ရွှေမင်းသား မှ လှိုက်လှဲစွာ ကြိုဆိုပါတယ်...

Showing posts with label ၀တ္ထု. Show all posts
Showing posts with label ၀တ္ထု. Show all posts

Saturday, February 14, 2009

ရေမြေခြားတဲ့ ချစ်သူများ..

|0 ခုလောက် ဝေဖန်ကြည့်ရအောင်
ဖေဖော်ဝါရီ ၁၄ ရက် . လူတွေပြောကြတာက ချစ်သူများနေ့တဲ့..ဒီလိုနေ့မျိုးဆို မြန်မာပြည်မှာ နေစဉ်က မျှော်လင့်စောင့်စားခဲ့ ရတဲ့ နေ့လေး တစ်နေ့ပေါ့။...
တိုက်တိုက်ဆိုင်ဆိုင် ကျနော့် ချစ်သူဆိုတဲ့ ကောင်မလေး က အဲဒီနေ့ မှာမွေးဖွားလာတဲ့ အချစ်နတ်သမီး လေးတစ်ပါးပေါ့..သူ့နာမည်က ဗီးနပ်စ် (Venus) တဲ့...။

ကံကြမ္မာ အလှည့်အပြောင်းကြောင့် သံသရာ တစ်ကွေ့မှာ ဆုံတွေ့ရတဲ့ အဖြစ်လို အထိမ်းအမှတ် ပစ္စည်းတွေရောင်းတဲ့ ဆိုင်လေးတစ်ဆိုင် ရှေ့မှာ တွေ့ခဲ့ရတာပေါ့...
မျက်ဝန်းနက်နက်လေးနဲ့ ကော့မှောင်နေတဲ့ မျက်တောင်လေးတွေ ၊ ပါးချိုင့်လေးနဲ့ ပြုံးလိုက်ရင် လှပတဲ့ နှုတ်ခမ်းလေးတွေ၊ ဖြောင့်စင်းနေတဲ့ ဆံကေသာနဲ့ တွေ့လိုက်
ရတဲ့ ခဏတာလေးမှာ ကျနော့်ရင်တွေ လှုတ်ခတ်သွားခဲ့ရတယ်..ဆိုင်လေးထဲမှာ ဟိုဟိုဒီဒီလျှောက်ကြည့်ရင်း ကျနော်လိုချင်တဲ့ အသည်းပုံ ဖယောင်းခွက်လေးကို
လှမ်းကိုင်လိုက်တယ်ဆိုရင်ပဲ နူးညံ့တဲ့ အထိအတွေ့ တစ်ခုကြောင့် တဒင်္ဂ မှင်တက်ခဲ့မိတယ်.....သူ့နှုတ်ခမ်းက ' အို...' ဆိုတဲ့ အသံနဲ့အတူ ပန်းနုရောင်လွှမ်းသွားတဲ့
သူ့မျက်နှာ လေးနဲ့ ဆုံတွေ့လိုက်မိတယ်....ကျနော့်ပါးစပ်က 'Sorry.....'ဆိုတဲ့ စကားလေးတစ်ခွန်း ခုန်ထွက်သွားတယ်......

