အမှည့်လွန် သစ်သီးတစ်စုံ
အပြာရောင် သန်းလာသောအခါ
" ကျွန်တော် " ဟု အမည်တွင် ၏..။
လှည့်ဖျားမှု အများစုကို
မာယာ ဟု ပြီးစလွယ် သတ်မှတ်ကာ
သူမ မျက်ဝန်းထဲမှ အပြုံး
အပြုံး ထဲမှ စကားလုံး
စကားလုံးထဲမှ ရင်ခုန်နှုန်း
ဖြစ်ပေါ် လာပုံ အဆင့်ဆင့် ကို
" အချစ် " ဟု အတိအလင်းဖွင့်ဆို ၏....။
ညတွင်....
လရောင်သည်....
ဝိညာဉ် ၏ အရေပြားနှင့်
လာရောက် ကွန့်မြူးသော အသံကို
" အလွမ်း " ဟု ခေါ်ဆို၍
အလွမ်း ၏ ဒုတိယ အမည်မှာ.......
" သူမ " ဖြစ်သည်....။ ။

0 ခုလောက် ဝေဖန်ကြည့်ရအောင်:
Post a Comment