ရွှေမင်းသား မှ လှိုက်လှဲစွာ ကြိုဆိုပါတယ်...

Friday, February 08, 2013

ဆောလ်လား နှင့် လည်ပါတ်စရာနေရာများ

ဆောလ်လား လို့ခေါ်ကြတဲ့ ကိုရီးယားနိုင်ငံရဲ့ နှစ်သစ်ကူးက Luna(ရှေးရိုးရာ) ပြက္ခဒိန် ရဲ့ ဇန်နဝါရီလ ၁ ရက်နေ့မှာ ကျရောက်ပါတယ်..Luna ပြက္ခဒိန် နဲ့ အခု လက်ရှိသုံးနေတဲ့ ပြက္ခဒိန်က မတူပါဘူး..နှစ်သစ်ကူးနေ့ ကတော့ အခု တစ်ကမ္ဘာလုံး သုံးနေတဲ့ ပြက္ခဒိန်မှာ ဖေဖော်ဝါရီ ၁၀ ရက်နေ့မှာ ကျရောက်ပါတယ်..နှစ်သစ်ကူးအတွက် ပိတ်ရက် ၃ ရက် သတ်မှတ်ထားပါတယ် .. မတိုင်မီ၊ ပွဲနေ့ နဲ့ ပြီးနောက်တစ်နေ့ တို့ ဖြစ်ပါတယ်..ဒီလိုအားလပ်ရက်မှာ အနယ်နယ်အရပ်ရပ်ကိုရောက်နေကြတဲ့ မိသားစု ဆွေမျိုးများဟာ မွေးဖွားရာ ဇာတိမြို့တွေမှာ လာရောက်ဆုံတွေ့ပြီး ပျော်ပွဲတွေ နွဲကြပါတယ်.. လည်ကြပတ်ကြပါတယ်.. ဒါကြောင့် ကျနော်တို့လည်းပဲ အားလပ်ရက် ရကြပါတယ်..အားလပ်ရက်မှာ လျှောက်လည်ချင်တဲ့သူတွေအတွက် ရည်ရွယ်ပြီး လည်ပါတ်လို့ ကောင်းတဲ့ ဆိုးလ်မြို့ ရဲ့ အနီးဝန်းကျင်က အထင်ကရနေရာလေးကို သိရှိပြီး သွားရောက်နိုင်ဖို့ လမ်းညွှန်ရေးသား လိုက်ပါတယ်..ကောင်းမွန်တဲ့ အားလပ်ရက်လေး ဖြစ်ပါစေ.. ကိုရီးယားနှစ်သစ်ကူးပိတ်ရက် (ဆောလ်လား) ဖြစ်တဲ့ ဖေဖော်ဝါရီ ၁၀ ရက် ။၂၀၁၃ ခုနှစ်မှာ ဂယောင်းဂီဒိုခရိုင် ၊ယုံအင်းက နာမည်ကြီး ကိုရီးယားရိုးရာကျေးလက် ကျေးရွာမှာ ဆောလ်လားနှစ်သစ်ကူးအထူးအစီအစဉ်တွေကို ဖေဖောဝါရီ ၂ ရက်က စတင်ပြီး တင်ဆက်ကပြ နေပါတယ်..ဆောလလားရိုးရာ ဖြစ်တဲ့ ကြီးမားတဲ့ လေတံခွန်(စွန်)လွှတ်ပွဲနဲ့ ဆန်နဲ့ ပြုလုပ်ထားတဲ့ ဆန်မုန့်တွေ ကို ဝေမျှပြီး တင်ဆက်ပြသမှာ ဖြစ်ပါတယ်…ဒါ့အပြင်ကျေးလက် ပန်းချီရေးဆွဲမှုများ သီချင်းသီဆိုမှု၊ ရိုးရာအကများနဲ့ ခောတ်ပေါ် အကတွေကိုလည်း တင်ဆက်ပြသဦးမှာဖြစ်ပါတယ်.. ကိုရီးယားကျေးလက်ရိုးရာကျေးရွာ ကို အရွယ်ရောက်သူတွေ ဝမ် ၁၅၀၀၀ ၊ဆယ်ကျော်သက်များအတွက် ၁၂၀၀၀ နဲ့ကလေးများအတွက် ၁၀၀၀၀ အဖြစ် ဝင်ကြေးသတ်မှတ် ထားပါတယ်.. ကိုရီးယား ရိုးရာဝတ်စုံ (ဟန်းဘုတ်) ဝတ်ဆင်လာတဲ့သူများအတွက် ၅၀ ရာခိုင်နှုန်း Discount ချထားပါတယ်.. သွားရောက်လည်ပါတ် လိုသူများအတွက် Korean Folk Village (한국민속촌) 경기도 용인시 기흥구 민속촌로 90 (보라동) 90, Minsokchon-ro, Giheung-gu, Yongin-si, Gyeonggi-do