နောက်တစ်နှစ်အကြာ ၂၀၀၈ ဖေဖော်ဝါရီလထဲမှာ သူ့နဲ့ကျနော် ချစ်သူတွေ ဖြစ်ခဲ့ကြတယ်...(ပိုးပန်းမှုများကို ချန်လှပ်ထားပါသည်..။)ဖူးစာရေးနတ်နှင့် ဖေဖော်ဝါရီ
၁၄ ရက်ကို ကျနော်ကျေးဇူးတင်နေမိပါသည်။သို့သော်..."သမုဒ္ဒရာ ၀မ်းတစ်ထွာ" ဆိုသော စကားနှင့်အညီ ကျနော် ကိုရီးယားနိုင်ငံ သို့ ၂၀၀၉ ဖေဖော်ဝါရီ ၁၄ ရက်
မတိုင်မီထွက်ခွာခဲ့ ရပါသည်..။ကျနော်ချစ်သော မြန်မာပြည် ၊ကျနော်ချစ်သော ကျနော့် ကျေးဇူးရှင် မိဘနှစ်ပါး ၊ကျနော့်ချစ်သူ ..အရာအားလုံးကို စွန့်ခွာပြီး ရေခြား
မြေခြားကို ကျနော်ခြေချခဲ့ရပါသည်။ အင်တာနက် အီးမေးလ်မှတစ်ဆင့် ပြောချင်တာပြောလို့ရပေမယ့် ကျနော့်စိတ်မှာမဖြေသာခဲ့ပါ..တိုင်းတစ်ပါးလူမျိုးတွေကြား
နေထိုင်ရပေမယ့် အမိမြန်မာပြည်ကို အချိန်တိုင်း ၊စက္ကန့်တိုင်း သတိရလွမ်းဆွတ်နေမိပါသည်။ ဒီလို ၁၄ ရက် နေ့မျိုးမှာ ချစ်သူအတွက် Valentine's လက်ဆောင် ၊
မွေးနေ့ လက်ဆောင် ကို ကိုယ်တိုင်ကိုယ်ကျ မပေးနိုင်ခဲ့ပေမယ့် အလွမ်းပြေ ကဗျာလေးတစ်ပုဒ်ကို အီးမေးလ် မှတစ်ဆင့် သူ့ရဲ့ နှလုံးသားဆီသို့ ပို့လိုက်ရပါသည်....။
ကဗျာခေါင်းစဉ်က " ရေမြေခြားတဲ့ ချစ်သူများ" တဲ့...။

ကြာပြီနေဝေး ၊ ရက်တွေဆွေးလို့
ဝေးရပ်တစ်နေရာ ၊ ရောက်နေပြန်လည်း

တမ်းတစိတ်က ၊မင်းဆီမှာမို့

ငါကြိုးစားတာ ၊မင်းအတွက်ပါ........။

မျက်လုံးမှိတ်လို့၊ ညအိပ်တိုင်းလည်း
မင်းအရိပ်တွေပဲ ၊ မြင်နေဆဲမို့
ဘယ်လိုဝေးဝေး ၊စိတ်ချင်းနီးလို့

ကြည်နှုးမိဆဲ ၊ ၀မ်းသာမြဲပါ......။

နှစ်ကိုယ်တူဘ၀ ၊ တည်ဆောက်ဖို့ရာ
ချွေးနည်းစာနဲ့ ၊စုကာဆောင်းလည်း
သူစိမ်းတွေကြား ၊ ထွေပြားစိတ်က
မင်းထံပါးကို ၊အရောက်ပြန်ချင်လည်း
ရည်မှန်းထားရာ ၊ဘ၀ခရီးလမ်းမှာ
တင့်တောင့်တင့်တယ် ၊နေနိုင်စေဖို့
ငါလေ...တိုးလို့ ၊ ကြိုးစားရှာနေဆဲပါ.......။
တစ်နှစ်တစ်ခါ ၊ရောက်လာပြန်တဲ့
ဖေဖော်ဝါရီ ၊ ၁၄ဆီသို့........
စိတ်ကူးမိတိုင်း ၊ကြည်နှုးရွှင်ပျ

မင်းမျက်နှာလည်း ၊မမြင်ရပြန်

တီတီတာတာ ၊ချစ်ခွန်းစကားလည်း
မကြားရပြန် ၊တမ်းတ မှန်းဆကာ
လွမ်းလှ နွမ်းလျမိတော့ ၊
ငါ့ခံစားချက်
မင်းသိဖို့ရာ ၊
ဒီကဗျာလေးသာ
ထုတ်ပိုးသိမ်းဆည်း ၊
မင်းဖတ်ဖို့ရာ
အီးမေးလ်နဲ့သာ၊ပို့လိုက်ရပြီ...... ။ ။ (ရွှေမင်းသား)
ကျနော် ဒီကဗျာရေးနေမိရင်း လွမ်းဆွတ် သတိရစိတ်တွေ မထိမ်းနိုင်ခဲ့တဲ့အတွက် ကျလာတဲ့ မျက်ရည်တွေကို ' ဆိုဂျူ ' နဲ့ရောပြီး သောက်ခွင့် ပြုပါဗျာ..မြန်မာပြည်ကို
အရမ်းလွမ်းတာပဲ...ပြီးတော့ ကျနော့် ချစ်သူ ၊ ဖေဖော်ဝါရီ ၁၄ ရက် ..........။ ။

