ဒီနေ့ မိုးတွေ ရွာနေတယ်..။
သင်္ကြန်မိုးပြေးလေးလို့ ပြောရမလား..ဖက်စွတ်မိုးလို့ပြောရမလား...ဒါပေမယ့် ခဏလေးနဲ့ တိတ်သွားတယ်..ပိတောက်တွေ ကတော့ ပွင့်ဖို့ အားယူနေကြပြီ..မကြာခင်မှာပဲ ဈေးတွေတစ်ခုလုံးဝါထိန်နေရော့မယ်..
ဦးဦးဖျားဖျားမို့ ထူးထူးခြားခြား ဘုရားတင်ကြရတော့မယ်..အော်...ပိတောက်တွေက သစ္စာရှိတယ် ဆိုတဲ့ စကားတွေ ဟို ငယ်ငယ်က တော့ ကြားဖူးကြပါတယ်..အခုတော့ ပိတောက်တွေ က သစ္စာ မရှိကြဘူးတဲ့.
ကြားရပြန်သေးတယ်..ဘာကြောင့်လဲ...အပြစ်မရှိတဲ့ ပန်းလေးတွေ ကို အပြစ်ဖို့နေရုံနဲ့ ပြီးမလား...သူ့ဟာသူ ဘယ်အချိန်ပွင့်ပွင့်ပေါ့..ဟုတ်တယ်မှတ်လား..သူတို့ သစ္စာ မရှိတာက ဘယ်သူတွေကြောင့်လဲ...
သိကြမှာပါ..အဓိက တော့ ရာသီဥတု ကြောင့် ပေါ့...လူတွေ မဆင်မခြင် သစ်ပင်တွေ ခုတ် ၊ မျိုးမျိုးမြတ်မြတ် ရရင် ရောင်းစား ၊ ကျနော်တို့နေတဲ့ တောင်တန်းတွေဆို စိမ်းစိုလို့....အခုတော့ တောင်ကတုံး ဆိုတဲ့
စကားလေးလို တုံးတိတိ နဲ့ အပင်တွေပြုံန်းတော့ မိုးမရွာ..ရာသီဥတုတွေကပူ ၊တောမီးတွေက လောင်နဲ့ မျှတမှုတွေ မရှိတော့ဘူး..။ လူတွေက ထင်းတွေအဖြစ်ခုတ်ပြီး မီးသွေးလုပ်ကြသေးတယ်..ကျနော်တို့
ဆီမှာ မီးတွေ ဒီလောက်လာနေတာ....တစ်လတစ်ခါ မီတာဆောင်ပြီး ဘာလို့ အပို အလုပ်တွေ လုပ်နေကြလဲမသိဘူးဗျ...သစ်ပင်တွေ ထင်းစိုက်ကြတော့ ထွက်လာတဲ့ အခိုးအငွေ့တွေနဲ့ ဘယ်ရာသီဥတု က
ခံနိုင်တော့မှာလဲ. ပြီးတော့ အမှိုက်ပုံတွေမှာ ကြည့်လိုက်တိုင်း ကျွတ်ကျွတ် အိတ်တွေနဲ့ မြေဆီမြေနှစ် မဖြစ်တဲ့ အပြင် ဒုက္ခတွေ ဖြစ်ပြီး သီးပင်စားပင်တွေလည်း မပေါက်နိုင်တော့ဘူး..မျက်စိထဲ ဝင်လာမိတဲ့
အမှိုက် တွေ ကိုပြောနေမိတယ်ဗျာ...ဆောရီး.....ရန်ကုန်မြို့ ကြီးက ပါရမီ ယဉ်လိုင်းတွေ ပုံသေသတ်မှတ်ထားတဲ့ ယဉ်စီးခက ၂ဝဝ တဲ့။ အကြွေ ၂ဝဝ မဆောင်သွားလို့ကတော့ ၃ဝဝ ယူကြတာ...... ရတဲ့
လခ နဲ့တော့ မလောက်နိုင်တော့ဘူး..အေးအေးဆေးဆေး Aircon နဲ့ သွားချင်လို့ စီးပါတယ်....အထဲမှာပိုပူလို့ ယပ်ခတ်နေရတဲ့ အဖြစ် သူများတွေလို ကျပ်ကျပ်ညပ်ညပ် မစီးချင်လို့မှ ၃ဝဝ ပေးစီး....အဲ...
