အမေရဲ့ မြင့်မြတ်တဲ့ နှလုံးသွေးနဲ့ ရေးထိုးခဲ့တဲ့ သားသမီးရဲ့ အနာဂတ်တွေ အမြဲ ချမ်းမြေ့နေမှာပါ…
သေမင်းနဲ့ စစ်ခင်းပြီး အမေ့ရဲ့ ဘဝသစ်လေးကိုတည်ဆောက်ခဲ့တာ အမေ့ရဲ့ ရဲရင့်မှု ၊ခိုင်မာမှု ၊တည်ကြည်မှုတွေပေါ့…လောကရဲ့ အဆိုးဝါးဆုံး လောကဓံ တွေကို ခါးစည်းခံပြီး တည်ငြိမ်စွာနဲ့ ရင်ဆိုင် ဖြေရှင်းခဲ့တယ်..
အမေဟာ..လောကကြီးရဲ့ အမြင့်မြတ်ဆုံးသော မိန်းမတစ်ယောက် ၊မီးဖိုချောင်ထဲက အကောင်းဆုံး အိမ်ရှင်မ၊ သားသမီးတို့ရဲ့ စံပြမိခင် ၊ ဘယ်လိုမှ တားဆီးလို့ မရတဲ့ မေတ္တာတရားတွေနဲ့ ၊ အနှိုင်းမဲ့တဲ့ ရင်ခွင်တွေ
အမေ့ဆီမှာ ပဲရှိပါတယ်..။သားသမီးတွေ ရဲ့ ရင်ထဲမှာတော့ အမေဟာ လုံးဝ အစားထိုးလို့မရတဲ့ နွေးထွေးတဲ့ အကြင်နာ ၊စာနာတဲ့ စိတ်ထား ၊ နူးညံ့တဲ့ အပြုံး၊ ခွင့်လွှတ်တတ်တဲ့ အကြည့်တွေနဲ့ ပြည့်နေတဲ့ အမေလို့
ယုံကြည်ကြပါတယ်…။ ကမ္ဘာပေါ်မှာ ရှိကြတဲ့ အမေတွေ အားလုံးဟာ အမေ့လိုပဲ မေတ္တာတရားတွေ ပြည့်ဝနေမယ်ဆိုတာ သားသမီးတွေ က ခိုင်ခိုင်မာမာ ယုံကြည်ကြပါတယ်..မေလ ၁ဝ ရက်နေ့မှာ တစ်ကမ္ဘာလုံး
ခြုံလွှမ်းသွားမယ့် အမေတို့ရဲ့ မေတ္တာကို သားသမီးတိုင်း မျှော်လင့်နေကြမှာပါ..။ အမေအတွက် ရေးထားတဲ့ ကဗျာ တစ်ပုဒ်ကို အမေ့အတွက် လက်ဆောင် ပေးပါရစေ..။
မြင့်မြတ်တဲ့ မေတ္တာတရား..
နွေးထွေးတဲ့ အကြင်နာ…
နူးညံ့တဲ့ အပြုံး…
အနှိုင်းမဲ့တဲ့ ရင်ခွင်မှာ..
ခိုနားခွင့်ပြုပါ….။ ။
(ရွှေမင်းသား)
Many children go through life without a mom like you
Oh how sad! For they don't know a mom's love as I do
These words I write, I dedicate to you my Mom,so dear
Hold them close within your heart through every passing year
Even when the Lord deems time to call us home,above
Remember nothing separates this child and mother's love
KJ Cochram
0 ခုလောက် ဝေဖန်ကြည့်ရအောင်:
Post a Comment