http://www.koreanfolk.co.kr/folk/english/index.htm လိပ်စာအတိုင်း သွားရောက်နိုင်ပါကြောင်း .. Lotte World (롯데월드) 240, Olympic-ro, Songpa-gu, Seoul 서울특별시 송파구 올림픽로 240 (잠실동) Jamsil Station (잠실역) Line 2 http://www.lotteworld.com/Global_eng/Main.asp ကိုရီးယားနှစ်သစ်ကူး (ဆောလ်လား) မှာ လည်ပါတ်စရာများထဲ က တစ်ခုဖြစ်တဲ့ Lotte World ကိုလမ်းညွှန်ချင်ပါတယ် ..နိုင်ငံခြားသားတွေအတွက် အထူး Discount ချထားပြီးတော့ လည်ပါတ်စရာတွေ ပေါတဲ့ပန်းခြံလိုနေရာဖြစ်လို့ သွားသင့်တဲ့ အရပ်ဖြစ်ပါတယ်..ထူးခြားအံ့ဖွယ်ကစားကွင်းများနဲ့ ထူးဆန်းတဲ့ ကျွန်း တွေ ရှိပြီး တစ်နေ့တာ လာရောက်တဲ့ နိုင်ငံခြားသားများ အတွက် ၄၀ ရာခိုင်နှုန်း လျှော့ဈေးချပေးထားပါတယ်..လူကြီးပိုင်းတွေကတော့ ဝမ် ၂၄၀၀၀ လူလတ်ပိုင်း(ဆယ်ကျော်သက်) များအတွက် ဝမ် ၂၂၀၀၀ နဲ့ ကလေးတွေအတွက် ဝမ် ၁၉၀၀၀ ဝင်ကြေး သတ်မှတ်ပါတယ်..လျှော့ဈေး ကာလမဟုတ်ရင် ဈေးကြီးပါတယ်. .ဖေဖော်ဝါရီ ၂ ရက်ကနေ ၁၇ ၇က်ထိ လျှော့ဈေးကာလအတွင်းမှာ သွားရောက်လည် ပါတ်ဖြစ်အောင် အကြံပေးလိုက်ပါတယ်..။ The War Memorial of Korea (전쟁기념관) 29, Itaewon-ro, Yongsan-gu, Seoul 서울특별시 용산구 이태원로 29 (용산동1가) စစ်သမိုင်းအမှတ်တရပြတိုက် လူသွားများတဲ့နောက်နေရာတစ်ခုကတော့ စစ်သမိုင်းပြတိုက်ပါပဲ…ကိုရီးယားစစ်ပွဲ အကြောင်းနဲ့ အမျိုးမျိုးသော လက်နက်ကြီး ငယ် ပြခန်းတွေကို သွားရောက်လေ့လာလိုသူများ သွားရောက်နိုင်ပါတယ်..ဝင်ကြေး အခမဲ့ ဖြစ်ပြီး တနလာင်္နေ့တိုင်းပိတ်ပါတယ်. .နေ့စဉ် မနက် ၉ နာရီကနေ ည ၆ နာရီထိ ဖွင့်ပါတယ်. ဆမ်ဂါဂျီ ရထားဘူတာ Samgakji Station (Subway Lines 4, 6), Exit 12. ကနေ လမ်းလျှောက်သွားရင် ၅ မိနစ် ပဲ ရှိပါတယ်..မြန်မာ သံရုံးနဲ့လည်းနီးပါတယ်.. ဘတ်စ်ကား စီးရင်တော့ NO. 149, 150, 151, 152, 500, 501, 504, 506, 507, 605, 750A, 750B, 751, 752 (Samgakji Station) နဲ့ ပြတိုက်ဝင်ပေါက် ရောက်တဲ့ကားကတော့ NO. 110B, 730, 421 တို့ပဲ ဖြစ်ပါတယ်.. ပိတ်ရက်လေးမို့ သွားရောက်လေ့လာသင့်ပါတယ်.. 