ယောင် လို့ ၂ဝဝ ပေးစီးတာကို ပိုပြီးကျပ်ညပ်နေသေးတယ်.(အထဲမှာ အချောင်ကြီးပဲ.ဝါသနာပါရင် ကလို့ရတယ် ၊ အပေါက်ပိတ် မရပ်ကြပါနဲ့.ဟိုအစ်ကိုကြီး တစ်ရာ ယူထား၊ဟိုအစ်မကြီး ၅၀ ယူထား) ပြီးတော့
မှတ်တိုင်ရောက်တော့ စီးတဲ့သူက ရစရာရှိတဲ့ ပိုက်ဆံ ပြန်မတောင်းမိ ၊သူတို့ က ပြန်မပေးကြ ၊အဲလိုနဲ့ပဲ နေ့တိုင်း "ကားစီးရတဲ့ ဒုက္ခ "။သူတို့ လိုင်းကား က မြင့်တယ် အကြွေ မဆောင်ကြတော့ဘူး..ကျနော်တို့ က
ကိုယ်ပိုင်ကားမှ မရှိတာကိုးဗျာ..စီးရတော့မှာပဲ..ကျနော်ကြားရတဲ့ သတင်း တစ်ပုဒ် ကိုပြောရဦးမယ် ကိုရီးယားမှာ ဝမ် ၅ သောင်းတန်ထုတ်မယ်ဆိုပဲ..သူတို့လည်း အကြွေမသုံးတော့ဘူးနဲ့ တူတယ်ဗျ.
ဘာပဲပြောပြော မြန်မာငွေဈေးတွေ တက်လာတာ ဝမ်းသာတယ်ဗျာ..နှစ်သစ်လဲ ကူးတော့မှာမို့ ပိတောက်လေးတွေ ပွင့်တာ ၊ မပွင့်တာကို မပြောကြပါနဲ့ဗျာ....မိုးကောင်းလို့ ရွာတဲ့အချိန်မှာ အချိန်မှန်မှန်
ပိတောက်ကတော့ ပွင့်ကြမှာပါပဲ...မိုးမကောင်းရင် နောက်ကျပြီးမှ ပွင့်မှာပေါ့ဗျာ..တစ်နှစ်မှတစ်ခါ ပွင့်တဲ့ ပန်းလေးတွေ ကို အပြစ်မပြောကြပါနဲ့ဗျာ.ပိတောက်ပန်းနဲ့ အတူ ရောက်လာမယ့် မြန်မာ့ နှစ်သစ်ကူး
အတာ သင်္ကြန်လေး ကို ပဲ စောင့်မျှော်ရတော့မှာပေါ့...သင်္ကြန် ရောက်ရင် လိုင်း ကားမစီးရတော့ဘူးဗျာ.မဏ္ဍပ်တွေ ရှေ့မှာ လမ်းလျှောက်ကဲလိုက်ဦးမယ်...ကျနော့် ကို စပွန်ဆာ ပေးမယ့် သူများရှိရင်
ကြိုပြောထားနော် ၊ သင်္ကြန် ဘယ်မှာ ကဲရမှန်းမသိလို့..။တောသားမြို့တက် ဆိုသလိုပေါ့..
" အခုတော့...ဘယ်ပိတောက်ပင်က ပန်းလေးတွေ အရင် ပွင့်မလဲဆိုတာ ရှာကြည့်လိုက်ဦးမယ်ဗျာ.."
အင်တာနက်လိုင်း မြန်မြန်ကောင်းပါစေလို့ ဆုတောင်းရင်း...!!
0 ခုလောက် ဝေဖန်ကြည့်ရအောင်:
Post a Comment