝရဲ့ မျှော်လင့်ချက်က ငါတို့ဘဝထဲကနေ မင်းကွယ်ပျောက်သွားဖို့ပဲ။ မင်းရဲ့လွမ်းမိုးမှုတွေချုပ်ငြိမ်းသွားဖို့ပဲ။ဘာတခုမှ အထင်ကြီး လေးစားစရာမရှိတဲ့ မင်းကို ငါတို့ စက်စုပ် ရွံရှာ မုန်းတီးနေခဲ့တာ ငါ့တို့ဘဝထဲကို မင်းဝင်လာပြီး မကြာခင်ထဲကပါ။မဆိုသလောက်လေး ယိုင်နဲ့ခဲ့တဲ့ ငါတို့ဘဝထဲကို ကူညီပေးတာပါ ဆိုပြီးပတ်ဝန်းကျင်ကို လိုက်ပြောနေလည်း မင်းကို ယုံကြည်မဲ့သူမရှိ နိုင်တော့တာ မင်းနားလည်စမ်းပါကွာ။ မင်းပါးစပ်ညောင်းပါတယ်။ တကယ်တော့ငါတို့ရဲ့အိမ်တွင်းက အမွေအနှစ်တွေ၊ငါတို့ရဲ့ပိုင်ဆိုင်မှုတွေကို မင်းမက်မောခဲ့တာပါ။ ငါတို့ရှေ့မှာ မင်းအကြိမ်ကြိမ် ဖောက်ပြန်လီစယ် နေတာကို ငါတို့မြင်နေရတာတောင် မင်းကလိမ်နေတုန်းပဲနော်။ မင်းဟာတော်တော် ကြောက်စရာ ကောင်းတာ ပါ လားကွာ။ငါတို့သိခဲ့တာလည်းကြာခဲ့ပါပြီ။အရင်အချိန်တွေတုန်းက အထင်ကြီးလေးစားခဲ့ရတဲ့၊ အမြဲတမ်း နှစ်ကိုယ့်တစိတ်ရှိခဲ့ကြတဲ့ ငါတို့မိသားစုလေးဟာနှစ်ခုဟာ ခုတော့ မင်းကြောင့်အားလုံးပျက်ဆီးသွားခဲ့ပြီ။ ပျက်ဆီးနေဆဲပဲ။ဆက်ပြီးတော့လည်း ပျက်ဆီးနေအုံးမှာပါ။ ငါတို့ဘဝထဲကမင်းမထွက်သွားသေးခင် အထိပေါ့။ မင်းကို ငါတို့ဘဝထဲက အမြန်ဆုံးဆွဲထုတ်သွားနိုင်အောင်ကြိုးစားရတော့မယ်. . . . .





0 ခုလောက် ဝေဖန်ကြည့်ရအောင်:

Post a Comment

Online ပေါ်တွင် ကြော်ငြာများကို ကလစ်နှိပ်၍ ငွေ ရှာ ရန်အတွက် ပုံတွင် ကလစ်နှိပ်၍ မင်ဘာဝင်နိုင်ပါပြီ..

*******************************************************

*******************************************************

*******************************************************

468x60 *******************************************************

*******************************************************

*******************************************************

*******************************************************

*******************************************************

-------------------------------------------------------