63 CITY (한화호텔앤드리조트[서울 63빌딩]) 50, 63-ro, Yeongdeungpo-gu, Seoul 서울특별시 영등포구 63로 50 (여의도동) http://www.63.co.kr/63eng/63Main.html အမြင့် ၂၆၄ မီတာ ရှိတဲ့ ၆၃ လွှာ အဆောက်အအုံဟာ ကိုရီးယားမှာ အမြင့်ဆုံးနဲ့ အမှတ်မိဆုံး အဆောက်အဥိး ဖြစ်မှာပါ.. ဟန်မြစ်ကို ကြည့်ရှုခံစားနိုင်ပြီး ဘူဂုဆန်၊နမ်ဆန် စတဲ့တောင်တွေ ဝန်းရံ ထားတယ်ဆိုပါတယ်..ဆိုးလ် ၆၃ building လို့နာမည်ကြီးတဲ့ ဒီ အဆောက်အဦးမှာ ၆၃ ပင်လယ်ကမ္ဘာ၊၆၃ Imax ရုပ်ရှင်ရုံ၊ ကိုရီးယား အကြီးဆုံးဘူဖေး စားသောက် ဆိုင်ဖြစ်တဲ့ Buffet Pavilion နဲ့ အခြားသော စားသောက်ဆိုင်တွေ ရှိပါတယ်.. 63 Sea World ဟာ ပထမထပ် ၁၆၁၁၉ လက်မ ပါတ်လည် ၊ဒုတိယထပ် ၁၆၇၂၄ လက်မပါတ်လည်၊ တတိယထပ် (နည်းပညာခန်း)၅၅၁၅ လက်မပါတ်လည် အခန်းနဲ့ အခြားသော ကျယ်ဝန်းသော နေရာ တွေမှာ ထူးခြားများပြားလှတဲ့ ရေအောက်သတ္တာဝါ များအမျိုးပေါင်း ၂၀၀၀၀ ကို ပြခန်းတွေ ထားရှိပြီး ပြသထားပါတယ်.. ပင်လယ်ဖျံ ပြပွဲနဲ့ ပင်လယ်ရှုခင်းတွေ ကို တင်ဆက်ပြသပါသေးတယ်..ကြီးကျယ်ခမ်းနားတဲ့ ရေအောက် ထဲကို ရောက်ရှိသလိုခံစားရမှာပါ..နေ့စဉ် မနက် ၁၀ နာရီမှ ည ၁၀ နာရီထိ (၉ ခွဲမှာ ထွက်ပေးရပါတယ်.)ဖွင့်လှစ်ထားပါတယ်.. 63 Sky Deck/Art ပင်လယ်ရေမျက်နှာပြင် အမြင့် ၂၆၄ မီတာ၊ မြေမျက်နှာပြင်မှ အမြင့် ပေ ၂၄၉ မီတာမှာ ရှိတဲ့ ၆၃ sky deck ကို နှစ်စဉ်နှစ်တိုင်း ခရီးသွားများ အများအပြားလာရောက်ပြီး တိမ်တွေအပေါ်မှာ နေရတဲ့ အရသာကို ခံစားကြပါတယ်..တိမ်တွေပေါ်ကနေ ဟန်မြစ်ရဲ့ သံစဉ်တေးသွား ရေစီးသံကို ခံစားကြပါတယ်..ပညာရေးနဲ့ ယဉ်ကျေးမှု အနုပညာသင်ကြားမှုတို့အတွက် ပြပွဲတွေ ပြုလုပ်ကြပါတယ်.. နေ့စဉ် မနက် ၁၀ နာရီမှ ည ၁၀ နာရီထိ (၉ ခွဲမှာ ထွက်ပေးရပါတယ်.)ဖွင့်လှစ်ထားပါတယ်.. 63 IMAX Theater ၁၉၈၅ ဂျူလိုင်လမှာ ထိုင်ခုံပေါင်း ၅၀၄ ခုံနဲ့ ပထမဆုံး ဖွင့်လှစ်ခဲ့တဲ့ Imax ရုပ်ရှင်ရုံဖြစ်ပါတယ်.. အသံအရည်အသွေးကောင်းမွန်ပြီး နိုင်ငံတကာ စံနှုန်းနဲ့ဆောက်ထားတဲံ့ ရုပ်ရှင်ရုံ ၆ လွှာနဲ့ ပုံမှန် ဇာတ်ကား များကို ၁၀ ကြိမ်ထက်မနည်း ပြသနေပါတယ်.... နေ့စဉ် မနက် ၁၀ နာရီမှ ည ၆ ခွဲ အထိ ဖွင့်လှစ်ပြီး တနင်္လာနေ့နဲ့ လစဉ်ပထမပါတ် အင်္ဂါနဲ့ တတိယပါတ် အဂါင်္တို့မှာ ည ၉ နာရီ ၁၀ မိနစ်အထိ ဖွင့်လှစ်ပြသနေပါတယ်.. 