(ချစ်သူများနေ့တွင် ချစ်သူတိုင်းပျော်ရွှင်နိုင်ကြပါစေ...တိုက်ဆိုင်မှုများ ရှိခဲ့လျှင် ခွင့်လွှတ်ကြပါ....ရေခြားမြေခြား သို့ ရောက်ရှိနေကြသော "ရွှေမြန်မာ"များအတွက်
ရည်ရွယ်၍ အမှတ်တရ ရေးဖွဲ့ သီကုံးထားပါသည်။)

Tuesday, August 28, 2007

အလင်းဖွင့်ချိန် (တာရာမင်းဝေ >>လူနံပါတ် (၁၃) )

|0 ခုလောက် ဝေဖန်ကြည့်ရအောင်
အလင်းဖွင့်ချိန် ၀တ္တု ကို တာရာမင်းဝေ ရေးသားသော လူနံပါတ် (၁၃) မှ ကူးယူထားပါသည်။

-"အေး...ငါက လက်ဖက်နဲ့ကွမ်းယာ တင်ပြီး ခေါ်လို့ ရတဲ့ နတ်တော့ မဟုတ်ဘူး ၊ဒါပေမယ့် မင်းတွေ့ ချင်တဲ့ လောကပါလ နတ်ဆိုတာ ကတော့ ဟုတ်တယ်။ မင်းက ငါ့ကို ဘာကိစ္စ တွေ့ ချင် ရတာလဲ..."
ဒီလိုပါ.. ကျွန်တော်ဟာ လူတွေရဲ့ ခြေထောက်နဲ့ အတူနေ ရပါတယ်..

-"မင်းက ဖိနပ်လား ၊ နံပါတ် ဘယ်လောက် လဲ"
နံပါတ်အရ ဆိုရင်တော့ သုည ဖြစ်ပါလိမ့်မယ် ၊ ဒါပေမယ့် ကျွန်တော်က ဖိနပ် မဟုတ်ပါဘူး

-"ဆံပင်လည်း တစ်မျှင်မှမရှိဘူး..ပြောင်ချောကြီး...ဘာလဲ မင်းက ကတုံးအ, အကြီးလား..က ကြီးကနေ စပြီး တုံး လိုက်တာ အ အထိလား.."
မ.....မဟုတ်ပါဘူး ခင်ဗျာ..

-"၀ိုင်းဝိုင်း လုံးလုံးကြီး ဆိုတော့ ဘာလဲ....မင်းက ဂြိုလ် ကမ္ဘာလုံးလား..."
အိုး..မတွေးကောင်း...မတွေးရာပါခင်ဗျာ...မြေဆွဲအား အကြောင်း ကိုတောင် နားမလည်ပါဘူး
-
"မင်းကိုယ်ပေါ်မှာလည်း အကွက်တွေ အစင်းတွေနဲ့ .....ဘာလဲ မင်းက ကျားသစ်လား....ဒါမှမဟုတ် ခွေ ထားတဲ့ စပါးကြီး မြွေလား.."
ကျွန်တော်သာ အဲဒီလို ကောင်တွေ ဆိုရင် လူတွေက ကျနော့်ကို ခြေထောက် နဲ့ ဘယ်ကန်ရဲပါ့မလဲဗျာ...
-
"လူတွေက မင်းကို ဘာကြောင့် ကန် ကြတာလဲ..မင်းက ဘာလဲ..."
ကျွန်တော် က ဘောလုံး ပါ...
-
"ငါက ရိုနယ်ဒို လည်းမဟုတ်ဘူး....ဒေးဗစ်ဘက်ခမ်းလည်း မဟုတ်ဘူး....ဘောလုံးလည်း မကန်ဘူး ၊အိမ်ကွင်း လည်းမကန်ဘူး ၊ အဝေးကွင်း လည်း လိုက် မကန် ဘူး ၊မင်းလို ဘောလုံးက ငါ့ဆီ ကိုဘာကိစ္စ လာရတာလဲ..."
ဒီလိုပါ ကျွန်တော် က ပွဲတွေမှာ အကန်မခံချင်လို့ပါ....

-"ဘာဖြစ်လို့လဲ..."
သူတို့ ရဲ့ ပြိုင် ပွဲတွေက အရှုံးနဲ့ အနိုင် လုတာတွေ ဖြစ်နေလို့ပါ..

