အချစ်ဆိုတာ......
ပူလောင်တဲ့ မီးတောက်တစ်ခုလို့..
ငါ ကြားဖူးခဲ့တယ်...
ဒါပေမယ့်..ပူပြင်းလွန်းတဲ့....
မီးတောက်ထဲကို ၀င်တိုးမိတဲ့
ပိုးဖလံ လို....
အချစ်မီးတောက်ထဲ ခုန်ဆင်းဖို့
ငါ နောက်မဆုတ်ခဲ့ မိဘူး..
နောင်တ ဆိုတဲ့...
စကားလုံးလည်း.....ငါ့ရဲ့ အချစ်တစ်ခုတည်းနဲ့
ရိုက်ချိုး ပစ်ခဲ့တယ်...
ဖြူစင် ရိုးသားတဲ့ ကြင်နာမှုတစ်ခုနဲ့..
ယုယမှု ၊ မြတ်နိုးမှုတွေကို
အချစ်အတွက် ပုံအောခဲ့တယ်...
နောက်ဆုံးတော့....
ငါ့ရဲ့ နှလုံးသား အသည်းစိုင်
မီးကျွမ်း လို့ နွမ်းသွား ခဲ့တာပေါ့......။
0 ခုလောက် ဝေဖန်ကြည့်ရအောင်:
Post a Comment