63 Wax Museum ဖယောင်းပြခန်းလည်း ရှိပါတယ်.. သွားရောက်လည်ပါတ်ချင်သူများအတွက် Daebang station 대방역 (subway line1), Exit 6 bus no.62 ကိုစီးနိုင်ပါတယ်.. Yeoido station 여의도역 (subway line 5), Exit 5 က St. Mary’s Hospital Platform မှာ bus no.62 ကိုစီးနိုင်ပါတယ်.. Bus ကား နဲ့ သွားချင်သူများက no. 362, 261, 5633, 7611, 5534, 62, 9409 ကားများစီးပြီး 63 Building မှာ ဆင်းနိုင်ပါတယ်.. Namsan Cable Car (남산 케이블카) 83, Sopa-ro, Jung-gu, Seoul 서울특별시 중구 소파로 83 (회현동1가) နမ်ဆန် တောင်နဲ့ အသွားအပြန် ပြေးဆွဲတဲ့ မိုးပျံကား စီးချင်သူများအတွက် ၂၀၀၈ ဒီဇင်ဘာ ၆ ရက်နေ့က စပြီးပြေးဆွဲတဲ့ မိုးပျံကားက ၄၈ ယောက်ပဲစီးနိုင်ပါတယ်..ကားဟောင်းကိုမကြိုက်ကြပါဘူး ကားသစ်မှာတော့ ၄ဘက်၎တန် မှန်များကာထားပြီး စီးနင်းသူများအတွက် ကျယ်ပြန့်တဲ့ ရှုခင်းကိုခံစားစေနိုင်တဲ့အတွက် ကားအသစ်ကို ကြိုက်ကြပါတယ်..လစဉ် လူ အယောက် ၅သောင်းဝန်းကျင်ကေဘယ်ကား ကို စီးကြပါတယ်..မနက်ခင်းမှာ သွားတာအကောင်းဆုံးဖြစ်ပြီး ဆိုးလ် နဲ့ တာဝါရဲ့ နေ့နဲ့ညရဲ့ အလှကိုပါ တစ်နေကုန်ခံစားရရှိစေနိုင်ပါတယ်..အသက် ၁၃ နှစ်နဲ့ အထက်ကို အသွားအပြန် ဝမ် ၈၀၀၀ နဲ့ တစ်ကြောင်းတည်းအတွက် ဝမ် ၆၀၀၀ ယူပါတယ်..အသက် ၁၃ နှစ်အောက်ကိုတော့ အသွားအပြန် ၅၀၀၀ နဲ့ တစ်ကြောင်းတည်းအတွက် ဝမ် ၃၅၀၀ ယူပါတယ်..မြောင်ဒုန်ဘူတာ (Subway Line 4) Exit 3 ကနေ တက္ကစီစီးသွား၇င် ရပါတယ် ကေဘယ်ကားလို့ ပြောလိုက်ပါ..လမ်းလျှောက်ရင်တော့ ၁၀ မိနစ် ကြာပြီး ထွက်ပေါက် ၃ ကနေ Toegye-ro 18-gil အတိုင်း Pacific ဟိုတယ်ထိ လျှောက်ပြီး ဘယ်ဘက် Toegye-ro 20-gil ကို ဝင်ပြီး ညာဘက် ချိုးသွားတဲ့ လမ်းအဆုံးထိ လျှောက်ပါ..လမ်းဆုံးရင်တော့ ကေဘယ်ကားစီးရမယ့် လှေကားအတိုင်းသွားလိုက်ပါ.. N Seoul Tower (N 서울타워) 105, Namsangongwon-gil, Yongsan-gu, Seoul 서울특별시 용산구 남산공원길 105 (용산동2가) ၁၉၈၀ အောက်တိုဘာ၁၅ ရက်နေ့က ဖွင့်လှစ်ခဲ့တဲ့ နမ်တန်တောင်ပေါ်က နမ်ဆန်တာဝါ ဟာဆိုရင် အခုချိန်မှာ ခရီးသွားတွေကို ဆွဲဆောင်နေတဲ့ နေရာတစ်နေရာဖြစ်နေပါပြီ..၂၃၆.၇ မီတာ မြင့်တဲ့ ဒီတာဝါဟာ အမြင့်၂၄၃ မီတာမြင့်တဲ့ နမ်ဆန်တောင်ပေါ်မှာ တည်ရှိတာဖြစ်ပါတယ်..ဆိုးလ်တာဝါဟာ အာရှမှာ အကောင်းဆုံးတာဝါဖြစ်တယ်လို့ ဆိုကြပြီး ဆိုးလ်မြို့ ပါတ်ဝန်းကျင်ကို အပေါ်စီးကနေ ပါနိုရာမစ် ကြည့်နိုင်တဲ့ နေရာ တစ်ခုဖြစ်ပါတယ်..