"ပြိုင်ပွဲ ဆိုတာကတော့ ဒီလိုပါပဲ..ဖလားလုမယ်...အလံလုကြရတယ်....အဲဒီအတွက် အရှုံးအနိုင် လုကြရတယ် ဒါပဲပေါ့...သဘာဝပဲလေ...."
ဟုတ်ကဲ့...ကျနော်ကလည်း အဲဒါကို မနှစ်မြို့တာပါ...သူတို့ဘာသာ အရှုံး အနိုင်လုတဲ့ပွဲမှာ ကျနော်က ဓားစာခံ မဖြစ်ချင်လို့ပါ..

"ကဲ..ထားပါတော့...ပြိုင်ပွဲမှာ အကန်မခံ ချင်ရင် မင်းက အခု ဘယ်လို ဖြစ်ချင်တာလဲ.."

ကလေး တစ်ယောက်က ကျနော့် ကို နံရံဆီ ဘုန်းခနဲ ကန်လိုက် ၊ကျနော်က ပြန်ကန်ထွက်လိုက် ၊ သူက ပြန် ကန်လိုက် ၊ ကျနော်က ပြန်ကန်ထွက်လိုက် နံရံကြီးက တဗောင်းဗောင်း လက်ခုပ်တီးလိုက် အဲဒီလိုပဲ..နေချင် ပါတယ်...

"ဘာဖြစ်လို့ပါလိမ့်..."

လူတွေပြော လေ့ရှိကြပါတယ်..နံရံကို ခေါင်းနဲ့ ပြေးပြေးပြီး ဆောင့်တယ်လို့တာပြောတာပြောကြတယ် ၊ တကယ်မလုပ်ကြပါဘူး..ကျနော်က တကယ်လုပ်ပြ ချင်တာပါ...အဲဒီလို လုပ်ပြတဲ့ အတွက်ကြောင့် လည်း သူတစ်ပါးက အပြစ် ကင်းကင်းနဲ့ ပျော်စေချင်လို့ပါ...

"အလာကြီးပါလား...ဘာကိစ္စ ဒီအတွေး ၀င်ရတာလဲ...."

လောကကြီးမှာ လူတွေ မိုးလင်းသလိုပေါ့....ကျနော့် အတွေး အခေါ်တွေ မိုးလင်းလာတာပါ ၊ကျနော့် ကိုယ် ကျနော် နံနက်ခင်း ဆီ ဂိုးသွင်းလိုက်တာပါ...

"အဲဒီတော့...ငါ ဘာလုပ်ပေးရမှာလဲ...."

ကျနော့် စိတ်ဝိညာဉ် ကို မျက်နှာ သစ်ချင်လို့ပါ...အဲဒီအတွက် လောကပါလ နတ်မင်းကြီးဆီမှာ အကူအ ညီ လာတောင်းတာပါ....ရေစင်လေး တစ်ပေါက်လောက်နဲ့ ကျနော့် ကို တောက်ပေးတော်မူပါ......

လောကပါလ နတ်မင်းကြီးက ပြုံး၏ ။ သူ့အပြုံး အောက်မှာ တိမ်တိုက် တို့ကလည်း ၀င်းလဲ့ မှုန်ပြာ သွားကြ လေသည် ။ ။




Monday, August 20, 2007

မိုးရွာနေတဲ့ နေ့လေး တစ်နေ့ (၃)

