ရွှေမင်းသား မှ လှိုက်လှဲစွာ ကြိုဆိုပါတယ်...

Saturday, July 05, 2008

မျှော်လင့်သောအကြည့်

ဆို - လေးဖြူ၊ မျိုးကြီး၊ Lလွန်းဝါ၊ တင်ဇာမော်၊ ဆုန်သင်းပါရ်၊ ဇမ်နူး၊ ဂျိုးဂျာ

(တင်ဇာမော်) အကြင်နာ မထားခဲ့ပါ … ကြေကွဲဖို့ကောင်းလိုက်တာ …
လေဖိအားနည်းဖြစ်ပေါ်တဲ့ လေမုန်တိုင်းနောက်ကွယ်မှာ ….
(ဇမ်နူး) ပျက်သုန်းဖို့ စတင်တာလို့ … အဆိပ်သင့် မျက်ရည်ရွှဲစို …
လတ်လတ်ဆက်ဆက် အနိဌာရုံ …
(တင်ဇာမော်) ခေါင်မိုးများ လွင့်ထွက်ကာ … သစ်ကိုင်းကြီးများကျိုးကျ …
ဒီရေလှိုင်းများ လိုက်ပါတော့ သူမြင်ရာအမိအရဆွဲခေါ်သွား
(ဆုန်သင်းပါရ်) ရှောင်ပြေးဖို့ မဖြစ်နိုင်တာမို့ ဆိတ်သုန်းမဲ့ ၀ိညာဉ်များစွာ သေခြင်းနဲ့ မျောပါသွား

CHO:
(မျိုးကြီး) နွေတိမ်တိုက်တို့ပြိုလဲ ရက်စက်လွန်းတဲ့ မုန်တိုင်းရယ်
ပူဆွေးသောကပင်လယ် လောင်မြိုက်သော မီးထက်ပူတယ်
အကုန်ခေါ်သွားတော့တာပဲ .. မျက်ရည်များသာကျန်ခဲ့တယ်
တကယ်ကြမ်းတမ်းလွန်းပါတယ် ဆုံးရှုံးခြင်းတွေသာ ကျန်နေခဲ့

(Lလွန်းဝါ) မြင်ကွင်းက ထိတ်လန့်စရာ သွေးပျက်လွန်းလို့ပါ
နိတ္ထိ ကွင်းပြင်ထဲ ဟိုဒီ အပြေးအလွှား အသက်လုရင်း
ဘယ်လို ရုန်းထွက် ပုန်းရှောင်မလဲ
အိပ်မက်ထက်ပိုတဲ့ အဖြစ်ဆိုး … သက်ပြင်းချအားတွေငယ် …

CHO:
(လေးဖြူ) ဒဏ်ရာမျက်ဝန်းက မျက်ရည်ဝဲ .. ကမ်းလက်များကိုမျှော်လင့်မယ်
အကူဖေးမခဲ့ပါကွယ် ဒါဟာ အလင်းတစ်စက်ဖြစ်နိုင်တယ်
ဘယ်လိုရှေ့ဆက်လို့ရမှာလဲ .. သူ့ရဲ့ အသိုက်ငုံကြေမွခဲ့
သဘာဝရဲ့ ဘေးအန္တရာယ် ခါးသီးခြင်းတွေသာ ကျန်နေခဲ့

(Group) အားပေးစကားလေး တစ်ခွန်းဆိုလဲ .. ဒါဟာ သူ့ဘ၀တွက် မျှော်လင့်ချက်ပါ
နှစ်သိမ့်မှု တစ်စုံတစ်ရာသည်လဲ ဒါဟာ သူ့အတွက်တော့ အားဆေးတစ်ခွက်စာ
ဒီအချိန်မှာ မျက်ကွယ်မပြုပါနဲ့ မျှော်နေမယ် မင်းရဲ့ ကမ်းလက်ကိုတူဆွဲ
မနက်ဖြန်များကို ယူဆောင်နှင်းသွားနိုင်မယ် ….

CHO:
(မျိုးကြီး) ဒဏ်ရာ မျက်ဝန်းက မျက်ရည်ဝဲ .. ကမ်းလက်များကိုမျှော်လင့်မယ်
အကူဖေးမခဲ့ပါကွယ် ဒါဟာ အလင်းတစ်စက်ဖြစ်နိုင်တယ်
အကုန်ခေါ်သွားတော့တာပဲ .. မျက်ရည်များသာချန်ရစ်ခဲ့
တကယ်ကြမ်းတမ်းလွန်းပါတယ် ဆုံးရှုံးခြင်းတွေသာ ကျန်နေခဲ့

(Group) မနက်ခင်းများစွာ … ထွန်းငြိတေးဆိုသား .. နက်ရှိုင်းသော အဓိပ္ပာယ်နဲ့
အတူတူတွဲလို့ ဆွဲထူစို့ မထားခဲ့လိုက်ပါနဲ့ အားပေးအပြုံးတွေနဲ့လေ …
မျှော်လင့်သော အကြည့်တွေအတွက် …
မျှော်လင့်သော အကြည့်တွေအတွက် …

သီချင်းကိုတော့ီးမှာ ရယူနိုင်ပါတယ်။

1 ခုလောက် ဝေဖန်ကြည့်ရအောင်:

  • Anonymous says:
    November 28, 2009 at 2:15 AM

    Hello. And Bye.

Post a Comment

Online ပေါ်တွင် ကြော်ငြာများကို ကလစ်နှိပ်၍ ငွေ ရှာ ရန်အတွက် ပုံတွင် ကလစ်နှိပ်၍ မင်ဘာဝင်နိုင်ပါပြီ..

*******************************************************

*******************************************************

*******************************************************

468x60 *******************************************************

*******************************************************

*******************************************************

*******************************************************

*******************************************************

-------------------------------------------------------