၂၀၀၅ ဒီဇင်ဘာ မှာ ဝမ် ၁၅ ဘီလီယံ အကုန်ကျခံ ပြင်ဆင်ပြီးတဲ့နောက် ဒီတာဝါကို အသစ်ဆိုတဲ့သဘောနဲ့ N Seoul Tower လို့ အမည်မှည့်တွင်ခဲ့ပါတယ်….ပြင်ဆင်ပြီးတဲ့အချိန်ကစပြီး ရောင်စုံမီးတွေနဲ့ လှပနေတဲ့ ညရှုခင်းကို ခံစားရရှိစေပါတယ်.ည ၇နာရီကနေ့ ညသန်းခေါင်ထိ ထွန်းညှိထားတဲ့ မီးရောင်ကို တွေ့မြင်ရမှာပါ..တနင်္ဂနွေကနေ ကြာသပတေးအထိ စားသောက်ဆိုင် အပါအဝင် မနက် ၁၀ နာရီကနေ ည ၁၁နာရီထိ ဖွင့်ပါတယ်.. Teddy Bear ပြတိုက် ကတော့ ည ၁၀ နာရီ အထိပါ..သောကြာနဲ့ စနေနေ့မှာတော့ မနက် ၁၀ နာရီကနေ ည ၁၂ နာရီ ဖွင့်လှစ်ထားပါတယ်.. Teddy Bear ပြတိုက် ကတော့ ည ၁၀ နာရီ အထိပါ..သွားရောက်လိုသူများအတွက် တောင်ပေါ်တက်တဲ့ ဘတ်စ်ကားတွေ ဖြစ်တဲ့ No. 02 Namsan Library/ Hanok Village/ Chungmuro Station (Exit 2, 4)/ Dongguk University Station (Exit 6)/ National Theater No. 03 Seoul Station, Seoul Square/ HoeHyeon Station/ Namsan Tunnel no. 3/ Itaewon Station (Exit 4)/ Yongsan-gu Office( ဆိုးလ်ဘူတာ ရှေ့ မှ တက္ကစီ များစီးသောနေရာ ကို လမ်းဖြတ်ကူးသွားပြီး မျက်နှာချင်းဆိုင်ရှိ အဆောက်အဦအကြီးကြီးရှေ့တွင် ကားဂိတ်ရှိပါသည်) No. 05 Namsan Library/ Namdaemun Market/ Chungmuro Station (Exit 2, 4)/ Hanok Village/ Dongguk University Station (Exit 6)/ National Theater စတာတွေကို စီးနိုင်ပါတယ်.. Everland (에버랜드) 310, Jeondae-ri, Pogok-eup, Cheoin-gu, Yongin-si, Gyeonggi-do 경기 용인시 처인구 포곡읍 전대리 310번지 http://www.everland.com/web/multi/english/everland/main.html ၁၉၇၆ ခုနှစ်မှာ ဖွင့်လှစ်ခဲ့တဲ့ Everland ဟာ ကိုရီးယားနိုင်ငံရဲ့ ပထမဆုံး မိသားစု အပန်းဖြေစခန်းတစ်ခုဖြစ်ပါတယ်..အပိုင်း ၅ ပိုင်းခွဲထားပါတယ်..American Adventure,Magic Land,European Adventure, Zoo Topia နဲ့ Roller Coasters တို့ဖြစ်ပါတယ်..အမျိုးအစား စုံလင်တဲ့ ဒီ နေရာလေးကို လူတိုင်းသွားရောက်ကြပါတယ်..နာမည်ကြီးတဲ့ Caribbean Bay (ပင်လယ်တု)၊ Speedway (ကားပြိုင်ပွဲ)၊ဂေါက်သီးရိုက်ကွင်းတွေလည်း ရှိပါသေးတယ်..တနလာင်္နေ့ ကနေ စနေနေ့အထိ မနက် ၉ နာရီ ခွဲကနေ ည၁၀ နာရီ၊တနင်္ဂနွေနဲ့ အားလပ်ရက်တွေမှာ မနက် ၉ နာရီကနေ ည ၁၀ နာရီထိ ဖွင့်ပါတယ်..