|0 ခုလောက် ဝေဖန်ကြည့်ရအောင်
သူကြည့်တတ်မယ်ဆို ကျနော့်ရဲ့ မျက်ဝန်းထဲကတစ်ဆင့် ရင်ထဲမှာ ဖြစ်ပေါ်နေတဲ့ အချစ်စိတ် ကို မြင်ရမှာပါပဲ.... ကျနော်ကတော့ သူ့မျက်ဝန်းကို ကြည့်ပေမယ့် ရင်ထဲက သူ့ရဲ့ အချစ်စိတ်ကို ဘယ်လိုမှ ခန့်မှန်း လို့ မရခဲ့ပါဘူး... ဘာ ကြောင့်လဲ ဆိုတော့ ကျနော်က ဘာအချစ် ဒီဂရီ ၊ ဘာအချစ်ဘွဲ့ မှ မရခဲ့တဲ့ အချစ်ပါမောက္ခ မဟုတ်လို့ပါပဲ....သင်က ရော မျက်ဝန်းထဲကတစ်ဆင့် အချစ်ကို ဘယ်လို ဖတ်ရမယ်ဆိုတာ သိပါသလား...?
သူနဲ့ အတူသွား ၊အတူလာ ခဲ့တဲ့ ရက်တွေ မကြာညောင်းသေးပေမယ့် ကျနော့်ရဲ့ သူ့အပေါ်မှာ ထားခဲ့တဲ့ သံယောဇဉ် ကတော့ သူ့ကို လွှမ်းခြုံ ရစ်ပတ်နေမယ် လို့တော့ ယုံကြည်နေမိတယ်....သူနဲ့မတွေ့ရတဲ့ ရက်တွေဟာ (၇)ရက်ဝေး လို့ နှစ်ပေါင်း(၇၀၀) ကြာတယ်ထင်ရတဲ့ ကိန္နရီ ၊ ကိန္နရာ မောင်နှံ ထက်တော့ လျော့မှာ မဟုတ်ပါဘူး....လွမ်းရတဲ့ ညတွေကလည်း တစ်ထောင့် တစ်ည ထက်တောင် များမယ်ထင်ပါတယ်......ရေးတတ် သလိုလျှောက်ရေးနေတာ လို့ သင်ကတော့ ထင်ပါလိမ့်မယ်...ဒါတွေဟာ မုသားမပါ ၊ ရင်ထဲကထွက်ပေါ်လာ တဲ့ ကျနော့် ရဲ့ ခံစားချက်တွေပါ...လွမ်းလွန်းလို့ စိုက်ကြည့်ခဲ့ ရတဲ့ သူ့ ရဲ့ ဓါတ်ပုံ လေးသာ အသက်ရှိခဲ့မယ်ဆို ရင် ခုချိန် မှာ ရှက်နေတော့မယ်....ရင်ထဲမှာရော....သူ့ကိုတွေ့ရင်ရော..... ကျနော်အမြဲ ပြောဖြစ်တဲ့ စကားတစ်ခွန်း ကတော့..

Photo Sharing and Video Hosting at Photobucket

ချစ်တယ်.................ချစ်တယ်.............................ချစ်တယ်....ဆိုတာပါပဲ......


Sunday, August 19, 2007

မိုးရွာနေတဲ့ နေ့ လေးတစ်နေ့ (၂)

|0 ခုလောက် ဝေဖန်ကြည့်ရအောင်
မြင်မြင်ချင်း ချစ်ခဲ့မိတဲ့ ကျနော့်ရဲ့ အဖြစ်ကို အချစ်စစ် အချစ်မှန် မဟုတ်ဘူးလို့ သင်ပြောနိုင်ပါသလား ? ကျနော့်ဘက်က သေချာတာတစ်ခု ကတော့ သူ့ကို " အရမ်း ချစ်တယ် " ဆိုတာပါပဲ..။သင်က အဲဒီလို စဉ်းစားမိ ရင်လည်း စဉ်းစားကြမှာပါပဲ....မုသားလို့ သင်ထင်မြင်မှာပါ..ဒါပေမယ့် ဒါဟာအစစ်အမှန် ပါ.... ရက်တွေ ၊လတွေ ၊ နှစ်တွေ ကြာလာပါမှ အချစ်စစ် အချစ်မှန် ပေါ်လာနိုင်သလို ၁ မိနစ် ၊ ၁ စက္ကန့် ၊ တစ်ဒဂ္ဂင်္ အချိန် လေး အတွင်းမှာ ရင်ထဲက အချစ်တွေ ပွင့်ဖူးလာမယ် တိုတာကိုတော့ ကျနော် ပြောနိုင်ပါတယ်...........
ဘာမိတ်ကပ်မှ ချယ်သမထားတဲ့ သူ့ ရဲ့ အကြော စိမ်းများယှက်နွယ် နေတဲ့ မျက်နှာ ၊ နှုတ်ခမ်းနီ မဆိုးထား လည်းဘဲ လှပနေတဲ့ သူ့ ရြ့နှုတ်ခမ်းလေး ၊ကျောပိုးအိတ်လေးကို လွယ်ပိုးထားတဲ့ သူ့ ရြ့ ဟန်အမူအရာ ၊ ဘယ် လိုပဲ ကြည့်ကြည့် လှပကြော့ရှင်းနေတဲ့ သူ့ ကို ခင်မင် ရင်းနှီး တာထက်ပိုပြီး ရင်ခုန်သွားမိတာ ကျနော် လွန်မလား.....?
အချစ်ကို လူတွေက အမျိုးမျိုး ပြောကြပါတယ်...
ရယူ ပိုင်ဆိုင် ခြင်း...................
ပေးဆပ်ခြင်း..........................
စွန့်လွှတ်ခြင်း.......................
အနစ်နာခံခြင်း..........................
တန်ဖိုးထားခြင်း.......................
နားလည်မှု ၊ ကြင်နာမှု ၊ ရိုးသားမှု ၊ ပွင်းလင်းမှု ၊ စသဖြင့် ပေါ့လေ....သင်ကရော ဘယ်လို ထင်ထားလဲ.....?
လူတွေက ကိုယ့်ကိုကိုယ် အချစ်ဆုံး.....တဲ့ ။ ဒါပေမယ့် သူ့မှာ ကြင်ယာဘက်တော့ ရှိရမှာပေါ့ ၊သူ့ကိုယ်သူ ချစ်နေလိုံလဲ မပြီးသေးဘူးလေ.....ကျနော်တို့ တွေဟာ ပုထုဇဉ် လူသားတွေပါ..အချစ်နဲ့ ကင်းအောင် နေ လို့ မရပါဘူး.......

အချစ်မှာ မျက်စိ မရှိသလို...................
အချစ်ကို ရူးသွပ်ပြီး ချစ်မိပြီ ဆိုရင် အပြစ်တော့ မရှိနိုင်ပါဘူး........နော်....။
လောကကြီးမှာ ကျနော် မကြားချင်ဆုံးသော စကားက " မုန်းတယ် " ဆိုတာကိုပါ..သင်ကရော...........?


Friday, August 17, 2007

မိုးရွာနေတဲ့ နေ့လေးတစ်နေ့ (ကဗျာ)

|0 ခုလောက် ဝေဖန်ကြည့်ရအောင်

မိုးရွာနေတဲ့ နေ့လေးတစ်နေ့
(ကဗျာ)




အချစ်ရဲ့ လှေတစ်စင်း ပေါ်မှာ..

ခရီးသွားနေကြတဲ့ လူ နှစ်ယောက်.....

အာဒံ နဲ့ ဧ၀ တော့မဟုတ်ဘူး..

ဒါပေမယ့် ချစ်တဲ့နေရာမှာ သူတို့ထက် မလျော့နိုင်ဘူး......

ရိုမီယို နဲ့ ဂျူးလိယက် မဟုတ်ဘူး..

ဒါပေမယ့် သူတို့မှာ ချိုမြိန်တဲ့ အနမ်းတွေ ရှိကြတယ်.......

မိုနာလီဇာ က အလှဘုရင်မ တဲ့လား.....

ဟား...ဟား..

ကိုယ့်ချစ်သူက သူ့ထက်တောင် လှသေးတယ်....

ဘယ်သူတွေ ဘာပြောဦး မလဲ......?

သူတို့ ပြောတာတွေထက် ကိုယ့်ချစ်သူက ပိုတယ်ကွာ.....

မိုး က ဖွဲဖွဲလေး ကျလို့ပေါ့.....

အဲဒီနေ့မှာပဲ ကိုယ့်ရင်ထဲက အချစ် တွေ ပွင့်ဖူးခဲ့တာပေါ့....

ဟော...ဟိုမှာ....ပန်းသီးတစ်လုံး......

ရော့......မင်းအတွက်...

ကိုယ့် အချစ် ကို မင်းနားလည်ဖို့......

အရသာ အရှိဆုံး ကော်ဖီ တွေထဲမှာ..........

မင်းမွှေပေးခဲ့ ဖူးတဲ့ Chocolate ကော်ဖီ.............

အရာရာတိုင်း ဟာ ကိုယ့်အတွက်.......

အချိုမြိန်ဆုံး.......

အဲဒီနေ့က " မိုးရွာနေတဲ့ နေ့လေးတစ်နေ့ "
ပေါ့.......။         ။



Online ပေါ်တွင် ကြော်ငြာများကို ကလစ်နှိပ်၍ ငွေ ရှာ ရန်အတွက် ပုံတွင် ကလစ်နှိပ်၍ မင်ဘာဝင်နိုင်ပါပြီ..

*******************************************************

*******************************************************

*******************************************************

468x60 *******************************************************

*******************************************************

*******************************************************

*******************************************************

*******************************************************

-------------------------------------------------------