အချိန်အပြောင်းအလဲ ရှိနိုင်ပါတယ်..ဝင်ကြေးက တစ်ရက်အတွက် နေ့လည်မှာ လူကြီး ဝမ် ၄၀၀၀၀ လူလတ်ပိုင်း(၁၃-၁၈) ဝမ်၃၄၀၀၀ နဲ့ ကလေးတွေ(၃၆လ-၁၂)က ဝမ် ၃၁၀၀၀ ဖြစ်ပါတယ်..ညအချိန်မှာ လူကြီး ဝမ် ၃၃၀၀၀ ၊လူလတ် ၂၈၀၀၀ နဲ့ ကလေး ၂၅၀၀၀ ပါ.. အထူးလျှော့ဈေးအနေနဲ့ နိုင်ငံခြားသားများအတွက် ကူပွန်ရယူပြီး အဲဗားလန်း အတွက် ဝမ် ၂၂၀၀၀ နဲ့ ကာရေဗီယန်ဘေး အတွက် ဝမ် ၁၅၀၀၀ ကို ဖေဖော်ဝါရီ ၈ ရက် မှ ဖေဖော်ဝါရီ ၁၂ ရက်ထိ ၅ ရက်ကာလမှာ Discount ချထားပါတယ်..ကူပွန်ရယူဖို့ အတွက် လင့် ပေးထားပါတယ်.. http://www.everland.com/web/multi/english/everland/everland_guide/news/1205813_10988.html သွားချင်သူများအတွက်.. Subway + Bus 1) Gangnam Station (Seoul Subway Line 2 or Sinbundang Line), Exit 5 or 10. Take bus 5002 to Everland. (Travel time: 50 min) 2) Gangbyeon Station (Seoul Subway Line 2), Exit 1. Take bus 5800 to Everland. (Travel time: 50 min) 3) Sadang Station (Subway Lines 2, 4), Exit 2 or 3. Take bus 1500-2 to Everland. (Travel time: 80 min). City Bus In Yongin or Suwon, take bus 66 or 66-4 to Everland. From Yongin Bus terminal. Take bus 5002 or 5800 at the bus stop in front of Hotel Cinema. ပျော်ရွှင်တဲ့ ခရီးဖြစ်ကြပါစေ...။ ။

0 ခုလောက် ဝေဖန်ကြည့်ရအောင်:

Post a Comment

Online ပေါ်တွင် ကြော်ငြာများကို ကလစ်နှိပ်၍ ငွေ ရှာ ရန်အတွက် ပုံတွင် ကလစ်နှိပ်၍ မင်ဘာဝင်နိုင်ပါပြီ..

*******************************************************

*******************************************************

*******************************************************

468x60 *******************************************************

*******************************************************

*******************************************************

*******************************************************

*******************************************************

-------------------------------------------------------